အမှတ်တွေကို ငွေသားနဲ့ လဲလို့မရနိုင်သော်လည်း နောက်အခေါက် ဈေးဝယ်တဲ့အခါ ငွေသားအစားပေးချေနိုင်ပါတယ်။ ဥပမာ- အမှတ် ၁၀၀ ပြည့်တိုင်း ကျပ်ငွေတစ်ရာပေးဖို့ သုံးနိုင်ပါတယ်။
ငွေချေတုန်းက City Rewards ပြဖို့ မေ့သွားလို့ပါ။ အဲ့ဒီအတွက်ရော အမှတ်ရနိုင်သေးလား။
အမှတ်ရရှိဖို့ ငွေရှင်းတဲ့အချိန်မှာ အမြဲ City Rewards App သို့မဟုတ် ကတ် မဖြစ်မနေပြသရပါမယ်။ ငွေရှင်းပြီးသွားချိန်မှာတော့ အမှတ်ပေးလို့မရတော့ပါဘူး။
ပရိုမိုးရှင်းတွေကို ဘာလို့သုံးလို့မရတာလဲ။
ပရိုမိုးရှင်းရဲ့သက်တမ်းကို စစ်ပေးပါ။ သက်တမ်းကုန်သွားတဲ့ ပရိုမိုးရှင်းတွေကို သုံးလို့မရတော့ပါဘူး။ အကယ်၍ သက်တမ်းရှိရဲ့သားနဲ့ သုံးလို့မရတာဆိုရင် ကျေးဇူးပြုပြီး App မှတဆင့် Customer Care ကို ဆက်သွယ်ပေးပါ။
City Rewards နဲ့ ဆို Discount တွေ ရမှာလား။
City Rewards App မှာပြသထားတဲ့ ကမ်းလှမ်းချက်များနှင့် ပရိုမိုးရှင်းများဟာ ရောင်းချသည့်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ပေါ်တွင်မူတည်ပါတယ်။ တစ်ခါတလေ အထူးဈေးနှုန်းဖြစ်နိုင်သလို၊ တစ်ခါတလေ အထူးလျှော့ဈေးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် City Rewards မှတဆင့် discount ရနိုင်ပါတယ်။
ဘာလို့ City Rewards အကောင့်မှာ တခြားသူတွေနဲ့ ပရိုမိုရှင်းအတူတူမရတာလဲ။
City Rewards ရဲ့ ပရိုမိုးရှင်းတွေကို သုံးစွဲသူ၏ဝယ်ယူမှုပုံစံပေါ်မူတည်ပြီး သီးသန့်ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ သုံးစွဲသူတစ်ဦးချင်းစီ၏လိုအပ်ချက်နှင့်ကိုက်ညီသည့် ကမ်းလှမ်းချက်များကို ပေးနိုင်ဖို့ ပရိုမိုရှင်းများကို တစ်ဦးနှင့်တစ်ဦးမတူညီအောင် သီးသန့်ပြုလုပ်ပေးထားပါတယ်။ အကောင့်ကို ပိုပိုသုံးခြင်းဖြင့် ထူးခြားသောကမ်းလှမ်းချက်များကို ပိုပို ရရှိနိုင်မှာဖြစ်ပါတယ်။”
Seasons bakery မှာရော City Rewards အကောင့်ကို သုံးပြီး အမှတ်ယူလို့ရမလား။
ရပါတယ်။ City Rewards App ကို မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ City Mart Supermarkets၊ Ocean Supercenters၊ marketplace by City Mart၊ City Care Health and Beauty stores၊ Mini City Mart၊ Seasons Bakery & Cafés၊ City Baby Club stores၊ City Books and Music၊ Safari Bookstores၊ City Kids Zone၊ Latt Sone Food Court၊ Gong Cha Myanmar နဲ့ LockNLock ဆိုင်တွေမှာ သုံးလို့ရပါတယ်။
