နွေပိတ်ရက်တွေမှာ မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းမယ်ဆို ဒါလေးတွေသိထားပါ

Posted in လူမှုဘဝ


နွေရာသီဆိုတာကတော့ အပြင်ထွက်လည်လို့ကောင်းတဲ့ အချိန်ကောင်းတစ်ခုဖြစ်ပေမယ့် တစ်ခါတစ်လေမှာ ရာသီဥတုပူတဲ့အတွက်ကြောင့် ဒါမှမဟုတ် တခြားအကြောင်းအရာတွေကြောင့် မိသားစုနဲ့အတူ အပြင်မထွက်ဘဲ အိမ်မှာပဲပိုနေချင်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ အဲ့ဒီလိုအချိန်တွေမှာ အိမ်မှာပဲနေပြီး မိသားစုနဲ့အတူ အချိန်ကုန်လို့ရတဲ့ အိုင်ဒီယာလေးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အတူတူ ချက်ပြုတ်စားခြင်း

မိသားစုလိုက် အစားအသောက်တွေ ပြင်ဆင်ချက်ပြုတ်တာက တစ်ယောက်နဲ့တစ်ယောက် ပိုမိုနီးကပ်စေပြီး ပျော်ရွှင်စရာအမှတ်တရတွေကိုလည်း ဖန်တီးပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ဒီနွေရာသီမှာ နွေရာသီနဲ့လိုက်ဖက်တဲ့ ရေခဲချောင်း၊ သံပုရာဖျော်ရည် ဒါမှမဟုတ် သစ်သီးဖျော်ရည်လိုမျိုး အရာတွေကို မိသားစုနဲ့တူတူ လုပ်စားကြည့်ပါ ။ ကိုယ့်မှာကလေးရှိတယ်ဆိုရင်လည်း ကလေးနဲ့အတူ ဘာချက်ကြမလဲ၊ ဘာတွေဝယ်ကြမလဲ တူတူတိုင်ပင်ပြီး  သူတို့ကို ချက်ပြုတ်ဖို့ပါဝင်လာအောင် ဆွဲခေါ်တာမျိုးတွေ လုပ်နိုင်ပါတယ်။


Board game ကစားခြင်း

မိသားစုလိုက် ညဘက်မှာ မိုနိုပိုလီ၊ Uno ဒါမှမဟုတ် ဂျန်ဂါစတဲ့ ဂိမ်းတွေကိုလည်း အတူကစားလို့ရပါသေးတယ်။ အခုလို မိသားစုလိုက် တူတူ ဂိမ်းဆော့တာက တန်ဖိုးရှိတဲ့အချိန်လေးတွေ ဖြစ်စေမှာဖြစ်သလို ကလေးတွေကိုယ်တိုင်ကလည်း  ဂိမ်းကစားခြင်းတွေက တဆင့် လေ့လာသင်ယူလို့ရပါတယ်။ သူတို့ရဲ့အနိုင်အရှုံးတွေအပေါ် ဘယ်လို ကိုင်တွယ်ဖြေရှင်းကြလဲဆိုတာကို လေ့လာကြည့်ပြီး ဘဝမှာ အနှောက်အယှက်တွေကို ဘယ်လိုမျိုး ကြံ့ကြံ့ခံရမလဲဆိုတာတွေကိုလည်း သူတို့ကိုသင်ပေးနိုင်ပါတယ်။

ရုပ်ရှင်ဇာတ်လမ်းအတူကြည့်ခြင်း

နွေရာသီ အငွေ့အသက်လေးတွေပါတဲ့ ရုပ်ရှင် ဒါမှမဟုတ် မိသားစုကြိုက်တဲ့ ရုပ်ရှင်တွေကို ရွေးချယ်ပြီး ရေခဲမုန့်၊ ပေါက်ပေါက်ဆုပ်တို့လို အဆာပြေမုန့်လေးတွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေ တစ်ကားပြီးတစ်ကား အတူတကွကြည့်တာမျိုးတွေလည်း လုပ်လို့ရပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ယောက်ချင်းစီက အကြိုက်ဆုံးရုပ်ရှင်တွေကို ရွေးချယ်လို့ရပြီး သူတို့ရွေးချယ်ထားတဲ့ ရုပ်ရှင်တွေကနေတစ်ဆင့်လည်း တစ်ယောက်အကြောင်း တစ်ယောက် ပိုမိုနားလည်သဘောပေါက်နိုင်ပါတယ်။ 

