Appstore ကနေ App ကို အခမဲ့ ဒေါင်းလုတ်ဆွဲတာပဲဖြစ်ဖြစ် Customer Service ကောင်တာကနေ ကတ်ကို မှတ်ပုံတင်နံပါတ်/ နိုင်ငံကူးလက်မှတ်နံပါတ်နဲ့ ငွေကျပ် ၃၀၀၀ ပေးပြီးပဲဖြစ်ဖြစ် ရယူနိုင်ပါတယ်။ ဒါပေမယ့် အသက် ၁၆နှစ်နဲ့ အထက်ဖြစ်ဖို့လိုအပ်ပါတယ်။
မြန်မာနိုင်ငံသားမဟုတ်ရင်လည်း City Rewards ကတ် လျှောက်ထားလို့ရလား။
လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားလိုသူရဲ့ နိုင်ငံကူးလက်မှတ်နံပါတ်နဲ့ မြန်မာနိုင်ငံတွင်းသုံး ဖုန်းနံပါတ်ကို ပေးရုံနဲ့ လွယ်လွယ်ကူကူ လျှောက်ထားနိုင်ပါတယ်။
ဘာလို့ စာရင်းသွင်းတဲ့အခါ နိုင်ငံသားကတ်နံပါတ်/ နိုင်ငံကူးလက်မှတ်နံပါတ် နဲ့ မိုဘိုင်းဖုန်းနံပါတ်တောင်းတာလဲ။
လူကြီးမင်းတို့ရဲ့ အကောင့် စိတ်ချလုံခြုံမှုရှိဖို့အတွက် ဒီလို အထောက်အထားပြ စာရွက်စာတမ်းတွေ တောင်းရခြင်းဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေပေးခြင်းအားဖြင့် အကယ်၍ Password သို့မဟုတ် PIN ကို မေ့သွားလို့ အသစ်ပြန်လုပ်ရသည်ဖြစ်စေ၊ ဖုန်း သို့မဟုတ် City Rewards ကတ်ပျောက်သွားတဲ့အခါ ကိုယ့်အကောင့်ကို လော့ခ်ချဖို့ဖြစ်စေ ကူညီပေးလို့ရပါတယ်။ မိုဘိုင်းဖုန်းနံပါတ်နဲ့ဆို App login လုပ်ရတာ ပိုလွယ်ကူသလို အထူးသတင်းတွေ၊ ပရိုမိုးရှင်းတွေပို့ပေးလို့ရပါတယ်။
City Gift ရဲ့ လက်ကျန်ငွေက သက်တမ်းကုန်မှာလား။
City Gift ကတ်ကို City Rewards အကောင့်နဲ့ App ကတစ်ဆင့် ချိတ်ပြီးသွားရင် သက်တမ်းကုန်တော့မှာ မဟုတ်ပါဘူး။
ဆုံးပါးသွားတဲ့မိသားစုဝင်ရဲ့ အမှတ်တွေမဆုံးသွားအောင် အမည်ပေါက်ပြောင်းလို့ရမလား။
မရပါဘူး။ ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်ရေးအက်ဥပဒေအရ ပိုင်ရှင်ရဲ့ သဘောတူညီမှုမပါရှိဘဲ ကတ်ထဲက အချက်အလက်များ ပြင်ဆင်ခွင့်မရှိပါဘူး။ ကတ်ထဲက အမှတ်တွေကိုတော့ လက်ရှိအသုုံးပြုနေတဲ့ကတ် သို့မဟုတ် ကတ်အသစ်ထဲသို့လွှဲပြောင်းပေးလို့ရပါတယ်။ သို့သော် ဒီလျောက်ထားချက်ကို စာနဲ့ရေးပြီးတင်ပြရပါမယ်။ ကတ်ပိုင်ရှင်ရဲ့ သေဆုံးကြောင်းမှတ်တမ်း မိတ္တူနဲ့တကွ Customer Service ကောင်တာတွင် လျောက်ထားနိုင်သည်။ သို့မဟုတ် အီးမေးလ်ဖြင့် ပို့ပါက cityrewards@cmhl.com.mm သို့ပို့နိုင်ပါသည်။
မရည်ရွယ်ဘဲ ငွေလွှဲလိုက်မိတယ်။ ဘာလုပ်ရမလဲ။
ကျေးဇူးပြုပြီး ၀၉ ၇၇၇ ၃၉၅ ၈၈၈ ကို ဆက်သွယ်ပေးပါ။ စိတ်မကောင်းပါဘူး။ လွှဲပြီးသားငွေတော့ ပြန်ရတော့မှာ မဟုတ်ပါဘူး။
City Rewards အကောင့်ကို ဘယ်လို ငွေသွင်းရလဲ။
Customer service ကောင်တာတွေမှာ လွယ်ကူစွာ ငွေဖြည့်နိုင်ပါတယ်။
ဈေးဝယ်ထားတာ ရှင်းတဲ့အခါ ဘာလို့ PIN နံပါတ် လိုအပ်တာလဲ။
အကောင့်လုံခြုံဖို့အတွက်နဲ့ မိမိအမှတ်နဲ့ လက်ကျန်ငွေတွေ တစ်ယောက်တည်းသီးသန့် သုံးနိုင်ဖို့ဖြစ်ပါတယ်။ တခြားသူတွေ မိမိရဲ့ ခွင့်ပြုချက်မပါဘဲ သုံးလို့မရနိုင်ပါဘူး။
သူငယ်ချင်းဆီငွေလွှဲလိုက်ပေမယ့် ငွေမရဘူးလို့ပြောတယ်။
အချက်အလက်တွေမှန်လားကြည့်ပေးပါ။ အင်တာနက်ကြောင့် ကြန့်ကြာမှုဖြစ်တတ်လို့ အချိန်ခဏစောင့်ပေးပါ။ ၂၄နာရီနောက်ပိုင်း ငွေမဝင်သေးရင် ၀၉ ၇၇၇ ၃၉၅ ၈၈၈ ကို ဆက်သွယ်ပေးပါ။
ဈေးဝယ်ထားတဲ့ပမာဏက လက်ကျန်ငွေထက်များသွားရင် ဘာလုပ်ရမလဲ။
လက်ကျန်ငွေထက်များပြီး ဈေးဝယ်မိရင် လိုအပ်တာကို ငွေသားနဲ့ပေးချေလို့ရပါတယ်။