ကတ်ကို အိမ်မှာမေ့ကျန်ခဲ့တယ်။ အမှတ်ရဖို့ ဘာလုပ်ရမလဲ။
City Rewards ကတ်ကို အိမ်မှာကျန်ခဲ့ပြီး App လည်းမရှိဘူးဆိုရင် ငွေရှင်းကောင်တာမှာ ဖုန်းနံပါတ် သို့မဟုတ် မှတ်ပုံတင်နံပါတ်/ နိုင်ငံကူးလက်မှတ်နံပါတ်ကို ပြောပြပြီး အမှတ်ရယူနိုင်ပါတယ်။ သို့သော် ကတ် သို့မဟုတ် App မရှိဘဲ အမှတ်များကို သုံးစွဲလို့မရပါဘူး။ ဤလုပ်ဆောင်ချက်ကို ငွေမရှင်းခင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ City Rewards App ကို ဒေါင်းလုတ်ဆွဲပြီး အကောင့်ဖွင့်ကာ ကတ်များကို ပေါင်းထည့်ထားရမှာပါ။ ဒီလုပ်ဆောင်ချက်ကြောင့် ဖုန်းထဲမှာ App ရှိနေပြီး ကတ်ကို သယ်စရာမလိုတော့ဘဲ ခလုတ်တစ်ချက်လေးနှိပ်လိုက်ရုံနဲ့ ဆုလက်ဆောင်တွေ၊ ငွေပေးချေမှုစနစ်တွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ဆုလက်ဆောင်တွေက ဘယ်အချိန်အထိ အကျုံးဝင်ပါသလဲ။
City Rewards အကောင့်ကနေ ရရှိမယ့် ဆုလက်ဆောင်တွေမှာ ရောင်းချသူဘက်က သတ်မှတ်ထားတဲ့ သက်တမ်းနဲ့ စည်းမျဉ်းစည်းကမ်းတွေပါဝင်ပါတယ်။ အသေးစိတ်သိရှိဖို့ ဖော်ပြချက်များကို စစ်ဆေးပါ။ ဆုလက်ဆောင်များတစ်ခုနှင့်တစ်ခု ကွဲပြားခြားနားချက်ရှိနိုင်ပါတယ်။
တကယ်လို့အကောင့်ထဲ အမှတ်တွေမရောက်လာဘူးဆို ဘယ်လိုလုပ်မလဲ။
တကယ်လို့ အကောင့်ထဲ အမှတ်တွေ မရောက်လာဘူးဆို ၀၉ ၇၇၇ ၃၉၅ ၈၈၈ ကို ဆက်သွယ်ပြီး ကိုယ်ဈေးဝယ်ခဲ့တဲ့ အချက်အသေးစိတ် (နေ့ရက်၊ အချိန်၊ ဝယ်ယူခဲ့သည့်နေရာ၊ ဝယ်ယူခဲ့တဲ့တန်ဖိုး) နဲ့ ဘောက်ချာနံပါတ်ကို ပြောပြပေးပါ။ အမြန်ဆုံးကူညီပေးနိုင်ဖို့ လုပ်ဆောင်ပါ့မယ်။
ဈေးဝယ်ပြီး ငွေကိုင်က အမှတ်ထည့်ပေးပေမယ့် အမှတ်မရလို့ပါ။
အနီးဆုံး Customer Service ကောင်တာ သို့မဟုတ် City Rewards Customer ဌာနသို့ ဖုန်းနံပါတ် ၀၉ ၇၇၇ ၃၉၅ ၈၈၈ ဖြင့် ဆက်သွယ်ပေးပါ။ ဒီလိုမဆက်သွယ်မီ ဝယ်ယူလိုက်သောကုန်ပစ္စည်း၏ အကျုံးဝင်မှုနှင့် အင်တာနက်နှင့် ချိတ်ဆက်မှုရှိမရှိ ပြန်လည်စစ်ဆေးပေးပါ။
