ကိုယ့်အချစ်တော် ခွေးလေးတွေကို ဒီလိုလေ့ကျင့်ပေးကြမယ်

Posted in အိမ်မွေးတိရစ္ဆာန်, လေ့ကျင့်နည်းများ


ကိုယ့်အချစ်တော်ခွေးလေးတွေကို အမိန့်နာခံပြီး လိမ္မာစေဖို့ ကိုယ်တိုင်လေ့ကျင်ပေးတဲ့အခါ လက်အချက် ပြနည်းလေးတွေသုံးပြီး သင်ပေးတာဟာ လွယ်ကူထိရာက်တဲ့ နည်းလမ်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ စကားနဲ့ ပြောပြီးသင်ပေးမယ်ဆို သူတို့လေးတွေအတွက် တခါတလေမှာ နားလည်ရပိုပြီး ခက်နိုင်ပါတယ်။ ကိုယ့်ရဲ့အချစ်တော်ခွေးလေးတွေကို လွယ်လွယ်ကူကူနဲ့ သင်ပေးနိုင်တဲ့ အခြေခံ လက်အချက်ပြ နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးမှာ ကြည့်လိုက်ရအောင်။

(၁) ထိုင်ခိုင်းမယ်

ခွေးလေးတွေကိုထိုင်ခိုင်းဖို့ လေ့ကျင့်ပေးတဲ့အခါ သူတို့လေးတွေကြိုက်တဲ့မုန့်လေးကိုပြပြီး လေ့ကျင့်ပေးတာက အလွယ်ဆုံးနည်းလမ်းလေးတစ်ခုပါ။  ပထမဆုံးကိုယ့်ခွေးလေးရဲ့အာရုံ ကိုရဖို့အတွက်လက်ထဲမှာမုန့်ကိုကိုင်ထားပြီးသူ့ရဲ့နှာခေါင်းအနီးနားမှာထားပေးပါ။ပြီးရင်မုန့်ကို ခေါင်းပေါ်ထိမြှောက်ပြီး ခေါင်းနောက်ဘက်ထိ အနည်းငယ်ရွှေ့ပါ။အဲ့လိုလုပ်ပေးတဲ့အခါမှာ ခေါင်းကမုန့်နောက်ကိုလိုက်ပြီးပါသွားးမှာဖြစ်တဲ့အတွက်နောက်ပြန်လှည့်ရင်းထိုင်တဲ့ positionကိုတစ်ဖြည်းဖြည်းရောက်သွားပါလိမ့်မယ်။ထိုင်လိုက်ပြီဆိုရင်ဆုချတဲ့အနေနဲ့ ပြထားတဲ့ မုန့်ကိုကျွေးလိုက်ပါ။

(၂) နေခိုင်းမယ်

ကိုယ့်ရဲ့ခွေးလေးကိုနေရာမှာရပ်ပြီးနေဖို့သင်ပေးတဲ့အခါလက်အချက်ပြနဲ့တင်မကဘဲ အသံနဲ့ပါလေ့ကျင့်ပေးရင်အကောင်းဆုံးပါပဲ။အရင်ဆုံး‘Stop Sign’လုပ်သလိုမျိုး လက်ဖဝါးကိုရင်ဘတ်နားလောက်ထိဆန့်ထုတ်ပြီးသူ့ဘက်ကိုမျက်နှာမူပါ ဒါမှမဟုတ် သူ့မျက်နှာဘက်ကို လက်ညှိုးထောက်ပြပြီး 'အဲ့မှာနေ' လို့ပီပီသသပြောပါ။  ပြီးရင် ခြေတစ်လှမ်းနောက်ဆုတ်ပြီးစက္ကန့်အနည်းငယ်စောင့်ပါ။ကိုယ့်ရဲ့ခွေးလေးကအဲ့နေရာမှာပဲ  ပြောတဲ့အတိုင်းဆက်နေမယ်ဆိုရင် သူ့ကိုဆုချတဲ့အနေနဲ့ မုန့်ကျွေးပြီး ချီးမွမ်းပေးပါ။