City Rewards ကနေ ငွေဘယ်လို လွှဲလို့ရလဲ။
City Rewards Wallet လုပ်ဆောင်ချက်နဲ့ ငွေလွှဲလို့ရမှာ ဖြစ်ပြီး လွှဲပြီးသွားရင် ပြောင်းလို့ရမှာမဟုတ်ပါဘူး။
Cash wallet ထဲက လက်ကျန်ငွေကို ငွေသားအဖြစ်ယူလို့ရလား။
မရပါဘူး။ လက်ကျန်ငွေတွေကို ငွေသားအနေနဲ့ ပြန်လဲပေးလို့မရပါဘူး။ ဈေးဝယ်တဲ့အခါမှာ ငွေပေးချေဖို့အတွက်ပဲသုံးလို့ရပါတယ်။
Cash Wallet ဆိုတာဘာလဲ။
Cash Wallet ဆိုတာ City Rewards App နဲ့ ကတ်ထဲမှာ ပါတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး မိမိအကောင့်ထဲကို မိမိစိတ်ကြိုက် ငွေဖြည့်ထားတယ်ဆိုရင် City Mart Holdings နဲ့ သက်ဆိုင်တဲ့ဆိုင်တွေမှာ ဈေးဝယ်တဲ့အခါ အသုံးပြုနိုင်ပါတယ်။
လက်ဆောင်ပေးတဲ့လုပ်ဆောင်ချက်ကို ပြန်ပြောင်းလို့ရလား။
လက်ဆောင်ပေးတဲ့လုပ်ဆောင်ချက်ကို ပြောင်းလို့မရပါ။
City Gift ကတ်ကို ဘယ်မှာ ငွေထပ်ဖြည့်လို့ရလဲ။
City Mart ရဲ့ Customer Service ကောင်တာမှာ City gift ကတ်တွေကို ငွေဖြည့်လို့ရပါတယ်။
City Gift ကတ်ထဲက လက်ကျန်ငွေက ဘယ်တော့သက်တမ်းကုန်မှာလဲ။
City Gift ကတ်ထဲက လက်ကျန်ငွေက စသွင်းပြီး ၁၂လ အကြာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ သက်တမ်းမကုန်ချင်ရင် City Rewards App နဲ့ ကတ်ကို ပေါင်းလိုက်ပါ။
သူငယ်ချင်းဆီ City Gift ကတ်ပို့ချင်ရင် ဘာလိုအပ်ပါသလဲ။
City Rewards ကနေ လွှဲရမှာ ဖြစ်တဲ့အတွက် သူငယ်ချင်းရဲ့ City rewards App ဖုန်းနံပါတ်ကို သိဖို့လိုပါလိမ့်မယ်။
City Rewards နဲ့ City Gift ကတ်ကို ဘယ်လိုချိတ်ရမှာလဲ။
City Rewards App ထဲမှာ Add your Card ကို တွေ့ရပါလိမ့်မယ်။ ပြီးရင် City gift ကတ်ကို City Rewards App အတွက် စာရင်းသွင်းခဲ့သလို စာရင်းသွင်းပြီး သုံးလို့ရပါပြီ။
City Rewards နဲ့ City Gift ကတ်ကို ချိတ်လို့ရလား။
App ထဲမှာ ကတ်ကို အကောင့်နဲ့ပေါင်းပြီး သုံးလို့ရပါတယ်။ ဒါနဲ့ ဈေးဝယ်ပြီး အမှတ်တွေရယူနိုင်ပါတယ်။
City Gift ကတ်နဲ့ ဝယ်ရင် အမှတ်ရော ရမှာလား။
City Rewards အကောင့်ရှိမှ အမှတ်ရမှာဖြစ်ပါတယ်။ အကောင့်မရှိရင် ဈေးဝယ်လို့ရပါတယ်။
City Rewards သုံးရင် ဘယ်လို အကျိုးကျေးဇူးတွေရလဲ။
City Rewards App နဲ့ဆို ကတ်တွေအားလုံးကိုပေါင်းပြီး ကိုယ်အဆင်ပြေသလိုသုံးလို့ရပါတယ်။ ကတ်ပျောက်တဲ့အခါ ဒုက္ခရောက်တာမျိုးတွေမဖြစ်တော့ဘူးပေါ့။
City Rewards အကောင့်နဲ့ Facebook အကောင့်နဲ့ ဘယ်လိုဆက်သွယ်လို့ရလဲ။
City Rewards App ကိုသွားပြီး ဤ လမ်းညွှန်ချက်အတိုင်းလုပ်ဆောင်ပါ။ Login >> Profile >> Setting >> Connect your Facebook ကိုရွေးပြီး လမ်းညွှန်ချက်အတိုင်းလိုက်လုပ်ပေးပါ။
အရင်က City Rewards သုံးပေမယ့် အခုနောက်ပိုင်းမသုံးဖြစ်တာကြာပြီ။ အခု အကောင့်ထဲဝင်လို့ မရတော့ဘူး။
အကောင့်ကို သုံးစွဲခွင့်ရပ်တန့်လိုက်တာ/ ဖျက်လိုက်တာ ဖြစ်နိုင်ပါတယ်။ ၀၉ ၇၇၇ ၃၉၅ ၈၈၈ ကို ဆက်သွယ်ပေးပါ။
QR Code ကို ဘယ်လိုသုံးရလဲ။
ငွေရှင်းတဲ့အခါ QR ကုတ်ကို ငွေကိုင်က scan ဖတ်သွားပေးမှာဖြစ်ပါတယ်။
ဖုန်းပျောက်သွားလို့ ဘာလုပ်ရမလဲ။
ဖုန်းပျောက်သွားရင် ၀၉ ၇၇၇ ၃၉၅ ၈၈၈ ကို ဆက်သွယ်ပေးပါ။
City Rewards ကတ် ပျောက်သွားလို့ ဘယ်လိုလုပ်ရမလဲ။
