အရေးပေါ်အ‌ခြေအနေအတွက် ခြေစောင့်လက်စောင့်ရှိအောင် ပြင်ဆင်ထားကြမယ်

Posted in လူမှုဘဝ, ကိုယ်ရည်ကိုယ်သွေး


ဘဝက မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေတတ်ပြီး တစ်ခါတစ်လေ အကုန်အကျများတဲ့ ကိစ္စရပ်တွေလည်းဖြစ်ပေါ်လာတတ်ပါတယ်။ ရုတ်တရက်ကြုံရတဲ့ ဆေးကုသစရိတ်တွေကစလို့ မမျှော်လင့်ထားတဲ့ အသေးသုံးအိမ်ပြင်စရိတ်တွေအထိ အရေးပေါ်ငွေကြေးလိုအပ်ချက်တွေက ကြိုတင်မပြင်ဆင်ထားတဲ့သူတွေအတွက် ဝင်ငွေထွက်ငွေ မမျှတတဲ့ အခြေအနေတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း သေချာပြင်ဆင်ထားမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အခုလို စိန်ခေါ်မှုဖြစ်စေတဲ့ အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးနိုင်တဲ့ လုံခြုပြည့်ဝတဲ့ပမာဏကို ဖန်တီးထားနိုင်ပါသေးတယ်။ ဒါဆိုရင် လက်တွေ့မှာ ဘယ်လိုတွေပြင်ဆင်လို့ရမလဲဆိုတာနဲ့ ပက်သက်ပြီး ကျွန်တော်တို့ လေ့လာကြည့်ရအောင်။  

အရေးပေါ်အသုံးစရိတ်တွေကို ပြင်ဆင်ပါ 

 အရေးပေါ်အသုံးစရိတ်တွေအတွက် ငွေကြေးကိုသီးသန့်ဖယ်ထားခြင်းက မမျှော်လင့်ထားတဲ့ ငွေကြေးအခြေအနေနဲ့ ကြုံတွေ့လာရတဲ့အခါမှာ ဒီလိုသီးသန့်ဖယ်စုဆောင်းထားတဲ့ ငွေကြေးတွေက ပြန်လည်အထောက်အကူ ဖြစ်စေနိုင်တာမို့ ငွေကြေးပိုင်းဆိုင်ရာ ပြင်ဆင်လုပ်ဆောင်ခြင်းအပိုင်းတွေအတွက် အခြေခံအကျဆုံး အချက်တစ်ချက်ဖြစ်ပါတယ်။ နောက် သုံးလကနေ ခြောက်လအထိ စားသောက်နေထိုင်စရိတ်တွေကို ကာမိနိုင်စေတဲ့ လက်တွေ့ကျတဲ့ ငွေကြေးစုဆောင်းခြင်းပန်းတိုင်တွေကို ချမှတ်လိုက်ပါ။ အဲ့တာကို အကောင်အထည်ဖော်ဖို့အတွက် ငွေစုအကောင့် သီးသန့်ဖွင့်လိုက်ပြီး ပုံမှန်လေးငွေကြေးစုဆောင်းသွားနိုင်ပါတယ်။ ပမာဏအနည်းငယ်ဆိုပေမယ့်လည်း အချိန်ကြာလာတဲ့အခါမှာ သိသာလာပါလိမ့်မယ်။