ရတနာရှာတဲ့ဂိမ်း

နွေရာသီပိတ်ရက်အတွင်း  အိမ်မှာကလေးတွေနဲ့အတူ ဆော့ကစားလို့ရတဲ့ ပျော်ရွှင်စရာအစီအစဥ်တစ်ခုကတော့ ရတနာလိုက်ရှာတဲ့ ဂိမ်းလေးဖြစ်ပါတယ်။ ပစ္စည်းသေးသေးလေးတွေကို အိမ်ထဲမှာ ဖွက်ထားပြီးတော့ သဲလွန်စလေးတွေပါတဲ့ မြေပုံကိုဆွဲထားတာမျိုးဖြစ်ပါတယ်။ ဥပမာ- ရေသန့်ဘူးအဖုံးလေးကို ခေါင်းအုံးအောက်မှာ ဖွက်ထားတယ်ဆိုရင် သဲလွန်စက “ငါကအနီရောင်အဝိုင်းပုံစံလေး ပြီးတော့ တိမ်တွေအောက်မှာ ငါက ရှိနေပါတယ်”ဆိုတာမျိုးပေါ့။ ကလေးတွေအနေနဲ့လည်း ပဟေဠိတွေနဲ့အတူ အဖြေရှာရတာတွေကို သေချာပေါက်သဘောကျမှာဖြစ်ပါတယ်။ ကလေးတွေက ဖွက်ထားတဲ့ပစ္စည်းတွေကို အောင်အောင်မြင်မြင် နေရာတကျ ပြန်ထားနိုင်တယ်ဆိုရင်တော့ ဆုအနေနဲ့ ရေခဲမုန့်ကျွေးတာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်။ 

အိမ်မှာ ကာရာအိုကေ သီချင်းဆိုခြင်း

သီချင်းဆိုရတာကို ကြိုက်လား။ အိမ်မှာရှိတဲ့ တီဗွီ နဲ့ မိုက်ကိုသုံးပြီး ပေါ့ပေါ့ပါးပါး ကာရာအိုကေ သီချင်းဆိုတဲ့ အစီအစဥ်လေးတစ်ခုကို မိသားစုလိုက် လုပ်လို့ရပါသေးတယ်။ သံဗူးလွတ် (ဒါမှမဟုတ်) ပလက်စတစ်ဘူးအလွတ်ထဲကို ဆန် (သို့) ပဲစေ့လေးတွေထည့်ပြီး music shakers   အနေနဲ့လည်း ကာရာအိုကေဆိုနေတဲ့တစ်လျှောက်လုံး အသုံးပြုနိုင်ပါသေးတယ်။

အခုလို အိမ်ထဲမှာလုပ်ဆောင်လို့ရတဲ့ နွေရာသီအစီအစဥ်လေးကို ပြင်ဆင်မယ်ဆိုရင် နီးစပ်ရာ Ocean Supercenter တွေဆီကိုသွားပြီး လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူနိုင်ပါတယ်။ ဟင်းချက်စရာတွေ၊ အချိုပွဲမုန့်တွေနဲ့ သရေစာမုန့်တွေကစလို့ ကစားစရာတွေ ၊ လျှပ်စစ်ပစ္စည်းတွေအထိ ပစ္စည်းအမျိုးအစားအစုံကို တစ်နေရာထဲမှာ ရနိုင်တာမို့လို့ သင်ချစ်ရတဲ့သူတွေနဲ့အတူ မမေ့နိုင်တဲ့အမှတ်တရတွေကို ဖန်တီးတဲ့နေရာမှာ အများကြီး အကူအညီဖြစ်စေမှာပါ။ ပျော်ရွှင်စရာ နွေရာသီမိသားစု တွေ့ဆုံမှုလေးဖြစ်ပါစေနော်။


Share

Comments

Related Posts