City Rewards ကတ်ပျောက်သွားရင် ၀၉ ၇၇၇ ၃၉၅ ၈၈၈ ကို ဆက်သွယ်ပေးပါ။
အကောင့်တစ်ခုကို လူဘယ်နှစ်ယောက်သုံးလို့ရလဲ။
လူတစ်ယောက် အကောင့်တစ်ခုပဲ ဖွင့်လို့ရပါတယ်။
City Rewards သုံးတဲ့ပုံစံ (ကတ်၊ App) ပြောင်းချင်လို့ ဘာလုပ်ရမလဲ။
ကတ် သုံးနေပြီဆိုရင် App ကို ဒေါင်းလုတ်ဆွဲပြီး ကတ်ကို စာရင်းသွင်းပါ။ ကတ်နံပါတ်ကို သုံးပြီးတော့ပဲဖြစ်စေ QR code ကို Scan ဖတ်ပြီးတော့သော်လည်းကောင်း စာရင်းသွင်းနိုင်ပါတယ်။ App သုံးနေပြီးသားဆို ၀၉ ၇၇၇ ၃၉၅ ၈၈၈ ကို အသေးစိတ်အချက်အလက်အတွက် ဆက်သွယ်ပေးပါ။
PIN မေ့သွားလို့ ဘယ်လိုလုပ်ရမလဲ။
၀၉ ၇၇၇ ၃၉၅ ၈၈၈ ကို ဆက်သွယ်ပေးပါ။
ကိုယ့်ကတ်ကို တခြားလူတွေ သုံးလို့ရလား။
ကတ်မှာ PIN လို လျှို့ဝှက် အချက်အလက်တွေပါတဲ့အတွက် တခြားသူတွေကို ပေးသုံးဖို့ ခွင့်မပြုထားပါဘူး။
App ကို install လုပ်လို့မရဘူး။
App ကို Android 5.0 / iOS 9 နှင့်အထက်ပဲ သုံးလို့ရပါတယ်။
မိသားစုသုံးလို့ရတဲ့အကောင့်ရှိလား။
မိသားစုသုံးလို့ရတဲ့အကောင့်ကတော့ အခုလောလောဆယ်မရှိသေးပါဘူး။
အကောင့်ထဲဝင်လို့မရလို့ပါ။
အင်တာနက် ရမရစစ်ပြီးရင် ဖုန်းနံပါတ်နဲ့၊ လျှို့ဝှက်ကုတ်မှန်မမှန် စစ်ပါ။
လျှို့ဝှက်ကုတ်မေ့သွားလို့ပါ။
လျှို့ဝှက်ကုတ်မေ့သွားရင် အောက်ပါအချက်တွေအတိုင်းတစ်ဆင့်ချင်းလိုက်လုပ်ပေးပါ။ Login >> Profile >> Setting >> Reset your Password. ပြီးရင်ပြတဲ့လမ်းညွှန်ချက်တွေအတိုင်း ဆက်လုပ်ဆောင်ပေးပါ။
အကောင့် ဖွင့်တုန်းက သုံးခဲ့တဲ့ ဖုန်းနံပါတ်ကို ပြောင်းလို့ရလား။
ဒီလုပ်ဆောင်ချက်မှာ အရေးကြီးတဲ့ ဒေတာအချက်အလက်တွေ ပါဝင်သက်ဆိုင်တဲ့အတွက် မလိုအပ်တဲ့ဒေတာအချက်အလက်ခိုးယူခံရမှုကနေ ကာကွယ်ဖို့ သင်ကိုယ်တိုင်ပြောင်းလို့မရပါဘူး။ အကောင့်ဖွင့်တုန်းကသုံးထားတဲ့ ဖုန်းနံပါတ်ကိုပြောင်းချင်ရင် ကျွန်ုပ်တို့ရဲ့ Hotline နံပါတ်သို့မဟုတ် Customer Service ကို ဆက်သွယ်ပေးပါ။
App ကို မတော်တဆ ဖျက်လိုက်မိတယ်။ အကောင့်ထဲဘယ်လို ပြန်ဝင်လို့ရလဲ။
App ကို နောက်ထပ်ဒေါင်းလုတ်ဆွဲပြီး ဖုန်းထဲကိုသွင်းပေးပါ။ ကိုယ့်ဖုန်းနံပါတ်နဲ့ လျှို့ဝှက်ကုတ်ကို မှန်မှန်ကန်ကန်ရိုက်ထည့်လိုက်ရင် အကောင့်ထဲပြန်ဝင်လို့ရပါပြီ။
App က ခဏခဏ အလုပ်လုပ်တာရပ်သွားတယ်။
ကိုယ်သုံးနေတဲ့ Android နဲ့ iOS က နောက်ဆုံးဗားရှင်းဖြစ်ဖို့လိုအပ်ပါတယ်။ ဗားရှင်းမှန်ပြီး အလုပ်မလုပ်တာဆိုရင်တော့ ၀၉ ၇၇၇ ၃၉၅ ၈၈၈ ကိုဆက်သွယ်ပေးပါ။
အကောင့် ဘယ်နှစ်ခု ဖွင့်လို့ရလဲ။
CIty Rewards အကောင့်တိုင်းကို နိုင်ငံသားကတ်နံပါတ်/ နိုင်ငံကူးလက်မှတ်နံပါတ် နှင့် အဓိကဖုန်းနံပါတ်တို့ဖြင့် ချိတ်ဆက်ထားပါတယ်။ ပျောက်ဆုံးခြင်း၊ ပိတ်ခြင်းနှင့် အကောင့်ပိုင်ရှင်ကွယ်လွန်ခြင်း အစရှိသည့် ခြွင်းချက်များအတွက် မှတ်ပုံတင်နံပါတ်တစ်ခုကို အကောင့်တစ်ခုသာ အသုံးပြုခွင့်ရှိပါတယ်။
ကတ်ကိုင်တဲ့သူအတွက် ဆုလက်ဆောင်များနဲ့ ကမ်းလှမ်းချက်အသစ်များကို ဘယ်ကနေ ကြည့်လို့ရပါသလဲ။
ကတ်သုံးတဲ့သူတွေအတွက် ကမ်းလှမ်းချက်အသစ်တွေ၊ ပရိုမိုးရှင်းအသစ်တွေကို SMS နဲ့ ပို့ပြီးပြောပြပေးမှာပါ။ ကမ်းလှမ်းချက်စာရင်းအပြည့်အစုံကို City Rewards App တစ်ခုတည်းမှာပဲ ကြည့်ရှုနိုင်မှာဖြစ်ပြီး ရှေ့ဆက် ဆုလက်ဆောင်များ၊ ကမ်းလှမ်းချက်များစတဲ့ အကျိုးကျေးဇူးများကို ပြည့်ပြည့်ဝဝအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် စောစောစီးစီး App ကို ဒေါင်းလုတ်ဆွဲ၊ စာရင်းသွင်းပြီး ကတ်ပေါင်းထည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ကိုယ့်နေရာနဲ့ အနီးဆုံး City Mart ကို ဘယ်မှာရှာနိုင်လဲ။