ကိုယ့်ငွေကြေးကို ပါးနပ်စွာ ဘက်ဂျက်ထားပါ 

ကိုယ်သတ်မှတ်ထားတဲ့ ငွေကြေးပမာဏတစ်ခုကိုသာ ထိန်းသိမ်းပြီး သုံးစွဲလုပ်ဆောင်ခြင်းက မမျှော်လင့်ထားတဲ့ ကုန်ကျစရိတ်တွေကို ကောင်းစွာ ကိုင်တွယ်နိုင်ဖို့အတွက်နဲ့ ငွေကြေးပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်းအပိုင်းတွေအတွက် အဓိကကျတဲ့ အပိုင်းတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ဝင်ငွေနဲ့ ထွက်ငွေတွေကို ဂရုတစ်စိုက်စားရင်းဇယားပြုစုပြီး အသုံးပြုလိုက်တဲ့ကုန်ကျစရိတ်ကို ရှင်းလင်းစွာသိရှိနိုင်ဖို့နဲ့ ကိုယ့်ရဲ့ငွေကြေးသုံးစွဲမှု အလေ့အကျင့်တွေကို ရှင်းလင်းစွာ နားလည်လာနိုင်ပါတယ်။ တစ်ချို့အသုံးစရိတ်တွေကို သေချာစီစစ်ပြီး ဘယ်နေရာမှာ ပိုစုပြီး ဘယ်နေရာမှာ ပိုမိုစုဆောင်းရမလဲဆိုတာကို ဆန်းစစ်သင့်ပါတယ်။ ကိုယ့်ဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းကို စုဆောင်းငွေအဖြစ်နဲ့ရော အရေးပေါ်အသုံးငွေအဖြစ်နဲ့ပါ စုဆောင်းထားခြင်းက ကိုယ်ရဲ့ငွေကြေးစိတ်ချလုံခြုံမှုကို တည်ဆောက်နေတာဖြစ်ပါတယ်။

အာမခံအကာအကွယ်ရယူထားပါ

ငွေကြေးဆိုင်ရာ ကာကွယ်လုပ်ဆောင်ခြင်းတွေမှာ အာမခံကအလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဘဝအာမခံ ဒါမှမဟုတ် ကျန်းမာရေးအကာအကွယ်လိုမျိုး အာမခံအကာအကွယ်ရယူထားခြင်းက အရေးပေါ်ငွေကြေးလိုအပ်ချက်တွေကို သိသိသာသာလျော့ချပေးပြီး စိန်ခေါ်မှုတွေ ကြုံတွေ့ရတဲ့အခါမှာ ကိုယ်တိုင်နဲ့အတူ ကိုယ်ချစ်ရတဲ့သူတွေကို ငွေကြေးကြောင့် စိတ်ပူပန်နေရမှုကို လျော့ချပေးနိုင်ပါတယ်။  သင့်အနေနဲ့ ကိုယ်ရဲ့ ငွေကြေးအခြေအနေနဲ့ ကိုက်ညီမှုရှိတဲ့ အာမခံအစီအစဉ်တစ်ခုကို ရွေးချယ်သင့်ပြီး အပိုထပ်ဆောင်း ဝန်ဆောင်မှုဖြစ်တဲ့ ငွေကြေးစုဆောင်းခြင်းပါတဲ့ အာမခံအစီအစဉ်တစ်ခုကို ရယူဖို့အကြုံပြုချင်ပါတယ်။

ချေးငွေတွေကို စီမံခန့်ခွဲပါ

ချေးငွေအများကြီး ယူထားတာက မမျှော်လင့်ထားတဲ့အသုံစရိတ်တွေကို ကိုင်တွယ်လုပ်ကိုင်တဲ့အခါမှာ အခက်အခဲရှိနိုင်ပါတယ်။ အတိုးများတဲ့ ချေးငွေတွေကို ဦစားပေး ပေးချေပြီးတော့ ငွေကြေးစုဆောင်းခြင်းအတွက် တစ်ချို့တစ်ဝက်သောပမာဏကို ဖြေလျော့လုပ်ဆောင်တာမျိုး လုပ်ဆောင်သင့်ပါတယ်။ ကိုယ့်ရဲ့ ချေးငွေတွေကို တာဝန်သိသိစီမံခန့်ခွဲခြင်းက  ငွေကြေးအခြေခိုင်မှုကို တိုးတတ်စေရုံသာမကပဲ  မမြင်ရသေးတဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာလည်း အများကြီးအထောက်အကူဖြစ်စေပါတယ်။

