နွေရာသီကမ်းခြေ အပန်းဖြေခရီးသွားရင် ဘယ်လိုပစ္စည်းလေးတွေ ယူသွားကြမလဲ

Posted in လူမှုဘဝ, ခရီးသွားခြင်း


ပူနွေးတဲ့ နေရောင်ခြည်နဲ့အတူ ပျော်စရာကောင်းတဲ့ အချိန်လေးတစ်ခု ရောက်ရှိလို့ လာပါတော့မယ်။ ဒီနွေရာသီပိတ်ရက်လေးမှာ သင့်အနေနဲ့ ကမ်းခြေတစ်ခုခုကို သွားဖို့စိတ်ကူးနေပြီလား။ ဒါဆိုရင်တော့ ဒီစာလေးကိုဖတ်ပြီး နွေရာသီ ကမ်းခြေသွားရင် ယူသွားရမယ့် ပစ္စည်းစာရင်းလေးကို လိုက်မှတ်ထားလိုက်တော့နော်။  

တစ်ကိုယ်ရည်သုံးပစ္စည်းများ

ကမ်းခြေသွားရင် လုံးဝ မမေ့ရမယ့်အရာက sunscreen နဲ့ moisturizer ပါပဲ။ ပုံမှန်ခရီးသွားရင် ယူသွားနေကျ ခေါင်းလျှော်ရည်၊ ဆံပင်ပေါင်းဆေး၊ ဘီး ၊ရေချိုးဆပ်ပြာ၊ သွားတိုက်တံနဲ့ သွားတိုက်ဆေးတွေ အပြင် နေရောင်ကာခရင်မ်နဲ့ moisturizer ကို မပါမဖြစ် ပါအောင်ထည့်သွားပါနော် ။ ကိုယ်ယူသွားမယ့် sunscreen ဟာဆိုရင် ရေစိုခံပြီး  အသားအရေကို UV ဒဏ်ကနေ အပြည့်အဝကာကွယ်ဖို့ အနည်းဆုံး SPF 30 ပါသင့်ပါတယ် ။  ပြီးတော့ တစ်နေ့လုံး နေရောင်ဒဏ်ခံရမှာဖြစ်လို့  အသားအရေကို စိုပြေနူးညံ့စေမယ့် ရှားစောင်းလက်ပတ်ဂျယ် ဒါမှမဟုတ် အေးမြစေတဲ့ လိုးရှင်းတွေ ထည့်ယူသွားဖို့လည်း မမေ့နဲ့နော်။  

ကျန်းမာရေးသုံးပစ္စည်းများ

ပင်လယ်ကမ်းခြေက တကယ့်ကို ပျော်စရာကောင်းပြီး  အေးအေးချမ်းချမ်း အနားယူနိုင်တဲ့ နေရာတစ်ခုပါ။ ဒါပေမယ့် ပျော်ရင်းပါးရင်း ထိခိုက်အနာတရလေးတွေလည်း ရှိတတ်တာမို့ အရေးပေါ် ကျန်းမာရေးပစ္စည်းတွေ ယူသွားသင့်ပါတယ်။ ဥပမာ - အရေးပေါ်လိုနိုင်တဲ့ ဆေးပလာစတာနဲ့ ပိုးသတ်တစ်ရှူးတွေ၊ ပုံမှန်သောက်နေကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေး၊ အ‌စာကြေဆေး၊ အယောင်ကျဆေး နဲ့ အမူးပြေဆေး စတာတွေကို လိုရမယ်ရထည့်သွားသင့်ပါတယ်။ သွားရင်းလာရင်း လက်ကို အလွယ်တကူသန့်စင်နိုင်ဖို့ လက်သန့်ဆေးရည်နဲ့ ရေစိုတစ်ရှူးတွေလည်း မမေ့နဲ့နော်။

အဆာပြေစားစရာသောက်စရာများ

အဆာပြေစားဖို့ဆိုရင် ဘီစကစ်တွေ၊ အစေ့အဆံတွေ၊ လတ်ဆတ်တဲ့ အသီးအနှံ ဒါမှမဟုတ် သစ်သီးခြောက်တွေ လိုမျိုး သိမ်းလွယ်သယ်လွယ်တဲ့ အဆာပြေစာလေးတွေ ယူသွားသင့်ပါတယ်။ တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေစေဖို့ ရေသန့်အလုံအလောက်နဲ့  အားဖြည့်အချိုရည်နဲ့ ဖျော်ရည်တွေလည်း ယူသွားသင့်ပါတယ် ။ ကမ်းခြေမှာ ပလတ်စတစ်ဘူးခွံတွေနဲ့ ရှုပ်ပွမနေအောင်  eco-friendly လည်းဖြစ် ၊ ပြန်လည်းသုံးလို့ရတဲ့ ရေဘူးလေးတွေ ယူသွားဖို့လည်း အကြံပြုလိုပါတယ်။ 