ကိုယ့်အမှတ်နဲ့ တခြားသူရဲ့အမှတ်ကို ပေါင်းပြီး ငွေချေလို့ရလား။
အမှတ်တွေကို ပေါင်းပြီး ငွေချေလို့မရပါဘူး။ မိမိ၏အမှတ်မှာ မိမိတစ်ဦးတည်းအတွက်ဖြစ်ပါသည်။
အမှတ် ၁ မှတ်ရဖို့ ဘယ်နှစ်ကျပ်သုံးရမလဲ။
သတ်မှတ်ထားတဲ့ဆိုင်တွေမှာ ကျပ် ၂၀၀ ဖိုး (ကုန်သွယ်လုပ်ငန်းခွန်ပါပြီး) သုံးပြီးတိုင်း ၁ မှတ်ရရှိမှာဖြစ်ပါတယ်။
ကိုယ့် အကောင့်မှာ အမှတ်ဝင်ဖို့ ဘယ်လောက်ကြာမှာလဲ။
ငွေပေးချေပြီး မိနစ်အနည်းငယ်အကြာမှာ အမှတ်များနဲ့ လက်ကျန်ငွေပမာဏများ စာရင်းအသစ်ဖြစ်သွားပါလိမ့်မယ်။ အကယ်၍ ကြန့်ကြာမှုရှိပါက အင်တာနက်ချိတ်ဆက်မှု၊ App Store မှ App အတွက် Update နှင့် ဖုန်းတွင်းပြဿနာရှိမရှိ စစ်ဆေးပေးပါ။ စစ်ဆေးပြီးတဲ့အထိ အမှတ်မဝင်သေးပါက City Mart Customer Service ကောင်တာသို့ လျင်မြန်စွာဆက်သွယ်ပေးပါ။
ဘာမှလည်း မဝယ်ဘဲ အမှတ်တွေ နုတ်သွားတယ်။ ဘယ်လိုဖြစ်တာလဲ။
App ထဲမှာ History ကို ပြန်စစ်ကြည့်ပါ သို့မဟုတ် Customer Care ဌာနဖုန်းနံပါတ် ၀၉ ၇၇၇ ၃၉၅ ၈၈၈ ကို ဆက်သွယ်ပေးပါ။ အမှတ်များအားလုံး ရရှိချိန်မှ တစ်နှစ်ပြည့်ချိန်တွင် သက်တမ်းကုန်မှာကို သတိပြုပေးပါ။ သင့်အမှတ်တွေ သက်တမ်းကုန်သွားလို့လည်း ဖြစ်နိုင်ပါတယ်။
ကိုယ်ရထားတဲ့ အမှတ်တွေကို ကိုယ့်သူငယ်ချင်းကိုပေးလို့ရလား။ ရတယ်ဆိုရင် ဘယ်လိုလုပ်လို့ရမလဲ။
မိမိ ရရှိထားသော City rewards အမှတ်များကို တခြားသူအား လွှဲပြောင်းပေးလို့မရပေမယ့် City Rewards Cash Wallet ထဲတွင် ဖြည့်သွင်းထားသော ပိုက်ဆံကို မိမိ၏ အဆက်အသွယ်စာရင်းထဲမှ သူငယ်ချင်းကို App ထဲမှ GIft section ဖြင့် လက်ဆောင်ပေးနိုင်ပါသည်။ အခုလောလောဆယ် ဒါကတော့ In-App လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။
သုံးပြီးသားအမှတ်များအတွက် ပြန်အမ်းငွေကို ရနိုင်မလား။
ငွေသားနှင့် ပေးချေထားသော ဈေးဝယ်ယူမှုအတွက် တန်ဖိုးတူညီသောအစားထိုးပစ္စည်းနှင့် လဲလှယ်ရယူနိုင်သော်လည်း ငွေသားပြန်အမ်းပေးမည်မဟုတ်ပါ။ သို့သော်လည်း အမှတ်နှင့် ဝယ်ယူထားသော ပစ္စည်းများကို ပြန်လဲပေးလို့မရပါဘူး။ City Rewards အမှတ်နှင့် ဝယ်ယူထားသောပစ္စည်းအတွက် ပြန်အမ်းငွေတောင်းခံပါက ပထမနည်းလမ်းသို့ပြောင်းပြီး တန်ဖိုးညီသော အစားထိုးပစ္စည်းကို ရရှိနိုင်ပါတယ်။ ဤကဲ့သို့ကိစ္စဖြစ်ပွားပါက Customer Service ကောင်တာသို့ ဆက်သွယ်ပေးပါ။
