ရင်ထဲနွေးသွားမယ့် ဝက်မှိုလုံးဟင်းရည်ချို

Posted in တရုတ်အစားအစာ

ထမင်းဝိုင်းမှာ ဟင်းရည်ပူပူလေးတစ်ခွက်ပါမှ စားလို့မြိန်တဲ့သူတွေရှိလား။ အာဟာရရှိတဲ့ ပါဝင်ပစ္စည်းတွေနဲ့ စွတ်ပြုတ်ချိုလေးတစ်ခွက်ကို မကြိုက်တဲ့သူဆိုတာ ရှားမယ်ထင်ပါတယ်။  ဒါကြောင့် အသက်အရွယ်မရွေး ကြိုက်နှစ်သက်ကြမယ့် ဝက်မှိုလုံးဟင်းရည် ပြုလုပ်နည်းလေးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ 

ပါဝင်ပစ္စည်းများ

•    ဝက်သား(ကြိတ်သား)

•    ရှီတာကီမှို

•    မုန်ညင်းထုပ်

•    မုန်လာဥ

•    ပြောင်းဖူးကော်မှုန့်

•    ပဲလိပ်ခြောက်

•    ပန်းခြောက်


ဟင်းရည်ပြုလုပ်နည်းလေးကတော့ -

•    အရင်ဆုံး ကြိတ်ထားတဲ့ ဝက်သားကို ကြက်သားမှုန့်၊ ပဲငံပြာရည်၊ ခရုဆီ၊ ဂျင်း၊ ငရုတ်ကောင်း၊ မှို၊ ပြောင်းကော်မှုန့်တို့နဲ့ နယ်ပြီး အရသာသွင်းလိုက်ပါ။ 

•    အရသာသွင်းပြီးတဲ့ ဝက်သားကို အရွယ်တော် အလုံးလေးတွေလုံးပြီး ဆီအနည်းငယ်နဲ့ အပေါ်ယံ အရောင်ပြောင်းလာတဲ့အထိ ကြော်ပါ။ 

•    ကြက်သွန်ဖြူ၊ ဂျင်း၊ မုန်လာဥ၊ မှို၊ ပဲလိပ်တို့ကို ဆီသပ်ပြီး ရေမြုပ်အောင်ထည့်ပါ။ အရသာများထည့်ပြီး မုန်ညင်းထုပ်နဲ့ ပြောင်းဖူးကော်မှုန့်ထည့်ပြီး ဟင်းရည်ဆူလာအောင်တည်ပါ။ ဟင်းရည်ဆူလာလျှင် ကြော် ထားတဲ့ ဝက်မှိုလုံးတွေကိုထည့်ပြီး ၁၀ မိနစ်ခန့် တည်ထားပြီးပါက ဝက်မှိုလုံးဟင်းရည်ချိုချိုလေး စားဖို့ အသင့်ဖြစ်နေပါပြီ။ 

•    ဝက်မှိုလုံးဟင်းရည်ကို ပေါက်စီ၊ ဒင်းဆမ်းတို့နဲ့ တွဲဖက်ပြီး စားသုံးနိုင်ပါတယ်။  

စိတ်ကျေနပ်ဖွယ်အရသာနဲ့ အာဟာရအပြည့်ရှိတဲ့ ဒီစွတ်ပြုတ်ချိုလေးက အစာအိမ်နွေးပြီး တနေကုန် အားပြည့် နေစေတဲ့ပြင် လုပ်ရလည်းလွယ်၊ မြန်လည်းမြန်တာကြောင့် အလုပ်ရှုပ်တဲ့ နေ့ရက် တွေမှာ ကိုယ့်အကြိုက်ဟင်းရည်ပူပူလေးတစ်ခွက်ကို အချိန်တိုအတွင်း ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။ ဒီဝက်မှိုလုံး ဟင်းရည်ရှိပြီဆိုရင် အိမ်ရှင်မတို့အနေနဲ့ လူတိုင်းအကြိုက်နဲ့ကိုက်ညီတဲ့ ဟင်းတစ်ခွက်ချက်ဖို့ လည်း ခေါက်ခြောက်ခံ နေစရာမလိုတော့ဘူးမဟုတ်လား။


Share

Comments

Ma Khin Thuzar nyein

ကြက်ဥလောက်ပဲကြော်ချက်တတ်တဲ့ကိုယ့်အတွတ် အခုလိုဟင်းချက်နည်းစာတေဖက်လိုက်ရတာတကယ်အကျိုးရှိပါတယ် တကယ်လဲဗဟုသုတရလိုက်ပါတယ်ရှင့်😘😘

Hsu Myat Mon

ထမင်းနဲ့ပဲစားစား ဒီအတိုင်း​​လေးပဲစားစားအရမ်းကို ​ကောင်းမွန်​သောဟင်း​လေးတစ်ခွက်ဖြစ်ပါတယ်ရှင့်။ဟင်းရည်ပူပူ​လေးတစ်ခွက်ပါရင် ထမင်းစားမြိန်တာ​က​တော့အမှန်ပါပဲ။ အခုလို မျိုး ဟင်းချက်နည်းလမ်း​လေး​တွေကို ဖတ်ရှု​လေ့လာခွင့်ရတာ ​ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။

Thuta Maymay

တစ်ခါတလေတော့လဲ ရှင်သန်ရင်းနဲ့ ပင်ပန်းလာရတဲ့ နေ့ရက်တွေ ရှိပေမဲ့လို့ ကိုယ့်ကြောင့် တစ်စုံတစ်ယောက် ပျော်ရွှင်ကျေနပ် သွားရတာကို မြင်ရတဲ့ အခိုက်အတန့်တွေက ဘဝကို ဆက်လက် ရှင်သန်သွားစေခဲ့ပြီး အဓိပ္ပာယ်ရှိလာစေတယ်လေ။