City Rewards App နဲ့ ကိုယ်နဲ့အနီးဆုံး City Mart ကို ရှာနိုင်ပါတယ်။ App ထဲကို ဝင်ပြီး အောက်ခြေမှာရှိတဲ့ Menu မှ Stores ကို နှိပ်ပါ။ အချက်အလက်များ မှန်ကန်စွာပြသနိုင်ဖို့ GPS ကဲ့သို့ နေရာပြတဲ့ location service လိုအပ်သောကြောင့် အင်တာနက်ဒေတာဖွင့်ရပါမယ်။
App ထဲက History ကို ဘာအတွက်သုံးနိုင်လဲ။
App ထဲက Transaction History တွင် အရင်က ဈေးဝယ်ခဲ့သော အချက်အလက်များ၊ ရရှိခဲ့သောအမှတ်များနှင့် သုံးစွဲခဲ့သောအမှတ်များကို ကြည့်ရှုနိုင်ပါတယ်။ အကယ်၍ မိမိအကောင့်ဖြင့် အခြားလူတစ်ယောက်က ဈေးဝယ်ထားခဲ့ရင် ဒီအချက်အလက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။
City Rewards App ကနေ ရတဲ့ notifaication တွေကို ဘယ်လိုပိတ်ရမလဲ။
ဤလမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ပေးပါ။ Login >> Profile >> Setting >> Notifications ပြီးရင် ကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်မယ့် အချက်ကိုရွေးပြီး အသုံးပြုနိုင်ပါတယ်။
Setting ဘာသာစကားကို ဘယ်လိုပြောင်းရလဲ။
ဤလမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ပေးပါ။ Login >> Profile >> Setting >> Language. ပြီးရင် Zawgyi ၊ Unicode ၊ English ဘာသာစကား ၃ မျိုးထဲက နှစ်သက်ရာဘာသာစကားကို ရွေးချယ်လိုက်ပါ။
အမှတ်တွေကို ငွေသားနဲ့လဲလို့ရလား။
အမှတ်တွေကို ငွေသားနဲ့ လဲလို့မရနိုင်သော်လည်း နောက်အခေါက် ဈေးဝယ်တဲ့အခါ ငွေသားအစားပေးချေနိုင်ပါတယ်။ ဥပမာ- အမှတ် ၁၀၀ ပြည့်တိုင်း ကျပ်ငွေတစ်ရာပေးဖို့ သုံးနိုင်ပါတယ်။
ငွေချေတုန်းက City Rewards ပြဖို့ မေ့သွားလို့ပါ။ အဲ့ဒီအတွက်ရော အမှတ်ရနိုင်သေးလား။
အမှတ်ရရှိဖို့ ငွေရှင်းတဲ့အချိန်မှာ အမြဲ City Rewards App သို့မဟုတ် ကတ် မဖြစ်မနေပြသရပါမယ်။ ငွေရှင်းပြီးသွားချိန်မှာတော့ အမှတ်ပေးလို့မရတော့ပါဘူး။
ပရိုမိုးရှင်းတွေကို ဘာလို့သုံးလို့မရတာလဲ။
ပရိုမိုးရှင်းရဲ့သက်တမ်းကို စစ်ပေးပါ။ သက်တမ်းကုန်သွားတဲ့ ပရိုမိုးရှင်းတွေကို သုံးလို့မရတော့ပါဘူး။ အကယ်၍ သက်တမ်းရှိရဲ့သားနဲ့ သုံးလို့မရတာဆိုရင် ကျေးဇူးပြုပြီး App မှတဆင့် Customer Care ကို ဆက်သွယ်ပေးပါ။
City Rewards နဲ့ ဆို Discount တွေ ရမှာလား။
City Rewards App မှာပြသထားတဲ့ ကမ်းလှမ်းချက်များနှင့် ပရိုမိုးရှင်းများဟာ ရောင်းချသည့်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ပေါ်တွင်မူတည်ပါတယ်။ တစ်ခါတလေ အထူးဈေးနှုန်းဖြစ်နိုင်သလို၊ တစ်ခါတလေ အထူးလျှော့ဈေးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် City Rewards မှတဆင့် discount ရနိုင်ပါတယ်။
ဘာလို့ City Rewards အကောင့်မှာ တခြားသူတွေနဲ့ ပရိုမိုရှင်းအတူတူမရတာလဲ။