အမှတ်များကို ဘယ်အချိန်အထိသုံးလို့ရပါသလဲ။
အမှတ်များကို ရရှိသောနေ့မှစပြီး ၁ နှစ်အကြာအထိ သုံးလို့ရပါတယ်။
အမှတ်များကို ဘယ်လို သုံးသွားမှာလဲ။
အကျုံးဝင်သော ပစ္စည်းများဝယ်ယူတဲ့အခါ ကောင်တာမှာ ငွေကိုင်အား City Rewards App သို့မဟုတ် ကတ်ကို ပြသပေးပါက သုံးစွဲနိုင်သော အမှတ်များနှင့် ဆုလက်ဆောင်များကို အလိုအလျောက်နုတ်သွားမှာဖြစ်ပါတယ်။
အရင်က ဝယ်ခဲ့သောကုန်ပစ္စည်းများ၏ ဘောက်ချာရှိသေးပါက ထိုအတွက်ရော အမှတ်ရနိုင်သေးပါသလား။
စိတ်မကောင်းပါဘူး။ City Rewards အစီအစဉ်မသုံးခင် အရင်က ဝယ်ခဲ့သော ကုန်ပစ္စည်းများအတွက် အမှတ်များမရရှိနိုင်ပါဘူး။ ဒါ့အပြင် ဈေးဝယ်ယူမှုစာရင်းကို ငွေရှင်းပြီးပါက City rewards App သို့မဟုတ် ကတ်ထဲသို့ အမှတ်များကို ပေါင်းထည့်ပေးလို့မရနိုင်ပါဘူး။ ဒါကြောင့် ငွေမရှင်းခင် ငွေကိုင်အား မိမိ၏ City Rewards အကောင့်ကို ပြသဖို့အထူး တိုက်တွန်းချင်ပါတယ်။
အမှတ်တွေကို ဘယ်လိုသုံးလို့ရလဲ။
အမှတ်များကို City Mart Holdings ရဲ့ channels တွေဖြစ်တဲ့ City Mart Supermarkets, Ocean Supercenters, Marketplace by City Mart, City Care Health and Beauty stores, Seasons bakery Café နှင့် အခြား အကျုံးဝင်သောဆိုင်များမှာ ဈေးဝယ်တဲ့အခါ သုံးစွဲနိုင်ပါတယ်။ အမှတ်များကို အမှတ် ၁၀၀ ရပြီးတိုင်း သုံးစွဲနိုင်ပါတယ်။ ကျွန်ုပ်တို့၏ ၁ မှတ်= ၁ကျပ်နှုန်းဖြင့် ဥပမာ- အမှတ် ၁၀၀ ကို ငွေကျပ် ၁၀၀ အစား ပေးချေအသုံးပြုနိုင်ပါတယ်။
အမှတ်တွေကို ရယူတဲ့အခါ ကန့်သတ်ချက်များရှိပါသလား။
အကျုံးမဝင်သောကုန်ပစ္စည်းအချို့၊ City Gift ကတ်များ၊ Gift Voucher များ၊ ပရိုမိုးရှင်းချထားသောပစ္စည်းများ၊ ဝိုင်နှင့် ယမကာ၊ ဖုန်းငွေဖြည့်ကတ် နှင့် အခြားကုန်ပစ္စည်းများကို ဝယ်ယူသည့်အခါ City Mart Holdings Ltd. ရဲ့ ဆုံးဖြတ်ချက်အရ အမှတ်မရရှိအောင် ကန့်သတ်ထားနိုင်ပါတယ်။ ဤကဲ့သို့ ကန့်သတ်ထားသော ကုန်ပစ္စည်းစာရင်းအသစ်အတွက် cityrewards.com.mm/non-qualifying-products/ ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။