ကမ်းခြေဝတ် ပေါ့ပေါ့ပါးပါး အဝတ်အစားများ

ကမ်းခြေမှာဝတ်ဖို့ ရေကူးဝတ်စုံတွေ၊ ပုဝါရှည်တွေ ဒါမှမဟုတ်ရင်လည်း ဂါဝန်တွေနဲ့  ခြေညှပ်ဖိနပ်၊ ဦးထုပ်၊ နေကာမျက်မှန် ၊ မျက်နှာသုတ်ပုဝါစတာတွေ ယူသွားသင့်ပါတယ်။ ဓာတ်ပုံထဲမှာ လှနေအောင် မသွားခင်ထဲက ကိုယ်ဝတ်မယ့်အဝတ်အစားလေးတွေကို ကြိုရွေးပြီး ပြင်ထားဖို့အကြံပြုချင်ပါတယ် ။အဲဒါ့အပြင် ရေဆော့နေရင်း တန်ဖိုးရှိအသုံးအဆောင်ပစ္စည်းတွေ ထည့်လို့ရအောင် ရေစိုခံအိတ်တစ်လုံးလည်း ယူသွားပါ။ ကမ်းစပ်မှာ ရေစိုနိုင်တာကြောင့် အဝတ်အပို တစ်စုံနှစ်စုံ ယူသွားရင်လည်း ပိုအဆင်ပြေစေမှာပါ။

တခြားအသုံးအဆောင်ပစ္စည်းတွေအနေနဲ့ဆို ခရီး‌ဆောင်စပီကာ၊ စာအုပ် ဒါမှမဟုတ် e-reader နဲ့  ခေါက်ဖျာတွေလည်း ယူသွားနိုင်ပါတယ်။

အကြံပြုရမယ်ဆိုရင် နေပူပူအောက်မှာ မသက်မသာဖြစ်စေမယ့် လည်ဆွဲနဲ့ လက်ကောက်လို လက်ဝတ်ရတနာတွေ ယူမသွားသင့်ပါဘူး ။ တချို့လက်ဝတ်ရတနာတွေက ပင်လယ်ရေကြောင့် အရောင်ညစ်ပြီး မှိန်သွားတာတွေလည်း ဖြစ်နိုင်တာမို့ ယူမသွားတာ အကောင်းဆုံးပါပဲ။

ကမ်းခြေခရီးသွားရင် ယူသွားရမယ့် ဒီပစ္စည်းစာရင်းလေးကို  အိုးရှင်းစူပါစင်တာသွားတဲ့အခါ ‌စျေးဝယ်လမ်းညွှန်အဖြစ် ယူသွားနိုင်ပါတယ်နော်။ နောက်ပိုင်းမှာ သင်္ကြန်ပရိုမိုးရှင်းအစီအစဥ်တွေ ၊  စိတ်လှုပ်ရှားဖွယ်လျှော့စျေးအစီအစဥ်တွေလည်း လာတော့မှာမို့  နေရောင်ခြည်အောက်မှာ ပျော်ရွှင်မှုတွေကို စတင်လိုက်ပါ။ 


Share

Comments

Naung Naung

နွေရာသီမှာ ခရီးသွားဖို့စီစဥ်ထားလို့ လိုအပ်တာတွေ ဝယ်ဖို့ စဥ်းစားနေလို့ ဒီဆောင်းပါးလေးက ရွှေပဲဗျ လိုအပ်တာလေးတွေ သေချာရေးမှတ်ထားပြီး စူပါစင်တာသွားဝယ်တော့မယ်ဗျို့

Pwint Hlaing

ဒီဆောင်းပါးလေးဖတ်မှသတိရတော့တယ် ကမ်းခြေသွားရင် တန်ဖိုးကြီး‌လက်ဝတ်ရတနာတွေယူသွားလို့ပင်လယ်ထဲပြုတ်ကျနေခဲ့ရင် သတိထားမိမှာမဟုတ်ဘူး Sunscreen ယူဖို့လည်းသတိရသွားလို့ကျေးဇူးပါရှင်

Ei San

ကျွန်မရဲ့ပျော်ရွှင်ရဆုံးအချိန်က ခရီးထွက်ခြင်းပါပဲ။အဲ့တော့ ကျွန်မအဖတ်များတဲ့စာတွေကလဲ ခရီးသွားတာနဲ့ပတ်သတ်တာတွေပေါ့။ခုလို ခရီးတစ်ခုထွက်ဖို့ ဘက်စုံထောင့်စုံလေးရေးသားဖော်ပြထားတာလေးဖတ်ရတာ ကျွန်မအတွက်တော့အဖိုးဖြတ်မရတဲ့ရတနာလေးရလိုက်သလိုပါပဲ။🥰🥰

Related Posts