City Rewards ရဲ့ ပရိုမိုးရှင်းတွေကို သုံးစွဲသူ၏ဝယ်ယူမှုပုံစံပေါ်မူတည်ပြီး သီးသန့်ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ သုံးစွဲသူတစ်ဦးချင်းစီ၏လိုအပ်ချက်နှင့်ကိုက်ညီသည့် ကမ်းလှမ်းချက်များကို ပေးနိုင်ဖို့ ပရိုမိုရှင်းများကို တစ်ဦးနှင့်တစ်ဦးမတူညီအောင် သီးသန့်ပြုလုပ်ပေးထားပါတယ်။ အကောင့်ကို ပိုပိုသုံးခြင်းဖြင့် ထူးခြားသောကမ်းလှမ်းချက်များကို ပိုပို ရရှိနိုင်မှာဖြစ်ပါတယ်။”
Seasons bakery မှာရော City Rewards အကောင့်ကို သုံးပြီး အမှတ်ယူလို့ရမလား။
ရပါတယ်။ City Rewards App ကို မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ City Mart Supermarkets၊ Ocean Supercenters၊ marketplace by City Mart၊ City Care Health and Beauty stores၊ Mini City Mart၊ Seasons Bakery & Cafés၊ City Baby Club stores၊ City Books and Music၊ Safari Bookstores၊ City Kids Zone၊ Latt Sone Food Court၊ Gong Cha Myanmar နဲ့ LockNLock ဆိုင်တွေမှာ သုံးလို့ရပါတယ်။
ကတ်ကို အိမ်မှာမေ့ကျန်ခဲ့တယ်။ အမှတ်ရဖို့ ဘာလုပ်ရမလဲ။
City Rewards ကတ်ကို အိမ်မှာကျန်ခဲ့ပြီး App လည်းမရှိဘူးဆိုရင် ငွေရှင်းကောင်တာမှာ ဖုန်းနံပါတ် သို့မဟုတ် မှတ်ပုံတင်နံပါတ်/ နိုင်ငံကူးလက်မှတ်နံပါတ်ကို ပြောပြပြီး အမှတ်ရယူနိုင်ပါတယ်။ သို့သော် ကတ် သို့မဟုတ် App မရှိဘဲ အမှတ်များကို သုံးစွဲလို့မရပါဘူး။ ဤလုပ်ဆောင်ချက်ကို ငွေမရှင်းခင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ City Rewards App ကို ဒေါင်းလုတ်ဆွဲပြီး အကောင့်ဖွင့်ကာ ကတ်များကို ပေါင်းထည့်ထားရမှာပါ။ ဒီလုပ်ဆောင်ချက်ကြောင့် ဖုန်းထဲမှာ App ရှိနေပြီး ကတ်ကို သယ်စရာမလိုတော့ဘဲ ခလုတ်တစ်ချက်လေးနှိပ်လိုက်ရုံနဲ့ ဆုလက်ဆောင်တွေ၊ ငွေပေးချေမှုစနစ်တွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ဆုလက်ဆောင်တွေက ဘယ်အချိန်အထိ အကျုံးဝင်ပါသလဲ။
City Rewards အကောင့်ကနေ ရရှိမယ့် ဆုလက်ဆောင်တွေမှာ ရောင်းချသူဘက်က သတ်မှတ်ထားတဲ့ သက်တမ်းနဲ့ စည်းမျဉ်းစည်းကမ်းတွေပါဝင်ပါတယ်။ အသေးစိတ်သိရှိဖို့ ဖော်ပြချက်များကို စစ်ဆေးပါ။ ဆုလက်ဆောင်များတစ်ခုနှင့်တစ်ခု ကွဲပြားခြားနားချက်ရှိနိုင်ပါတယ်။
တကယ်လို့အကောင့်ထဲ အမှတ်တွေမရောက်လာဘူးဆို ဘယ်လိုလုပ်မလဲ။
တကယ်လို့ အကောင့်ထဲ အမှတ်တွေ မရောက်လာဘူးဆို ၀၉ ၇၇၇ ၃၉၅ ၈၈၈ ကို ဆက်သွယ်ပြီး ကိုယ်ဈေးဝယ်ခဲ့တဲ့ အချက်အသေးစိတ် (နေ့ရက်၊ အချိန်၊ ဝယ်ယူခဲ့သည့်နေရာ၊ ဝယ်ယူခဲ့တဲ့တန်ဖိုး) နဲ့ ဘောက်ချာနံပါတ်ကို ပြောပြပေးပါ။ အမြန်ဆုံးကူညီပေးနိုင်ဖို့ လုပ်ဆောင်ပါ့မယ်။
ဈေးဝယ်ပြီး ငွေကိုင်က အမှတ်ထည့်ပေးပေမယ့် အမှတ်မရလို့ပါ။
အနီးဆုံး Customer Service ကောင်တာ သို့မဟုတ် City Rewards Customer ဌာနသို့ ဖုန်းနံပါတ် ၀၉ ၇၇၇ ၃၉၅ ၈၈၈ ဖြင့် ဆက်သွယ်ပေးပါ။ ဒီလိုမဆက်သွယ်မီ ဝယ်ယူလိုက်သောကုန်ပစ္စည်း၏ အကျုံးဝင်မှုနှင့် အင်တာနက်နှင့် ချိတ်ဆက်မှုရှိမရှိ ပြန်လည်စစ်ဆေးပေးပါ။
ကိုယ့်အမှတ်နဲ့ တခြားသူရဲ့အမှတ်ကို ပေါင်းပြီး ငွေချေလို့ရလား။
အမှတ်တွေကို ပေါင်းပြီး ငွေချေလို့မရပါဘူး။ မိမိ၏အမှတ်မှာ မိမိတစ်ဦးတည်းအတွက်ဖြစ်ပါသည်။
အမှတ် ၁ မှတ်ရဖို့ ဘယ်နှစ်ကျပ်သုံးရမလဲ။
သတ်မှတ်ထားတဲ့ဆိုင်တွေမှာ ကျပ် ၂၀၀ ဖိုး (ကုန်သွယ်လုပ်ငန်းခွန်ပါပြီး) သုံးပြီးတိုင်း ၁ မှတ်ရရှိမှာဖြစ်ပါတယ်။
