အဖွဲ့ဝင်ကြေး ရှိပါသလား။

City Rewards အစီအစဉ်မှာ ဒေါင်းလုတ်ဆွဲခြင်း၊ အကောင့်ဖွင့်ခြင်းနှင့် အသုံးပြုခြင်းများအတွက် အခမဲ့ဖြစ်သော်လည်း အကျိုးခံစားခွင့်များစတင်အသုံးပြုနိုင်ရန်အတွက် ကတ်ဖြတ်ခြင်း သို့မဟုတ် App သုံးစွဲခြင်းဖြင့် ရက် ၃၀ အတွင်း ကျပ် သုံးသောင်းဖိုးအထိ ဈေးဝယ်ခြင်းပြုလုပ်ရပါမယ်။ App မှာ အခမဲ့ဖြစ်သော်လည်း ကတ်ဖြင့်သုံးစွဲလိုပါက ကတ်ဖိုး ၃၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ ကတ်ကို City Mart Holding Company ၏ အရောင်းဆိုင်များ၏ Customer service ကောင်တာတွင် ထုတ်ယူနိုင်ပါတယ်။