အကူအညီဖြစ်စေမယ့် ကွန်ရက်တစ်ခုကို တည်ဆောက်ပါ

ငွေကြေးပိုင်းဆိုင်ရာ အရေးပေါ်လိုအပ်ချက်တွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ အကူအညီဖြစ်စေနိုင်တဲ့ မိတ်ဆွေအပေါင်းအသင်းရှိခြင်းက လောကကြီးမှာ အသက်ရှင်ရတာ ပိုကောင်းမွန်စေပါတယ်။ ကိုယ့်အနေနဲ့စိန်ခေါ်မှုတွေကို ကြုံတွေရတဲ့အခါမှာ ကူညီပေးနိုင်တဲ့ မိတ်ဆွေအပေါင်းအသင်းနဲ့ မိသားစုဝင်တွေဆီကို ဆက်သွယ်လုပ်ဆောင်ခြင်းက ခဏတာအခြေအနေတွေမှာ အကူအညီဖြစ်စေပါတယ်။ အကူအညီတောင်းခံခြင်းက အားနည်းတာမဟုတ်တာကို အမြဲမှတ်ထားပြီး ကိုယ့်အတွက် ရပ်တည်ပေးနိုင်တဲ့ လူတွေရှိခြင်းက မမျှော်လင့်ထားတဲ့ ကုန်ကျစရိတ်တွေအတွက် ဖြစ်ပေါ်တတ်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။

အပေါ်မှာပြောသွားတဲ့အချက်လေးတွေကို လိုက်နာလုပ်ဆောင်ပြီး ခိုင်မာသေချာတဲ့ ငွေကြေးလုံခြုံစိတ်ချမှုကို တည်ဆောက်ခြင်းက မမျှော်လင့်ထားတဲ့ ကုန်ကျစရိတ်တွေကို ကောင်းကောင်းစီမံနိုင်ပြီး တစ်ခြားတစ်ဖက်မှာလည်း ခိုင်ခိုင်မာမာရပ်တည်လာနိုင်ပါတယ်။ ဒါကြောင့်မို့ အနာဂတ်အတွက် ငွေကြေးပိုင်းဆိုင်ရာ ပြင်ဆင်လုပ်ဆောင်ခြင်းမှာ နောက်ကျတယ်ဆိုတာမရှိတာမို့လို့ ဒီနေ့ပဲ သင့်ရဲ့ ငွေကြေးအခြေအနေတွေကို သေချာစီမံလိုက်ရအောင်။


Share

Comments

Htun Lynn Aung

ကိုယ့်ရဲ့ နေ့စဉ် ဘဝမှာ ငွေကြေး စီမံ ခန့်ခွဲ မှု့တွေ စနစ်တကျ ဘယ်လို့ လုပ်ဆောင်ရမလဲ သိခဲ့ရတယ် ။ ကိုယ်တိုင်းကလည်း Life Insurance နယ်ပယ်က ဝန်ထမ်း ဖြစ်တဲ့အတွက်ကြောင့် Customer တွေကို knowledge sharing အနေဖြင့်လည်း အကျိုးရှိတဲ့ ဆောင်းပါးကောင်း တစ်ခု ဖြစ်ပါတယ် ။

Wai Wai Han

ဝင်ငွေဘယ်လောက်ပဲရှိရှိ ဝင်ငွေ၊ထွက်ငွေကို သေချာမတွက်ပဲအသုံးပြုနေတဲ့ကျွန်မအတွက်တကယ်အသိတစ်ခုနဲ့အကြံဥာဏ်ကောင်းတစ်ခုပေးတဲ့ဆောင်းပါးလေးပါ။စည်းစနစ်ကျစွာလုပ်ဆောင်ဖို့ ရေးထားတဲ့အချက်အလက်လေးတွေကိုသေချာလုပ်ကြည့်ချင်စိတ်ဖြစ်စေတဲ့ဆောင်းပါးလေးမို့အကြိုက်ဆုံးပါရှင်။

Wah Wah hnin

ဒီလိုဆောင်းပါးလေးတွေဖတ်ရတာ plan မရှိသေးသူတွေအတွက် အလွန်းကောင်းတဲ့ဆောင်းပါးလေးပါ ၊ the good life website လေးက လူတိုင်းအတွက် မိမိစိတ်ဝင်စားတဲ့အရာတွေကို လမ်းညွှန်ပေးနေသလိုပါပဲ ၊ ငါးမိနစ်ဆောင်းပါးလေးတွေ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်ရှင့် နောင်လည်းအမြဲဝင်ဖတ်နေပါမယ်💗💗💗

Related Posts