ကိုယ့် အကောင့်မှာ အမှတ်ဝင်ဖို့ ဘယ်လောက်ကြာမှာလဲ။
ငွေပေးချေပြီး မိနစ်အနည်းငယ်အကြာမှာ အမှတ်များနဲ့ လက်ကျန်ငွေပမာဏများ စာရင်းအသစ်ဖြစ်သွားပါလိမ့်မယ်။ အကယ်၍ ကြန့်ကြာမှုရှိပါက အင်တာနက်ချိတ်ဆက်မှု၊ App Store မှ App အတွက် Update နှင့် ဖုန်းတွင်းပြဿနာရှိမရှိ စစ်ဆေးပေးပါ။ စစ်ဆေးပြီးတဲ့အထိ အမှတ်မဝင်သေးပါက City Mart Customer Service ကောင်တာသို့ လျင်မြန်စွာဆက်သွယ်ပေးပါ။
ဘာမှလည်း မဝယ်ဘဲ အမှတ်တွေ နုတ်သွားတယ်။ ဘယ်လိုဖြစ်တာလဲ။
App ထဲမှာ History ကို ပြန်စစ်ကြည့်ပါ သို့မဟုတ် Customer Care ဌာနဖုန်းနံပါတ် ၀၉ ၇၇၇ ၃၉၅ ၈၈၈ ကို ဆက်သွယ်ပေးပါ။ အမှတ်များအားလုံး ရရှိချိန်မှ တစ်နှစ်ပြည့်ချိန်တွင် သက်တမ်းကုန်မှာကို သတိပြုပေးပါ။ သင့်အမှတ်တွေ သက်တမ်းကုန်သွားလို့လည်း ဖြစ်နိုင်ပါတယ်။
ကိုယ်ရထားတဲ့ အမှတ်တွေကို ကိုယ့်သူငယ်ချင်းကိုပေးလို့ရလား။ ရတယ်ဆိုရင် ဘယ်လိုလုပ်လို့ရမလဲ။
မိမိ ရရှိထားသော City rewards အမှတ်များကို တခြားသူအား လွှဲပြောင်းပေးလို့မရပေမယ့် City Rewards Cash Wallet ထဲတွင် ဖြည့်သွင်းထားသော ပိုက်ဆံကို မိမိ၏ အဆက်အသွယ်စာရင်းထဲမှ သူငယ်ချင်းကို App ထဲမှ GIft section ဖြင့် လက်ဆောင်ပေးနိုင်ပါသည်။ အခုလောလောဆယ် ဒါကတော့ In-App လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။
သုံးပြီးသားအမှတ်များအတွက် ပြန်အမ်းငွေကို ရနိုင်မလား။
ငွေသားနှင့် ပေးချေထားသော ဈေးဝယ်ယူမှုအတွက် တန်ဖိုးတူညီသောအစားထိုးပစ္စည်းနှင့် လဲလှယ်ရယူနိုင်သော်လည်း ငွေသားပြန်အမ်းပေးမည်မဟုတ်ပါ။ သို့သော်လည်း အမှတ်နှင့် ဝယ်ယူထားသော ပစ္စည်းများကို ပြန်လဲပေးလို့မရပါဘူး။ City Rewards အမှတ်နှင့် ဝယ်ယူထားသောပစ္စည်းအတွက် ပြန်အမ်းငွေတောင်းခံပါက ပထမနည်းလမ်းသို့ပြောင်းပြီး တန်ဖိုးညီသော အစားထိုးပစ္စည်းကို ရရှိနိုင်ပါတယ်။ ဤကဲ့သို့ကိစ္စဖြစ်ပွားပါက Customer Service ကောင်တာသို့ ဆက်သွယ်ပေးပါ။
အမှတ်များကို ဘယ်အချိန်အထိသုံးလို့ရပါသလဲ။
အမှတ်များကို ရရှိသောနေ့မှစပြီး ၁ နှစ်အကြာအထိ သုံးလို့ရပါတယ်။
အမှတ်များကို ဘယ်လို သုံးသွားမှာလဲ။
အကျုံးဝင်သော ပစ္စည်းများဝယ်ယူတဲ့အခါ ကောင်တာမှာ ငွေကိုင်အား City Rewards App သို့မဟုတ် ကတ်ကို ပြသပေးပါက သုံးစွဲနိုင်သော အမှတ်များနှင့် ဆုလက်ဆောင်များကို အလိုအလျောက်နုတ်သွားမှာဖြစ်ပါတယ်။
အရင်က ဝယ်ခဲ့သောကုန်ပစ္စည်းများ၏ ဘောက်ချာရှိသေးပါက ထိုအတွက်ရော အမှတ်ရနိုင်သေးပါသလား။
စိတ်မကောင်းပါဘူး။ City Rewards အစီအစဉ်မသုံးခင် အရင်က ဝယ်ခဲ့သော ကုန်ပစ္စည်းများအတွက် အမှတ်များမရရှိနိုင်ပါဘူး။ ဒါ့အပြင် ဈေးဝယ်ယူမှုစာရင်းကို ငွေရှင်းပြီးပါက City rewards App သို့မဟုတ် ကတ်ထဲသို့ အမှတ်များကို ပေါင်းထည့်ပေးလို့မရနိုင်ပါဘူး။ ဒါကြောင့် ငွေမရှင်းခင် ငွေကိုင်အား မိမိ၏ City Rewards အကောင့်ကို ပြသဖို့အထူး တိုက်တွန်းချင်ပါတယ်။
အမှတ်တွေကို ဘယ်လိုသုံးလို့ရလဲ။
အမှတ်များကို City Mart Holdings ရဲ့ channels တွေဖြစ်တဲ့ City Mart Supermarkets, Ocean Supercenters, Marketplace by City Mart, City Care Health and Beauty stores, Seasons bakery Café နှင့် အခြား အကျုံးဝင်သောဆိုင်များမှာ ဈေးဝယ်တဲ့အခါ သုံးစွဲနိုင်ပါတယ်။ အမှတ်များကို အမှတ် ၁၀၀ ရပြီးတိုင်း သုံးစွဲနိုင်ပါတယ်။ ကျွန်ုပ်တို့၏ ၁ မှတ်= ၁ကျပ်နှုန်းဖြင့် ဥပမာ- အမှတ် ၁၀၀ ကို ငွေကျပ် ၁၀၀ အစား ပေးချေအသုံးပြုနိုင်ပါတယ်။
