ချဥ်ငံစပ် ကွေ့တီယို

Posted in ထိုင်းအစားအစာ


ကွေ့တီယိုလို့ ပြောလိုက်တာနဲ့ သူ့ရဲ့ ထိမိတဲ့ ချဥ်ငံစပ်အရသာကို တွေးမိပြီး သွားရည်ကျနေကြပြီလား။  ဒီနေ့အတွက်တော့ အိမ်ကို ကိုယ်တိုင်လုပ်စားနိုင်ဖို့ ထိုင်းအရသာစစ်စစ် ကွေ့တီယိုလုပ်နည်းလေးကို ရွေးချယ် ဖော်ပြထားပါတယ်။ ပြုလုပ်ရလွယ်ကူတာကြောင့် မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ပိတ်ရက် မုန့်လုပ်စားတဲ့အခါ ကွေ့တီယိုလုပ်ပြီး လက်စွမ်းပြနိုင်ပြီပေါ့။

ပါဝင်ပစ္စည်းများ

  • ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ငရုတ်သီးမှုန့်၊ သကြား၊
  • ကွေ့တီယိုအဖတ်၊ အသားလုံး၊ ကြက်သား၊ ကြက်ရိုး၊ ဝက်သား
  • ပဲပင်ပေါက်၊ မုန်လာဥဖြူ၊ ကန်စွန်းရွက်

ပြုလုပ်နည်းလေးကတော့

  • အရင်ဆုံး ကွေ့တီယိုဖတ်ကို ရေစိမ်ထားပါ။
  • ကန်စွန်းရွက်နဲ့ မုန်လာဥဖြူကို လှီးဖြတ်ထားပါ။
  • ကြက်ရိုး၊ ဝက်သား၊ ကြက်သားတို့ကို ဂျင်း၊ ကြက်သွန်ဖြူ၊ နာနတ်ပွင့်၊ သစ်ကျပိုးခေါက်တို့ထည့်၍ ရေမြုပ်အောင်ထည့်ပြုတ်ပါ။ ဟင်းရည်အိုး ပွတ်လာပြီဆိုရင် အပေါ်ယံက အမြုပ်လေးတွေကို ဖယ်ပေ ရပါမယ်။
  • ပွတ်နေတဲ့ ဟင်းရည်အိုးထဲကို လှီးထားတဲ့ မုန်လာဥဖြူလေးတွေ ထည့်ပေးပါ။
  •  ခရုဆီ၊ ပဲငံပြာရည်အကြည်၊ အနောက်၊ အရသာမှုန့်၊ ဆား၊ ထန်းလျက်မှုန့်တို့ကို ထည့်ပါ။ ငရုတ်ကောင်း မှုန့်အနည်းငယ်ကိုလည်း ထည့်ပါ။ ကြက်သားလုံးတွေကိုလည်း ထည့်ပေးလိုက်ပါ။
  • ပြီးရင် အိုးကို အဖုံးအုပ်ပြီး မိနစ် (၃၀) ကြာတည်ထားလိုက်ပါ။ မိနစ် (၃၀) ကြာပြီးရင်တော့ အသားတွေ၊ အသားလုံးတွေကို ဆယ်ထားပါ။
  • ကွေ့တီယိုနဲ့ တွဲစားဖို့ ကြက်သွန်ဖြူဆီချက်နဲ့ ငရုတ်သီးဆီချက်ကို မီးအေးအေးနဲ့ ချက်ပါ။
  • ရေစိမ်ထားတဲ့ ကွေ့တီယိုအဖတ်နဲ့ အရွက်တွေကို (၂) မိနစ်ခန့် ပြုတ်ပေးပါ။
  • ဒါဆိုရင်တော့ ကွေ့တီယိုအတွက် ပါဝင်ပစ္စည်းတွေ အဆင်သင့်ဖြစ်နေပါပြီ။ ကွေ့တီယို အရည်ရော၊ အသုပ်ပါ စိတ်ကြိုက် ပြင်ဆင်စားသုံးလို့ ရပါပြီ။

လွယ်ကူတဲ့ နည်းလမ်းတွေကိုသုံးပြီး အရသာရှိတဲ့ ထိုင်းကွေ့တီယိုကို အရည်ရော၊ အသုပ်ပါ ကိုယ်တိုင်လက်စွမ်းပြနိုင်ပြီပေါ့။ ပိတ်ရက် အိမ်မှာ အတူတူလုပ်စားကြည့်ရအောင်...


Share

Comments

Anonymous

ကွေ့တယိုကထိုင်းမှာသာမကမြန်မာနိုင်ငံကလူတွေပါကြိူက်ရတဲ့မုန့်လေးပါချဉ်ချဉ်စပ်စပ်အရသာလေးကတကယ်ကောင်းတယ်ကိုယ့်အကြိုက်မုန့်လေးပါ

Nora Nora

အိမ်သားတွေတွက် ပိတ်ရက်တိုင်း စားနေကျမဟုတ်တဲ့အစားအသောက်လေးတွေချက်ပေးဖို့ တွက် ဆောင်းပါးလေးကအထောက်ကူဖစ်စေပါတယ် ဟင်းချက်ဝါသနာပါတဲ့ကျွန်မတွက်တော့ Good life ပါပဲ💜💜💜😍

Aye Sandar

ကွေ့သယိုလေးအိမ်မှာလုပ်စားလို့ရအောင် နည်းလမ်းလေးပေးလို့ ကျေးဇူးပါရှင့် အိမ်မှာလုပ်စားတော့ ငွေကုန်သက်သာပြီး မိသားစုနဲ့အတူ စားနိုင်ပြီ❤️❤️❤️