City Rewards ကို မသုံးတော့ဘူးဆို ဘာဖြစ်မလဲ။

City Rewards ကို ဆက်လက်အသုံးမပြုတော့ပါက အကောင့်ကိုပယ်ဖျက်မှာဖြစ်ပြီး အသုံးမပြုရသေးသောအမှတ်များအားလုံးဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အကယ်၍ အကောင့်ထဲရှိ အမှတ်များကို အသုံးပြုချင်ပါက အကောင့်မပယ်ဖျက်ခင် အသုံးပြုပေးဖို့ အကြံပေးအပ်ပါတယ်။

City Rewards အစီအစဉ်ကို မသုံးချင်တော့ရင် ဘယ်လိုလုပ်ရမလဲ။

City Rewards အစီအစဉ်ကို သင့်အတွက် ရေရှည် အသုံးပြုနိုင်ပြီး ပျော်ရွှင်စေအောင် ရည်မှန်းထားသော်လည်း City Rewards အစီအစဉ်ကို ဆက်လက်အသုံးမပြုချင်တော့ပါက အချိန်မရွေး အကောင့်ကို ပယ်ဖျက်နိုင်ပါတယ်။ City rewards Customer care ဌာန ဖုန်းနံပါတ် ၀၉ ၇၇၇ ၃၉၅ ၈၈၈ ကို ဆက်သွယ်နိုင်ပါတယ်။

City Rewards အကျိုးခံစားခွင့်တွေရအောင် ဘာလုပ်ရမလဲ။

City Rewards အကျိုးခံစားခွင့်များရရှိဖို့ အကောင့်ဖွင့်ပြီးနောက် အကောင့်ကို အသက်သွင်းရပါမယ်။ ရက် ၃၀ အတွင်း အကျုံးဝင်သောဆိုင်များတွင် အနည်းဆုံး ကျပ် သုံးသောင်းဖိုးဝယ်ယူပြီး ဝယ်ယူချိန်မှာ မိမိ၏ City Rewards App ကို မပျက်မကွက် ပြသရပါမယ်။ ဂရုပြုရမယ့်အချက်မှာ ဝယ်ယူထားသောစာရင်းကို ဘောက်ချာထုတ်ပြီးသွားလျှင် City Rewards ၏ အမှတ်စာရင်းတွင် ပေါင်းထည့်လို့မရတော့ပါဘူး။ ဒါကြောင့် ငွေမရှင်းခင် City Rewards App ကို တစ်ပါတည်းပြသဖို့ တိုက်တွန်းချင်ပြီး ထိုသို့ပြုလုပ်မှလည်း ကျွန်ုပ်တို့၏ ဝန်ထမ်းများမှ သင့်ရဲ့ ပြောင်းလဲသွားတဲ့ City Rewards လက်ကျန်ငွေစာရင်းကို ပြုပြင်ပေးနိုင်မှာ ဖြစ်ပါတယ်။

အဖွဲ့ဝင်ကြေး ရှိပါသလား။

City Rewards အစီအစဉ်မှာ ဒေါင်းလုတ်ဆွဲခြင်း၊ အကောင့်ဖွင့်ခြင်းနှင့် အသုံးပြုခြင်းများအတွက် အခမဲ့ဖြစ်သော်လည်း အကျိုးခံစားခွင့်များစတင်အသုံးပြုနိုင်ရန်အတွက် ကတ်ဖြတ်ခြင်း သို့မဟုတ် App သုံးစွဲခြင်းဖြင့် ရက် ၃၀ အတွင်း ကျပ် သုံးသောင်းဖိုးအထိ ဈေးဝယ်ခြင်းပြုလုပ်ရပါမယ်။ App မှာ အခမဲ့ဖြစ်သော်လည်း ကတ်ဖြင့်သုံးစွဲလိုပါက ကတ်ဖိုး ၃၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ ကတ်ကို City Mart Holding Company ၏ အရောင်းဆိုင်များ၏ Customer service ကောင်တာတွင် ထုတ်ယူနိုင်ပါတယ်။