အမှတ်တွေကို ရယူတဲ့အခါ ကန့်သတ်ချက်များရှိပါသလား။
အကျုံးမဝင်သောကုန်ပစ္စည်းအချို့၊ City Gift ကတ်များ၊ Gift Voucher များ၊ ပရိုမိုးရှင်းချထားသောပစ္စည်းများ၊ ဝိုင်နှင့် ယမကာ၊ ဖုန်းငွေဖြည့်ကတ် နှင့် အခြားကုန်ပစ္စည်းများကို ဝယ်ယူသည့်အခါ City Mart Holdings Ltd. ရဲ့ ဆုံးဖြတ်ချက်အရ အမှတ်မရရှိအောင် ကန့်သတ်ထားနိုင်ပါတယ်။ ဤကဲ့သို့ ကန့်သတ်ထားသော ကုန်ပစ္စည်းစာရင်းအသစ်အတွက် cityrewards.com.mm/non-qualifying-products/ ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
City Rewards ကို မသုံးတော့ဘူးဆို ဘာဖြစ်မလဲ။
City Rewards ကို ဆက်လက်အသုံးမပြုတော့ပါက အကောင့်ကိုပယ်ဖျက်မှာဖြစ်ပြီး အသုံးမပြုရသေးသောအမှတ်များအားလုံးဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အကယ်၍ အကောင့်ထဲရှိ အမှတ်များကို အသုံးပြုချင်ပါက အကောင့်မပယ်ဖျက်ခင် အသုံးပြုပေးဖို့ အကြံပေးအပ်ပါတယ်။
City Rewards အစီအစဉ်ကို မသုံးချင်တော့ရင် ဘယ်လိုလုပ်ရမလဲ။
City Rewards အစီအစဉ်ကို သင့်အတွက် ရေရှည် အသုံးပြုနိုင်ပြီး ပျော်ရွှင်စေအောင် ရည်မှန်းထားသော်လည်း City Rewards အစီအစဉ်ကို ဆက်လက်အသုံးမပြုချင်တော့ပါက အချိန်မရွေး အကောင့်ကို ပယ်ဖျက်နိုင်ပါတယ်။ City rewards Customer care ဌာန ဖုန်းနံပါတ် ၀၉ ၇၇၇ ၃၉၅ ၈၈၈ ကို ဆက်သွယ်နိုင်ပါတယ်။
City Rewards အကျိုးခံစားခွင့်တွေရအောင် ဘာလုပ်ရမလဲ။
City Rewards အကျိုးခံစားခွင့်များရရှိဖို့ အကောင့်ဖွင့်ပြီးနောက် အကောင့်ကို အသက်သွင်းရပါမယ်။ ရက် ၃၀ အတွင်း အကျုံးဝင်သောဆိုင်များတွင် အနည်းဆုံး ကျပ် သုံးသောင်းဖိုးဝယ်ယူပြီး ဝယ်ယူချိန်မှာ မိမိ၏ City Rewards App ကို မပျက်မကွက် ပြသရပါမယ်။ ဂရုပြုရမယ့်အချက်မှာ ဝယ်ယူထားသောစာရင်းကို ဘောက်ချာထုတ်ပြီးသွားလျှင် City Rewards ၏ အမှတ်စာရင်းတွင် ပေါင်းထည့်လို့မရတော့ပါဘူး။ ဒါကြောင့် ငွေမရှင်းခင် City Rewards App ကို တစ်ပါတည်းပြသဖို့ တိုက်တွန်းချင်ပြီး ထိုသို့ပြုလုပ်မှလည်း ကျွန်ုပ်တို့၏ ဝန်ထမ်းများမှ သင့်ရဲ့ ပြောင်းလဲသွားတဲ့ City Rewards လက်ကျန်ငွေစာရင်းကို ပြုပြင်ပေးနိုင်မှာ ဖြစ်ပါတယ်။
အဖွဲ့ဝင်ကြေး ရှိပါသလား။
City Rewards အစီအစဉ်မှာ ဒေါင်းလုတ်ဆွဲခြင်း၊ အကောင့်ဖွင့်ခြင်းနှင့် အသုံးပြုခြင်းများအတွက် အခမဲ့ဖြစ်သော်လည်း အကျိုးခံစားခွင့်များစတင်အသုံးပြုနိုင်ရန်အတွက် ကတ်ဖြတ်ခြင်း သို့မဟုတ် App သုံးစွဲခြင်းဖြင့် ရက် ၃၀ အတွင်း ကျပ် သုံးသောင်းဖိုးအထိ ဈေးဝယ်ခြင်းပြုလုပ်ရပါမယ်။ App မှာ အခမဲ့ဖြစ်သော်လည်း ကတ်ဖြင့်သုံးစွဲလိုပါက ကတ်ဖိုး ၃၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ ကတ်ကို City Mart Holding Company ၏ အရောင်းဆိုင်များ၏ Customer service ကောင်တာတွင် ထုတ်ယူနိုင်ပါတယ်။
City Rewards အသုံးပြုသူတွေဟာ မိမိရဲ့ ဖုန်းထဲက Contact တွေ၊ ဓာတ်ပုံတွေနဲ့ Media File တွေအား App ကနေ ဖတ်ယူခြင်းကိုခွင့်ပြုဖို့ ဘာဖြစ်လို့ လိုအပ်တာလဲ?