(လာခိုင်းမယ်

ခွေးကိုကိုယ့်ဆီလာအောင်လုပ်ဖို့အတွက်ဆိုအရင်ဆုံးလက်ကိုဆန့်ထုတ်ပြီးလက်ဖဝါးဖြန့်ထားပါ။ ပြီးရင်ကိုယ့်ဆီခေါ်တဲ့အနေအထားဖြစ်အောင် ခန္ဓာကိုယ်ဘက်ကိုလက်ယက်ပြီးခေါ်ပါ။ အဲ့လိုလုပ်ပေးတာဟာ ခွေးကိုလာဖို့အချက်ပြပေးတာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ခွေးနဲ့တတန်းတည်းဖြစ်အောင် နိမ့်ထိုင်ပြီးနာမည်ခေါ်ရင်းလည်း လာအောင်လုပ်လို့ရပါတယ်။

(၄) တိတ်တိတ်နေခိုင်းမယ်

ခွေးလေးတွေကိုတိတ်တိတ်နေခိုင်းဖို့ပြောရတာတစ်ခါတစ်လေမှာအရမ်းခက်ပါတယ်။ အဲ့ဒါကြောင့်သူတို့လေးတွေအဆက်မပြတ်ဟောင်တဲ့အခါလက်အချက်ပြသုံးပြီးသင်ပြပေးဖို့အရေးကြီးပါတယ်။ သူစဟောင်ပြီဆိုရင် ကိုယ့်ရဲ့လက်ညိုးကို နှုတ်ခမ်းပေါ်တင် ပြီး"ရှုး"လို့အချက်ပြပြောပေးပါ။ဟောင်တာရပ်သွားပြီဆိုရင်သူရဲ့ခေါင်းလေးကို ပွတ်သတ်ပေးပါ ဒါမှမဟုတ် သူကြိုက်တဲ့မုန့်လေးတွေကျွေးပြီးဆုချပါ။

(၅) စောင့်ခိုင်းမယ်

စောင့်ဖို့အတွက်လက်အချက်ပြသင်ပေးတဲ့အခါမှာအရင်ဆုံးသူ့ကိုထိုင်ခိုင်းပါ။ပြီးရင်လက်ကိုအရှေ့ထုတ်၊လက်ဖဝါးကိုသူ့ဘက်မှာထောင်ထားပြီး”ခဏစောင့်”လို့ပီပီသသကြားအောင်ပြောပါ။ပြီးရင်ခြေလှမ်းအနည်းငယ်ဆုတ်ပြီးအဲ့နေရာမှာပဲဆက်နေစေချင်ကြောင်းကိုမိမိရဲ့ body language ကိုသုံးပြီးပြပါ။

ကိုယ့်ရဲ့ခွေးလေးတွေကိုလက်အချက်ပြနည်းတွေနားလည်အောင်သင်ပေးတဲ့အခါမှာ ကောင်းတဲ့ပုံမှန်အလေ့အထတွေသုံးပြီး၊လေ့ကျင့်ပြီးတိုင်းမှာလည်းချီးမွမ်းပေးဖို့ကိုမမေ့ပါနဲ့။ ဒီလိုလေ့ကျင့်မူတွေကိုအချိန်တိုတိုနဲ့ပျော်စရာကောင်းအောင်ပုံမှန်လေ့ကျင့်ပေးမယ်ဆို ကိုယ့်ရဲ့ခွေးလေးတွေဟာ လက်အချက်ပြနည်းတွေကိုတဖြည်းဖြည်းတုံ့ပြန်တတ်လာပြီး လိမ္မာရေးခြားရှိတဲ့ တိလေးတွေ ဖြစ်လာပါလိမ့်မယ်။








Share

Comments

Khin Wint Htal

အရင်ဆုံးWow😱လို့ပြောချင်ပါတယ်အရမ်းကိုထိထိမိမိလေးရေးသားသင်ပြပေးထားလို့ဝင်ဖတ်ရကျိုးနပ်ပါတယ်တိချစ်သူတယောက်မို့အရမ်းအသုံးဝင်သောနည်းလမ်းလေးတွေမျှဝေပေးလို့ ကျေးဇူးအထူးပါ🙏တကယ်အကျိုးရှိသောဒီlink လေးဖတ်ဖြစ်အောင်မျှဝေပေးသောOceanလဲဒီ့ထက်အောင်မြင်ပါစေ🙏 Linkလေးsaveထားပီးတခြားအကျိုးရှိတာလေးတွေရှာဖတ်ပါအုံးမယ်

Related Posts