App ရဲ့ Feature တွေအားလုံးကို အကောင်းဆုံးအသုံးပြုနိုင်ဖို့ ခွင့်ပြုပေးဖို့လိုအပ်တာဖြစ်ပါတယ်။ Contact တွေဖတ်ယူခြင်းကိုခွင့်ပြုတဲ့အတွက် ထည့်သွင်းထားတဲ့ငွေသားနဲ့ City Gift card တွေကို မိမိရဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ မိသားစုတွေစီ လက်ဆောင်အဖြစ် လွယ်လွယ်ကူကူ ပေးပို့ပေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုပဲ ဓာတ်ပုံတွေကို ခွင့်ပြုပေးခြင်းကနေ မိမိအနေနဲ့ Profile မှာ စိတ်ကြိုက်ဓာတ်ပုံလေးတွေ ရွေးချယ်တင်ထားလို့ ရပါလိမ့်မယ်။ Media File တွေကို ခွင့်ပြုပေးခြင်းကတော့ App ရဲ့ အချက်အလက်တွေဖြစ်တဲ့ သီးသန့် Promotion အစီအစဉ်၊ စိတ်ဝင်စားဖွယ် Promotion တွေနဲ့ အခြားကမ်းလှမ်းမှုတွေပေးပို့လာခြင်းကို Phone ထဲမှာ သိမ်းဆည်းထားနိုင်ဖို့ဖြစ်ပါတယ်။
အကောင့်ဖွင့်တာ ဘာကြောင့် နိုင်ငံသားကတ်နံပါတ် သို့မဟုတ် နိုင်ငံကူးလက်မှတ် အချက်အလက် အသေးစိတ် လိုအပ်တာလဲ။
လူကြီးမင်းတို့ရဲ့ အကောင့် စိတ်ချလုံခြုံမှုရှိဖို့အတွက် ကိုယ်ပိုင်အချက်အလက်အထောက်အထားပြ စာရွက်စာတမ်းများ၊ နံပါတ်များ ကောက်ခံရခြင်းဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေပေးခြင်းအားဖြင့် အကယ်၍ လျှို့ဝှက်နံပါတ် သို့မဟုတ် PIN နံပါတ်ကို မေ့သွားချိန် အသစ်ပြန်လုပ်ရသည်ဖြစ်စေ၊ ဖုန်း သို့မဟုတ် City Rewards ကတ်ပျောက်သွားချိန် သင့်အကောင့်၏ လက်ကျန်ငွေများ လုံခြုံမှုရှိဖို့ကူညီပေးလို့ရပါတယ်။
“ City Rewards ရဲ့ Cash Wallet ထဲက လက်ကျန်ငွေတွေက သက်တမ်းကုန်မယ့် ရက်ရှိပါသလား။ “
“ City Gift
City Gift ကတ်တိုင်းသည် စတင်အသုံးပြုချိန်မှစ၍ ၁ နှစ်ကြာချိန်တွင် သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ သို့သော် City Gift ကတ် ကို City Rewards အကောင့်နှင့် App ကတစ်ဆင့် ချိတ်ပြီးသွားပါက သက်တမ်းကုန်ဆုံးမှုမရှိတော့ပါ။
City Rewards
City Rewards ၏ Cash Wallet များကို City Mart နှင့် အခြားအကျုံးဝင်သောဆိုင်များ၏ Customer Service ကောင်တာများတွင် ငွေဖြည့်နိုင်ပါတယ်။ ဖြည့်သွင်းလိုက်သော ငွေများမှာ သက်တမ်းကုန်ဆုံးသွားမှာမဟုတ်ပါဘူး။ ဤ Wallet လုပ်ဆောင်ချက်ဖြင့် ငွေသားကိုင်ဆောင်စရာမလိုဘဲ ပုံမှန်အတိုင်း သုံးစွဲနိုင်ပါတယ်။ ပိုမို စိတ်လှုပ်ရှားစရာကောင်းသော လုပ်ဆောင်ချက်များ၊ လက်ဆောင်များ၊ ငွေပေးချေမှုများနှင့် အခြားသောအရာများအတွက် စောင့်မေ ျှာ်ပေးပါဦး။”
“ ဘာကြောင့် စာရင်းသွင်းတဲ့အခါ နိုင်ငံသားကတ်နံပါတ်/ နိုင်ငံကူးလက်မှတ်နံပါတ် နဲ့ မိုဘိုင်းဖုန်းနံပါတ်တောင်း ရတာလဲ။ “
City Rewards တွင် သုံးစွဲသူအကောင့်ကို အတည်ပြုသည့်လုပ်ငန်းစဉ်အတွက် ကိုယ်ပိုင်အချက်အလက်အသေးစိတ်ကို ကောက်ယူဖို့ လိုအပ်ပါတယ်။ ဒီအချက်အလက်များဖြင့် ရှေ့ဆက်ပြီး သင့်အတွက် သီးသန့် ကမ်းလှမ်းချက်များဖန်တီးခြင်း၊ သင့်ဒေတာအချက်အလက်များလုံခြုံအောင် ထိန်းသိမ်းခြင်း၊ အကျိုးခံစားခွင့်နှင့်ပတ်သတ်သော အရေးကြီးသတင်းများ အကြောင်းကြားပေးခြင်းများကို သမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများအတိုင်း ထိန်းသိမ်းလိုက်နာပြီး ပြုလုပ်ပေးနိုင်ပါတယ်။ သင့်ဒေတာအချက်အလက်များကို သင့်ခွင့်ပြုချက်မပါဘဲ City Mart Holdings မိသားစုမှလွဲ၍ အခြားသူများကို ဝေမ ျှခြင်းလုံးဝမလုပ်တဲ့အတွက် စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်။
“ မြန်မာနိုင်ငံသားမဟုတ်လည်း City Rewards ကတ် လေ ျှာက်ထားနိုင်ပါသလား။
လေ ျှာက်ထားနိုင်ပါတယ်။ မိမိရဲ့ နိုင်ငံကူးလက်မှတ်နံပါတ်နှင့် မြန်မာနိုင်ငံတွင်းသုံး ဖုန်းနံပါတ်ကို ပေးရုံဖြင့် City Rewards အကောင့်ကို လွယ်လွယ်ကူကူ လေ ျှာက်ထားနိုင်ပါတယ်။ အမှတ်များကို မြန်မာနိုင်ငံရှိ City Mart Holdings Ltd ရဲ့ channels တိုင်းမှာ ရယူသုံးစွဲနိုင်ပါတယ်။
City Rewards အကောင့်ရရှိဖို့ ဘယ်လိုလေ ျှာက်ထားရမလဲ။
“ City Rewards ကို အနည်းဆုံး အသက် ၁၆ နှစ်နှင့်အထက် သုံးစွဲသူများ သုံးစွဲနိုင်ပါတယ်။ ဤသတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိပါက အောက်ဖော်ပြပါ လမ်းညွှန်ချက်များအတိုင်း App ကို ဒီနေ့ပဲ ဒေါင်းလုတ်ဆွဲကာ အကောင့်ဖွင့်ပြီး အကျိုးခံစားခွင့်များရယူလိုက်ပါ။ App ကို အခမဲ့ဒေါင်းလုတ်ဆွဲပြီး သုံးစွဲနိုင်ပါတယ်။
နောက်တစ်မျိုးကတော့ City Mart Supermarket, Ocean Supercenter နှင့် marketplace Customer Service ကောင်တာကို လူကိုယ်တိုင်သွားရောက်ပြီး City Rewards ကတ်ရယူသုံးစွဲနိုင်ပါတယ်။ ကတ်အတွက် ကျသင့်ငွေ သုံးထောင်ကျပ်ကောက်ခံမှာ ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။”