ကလေးငယ်လေးတွေနဲ့ခရီးသွားမယ်ဆို ဒါလေးတွေလုပ်ဖို့မမေ့ပါနဲ့

Posted in လူမှုဘဝ, မိဘအုပ်ထိန်းခြင်း


ခရီးသွားတယ်ဆိုတာ ကလေးငယ်တွေအတွက် အသိဉာဏ်ကြွယ်ဝစေပြီး  မျက်စိပွင့် နားပွင့်ဖြစ်စေတဲ့ အတွေ့အကြုံဖြစ်စေမှာပါ ။ လမ်းလျှောက်တတ်ခါစ ကလေးငယ်လေးတွေနဲ့ ခရီးထွက်ရတာဟာ လွယ်ကူတာတော့ မဟုတ်ပေမယ့် ကလေးနဲ့ ကိုယ့်ကြားမှာ ပိုမိုရင်းနှီးလာစေတဲ့ အချိန်ကောင်းတစ်ခုကို ဖန်တီးနိုင်တာမို့ မေ့မရနိင်တဲ့ အတွေ့အကြုံတစ်ခုဖြစ်လာမှာ အသေအချာပါပဲ။ နောင်သွားမယ့် မိသားစုခရီးတွေမှာ ပျော်စရာပိုကောင်းပြီး စိတ်ဖိစီးမှုနည်းစေဖို့အတွက် နည်းလမ်းလေးအချို့ မျှဝေပေးချင်ပါတယ်။ 

ထည့်ရမယ့်ပစ္စည်းတွေကို စာရင်းလေးလုပ်ထားပါ 

ခရီးမထွက်ခင် ထည့်ရမယ့်ပစ္စည်းတွေကို စာရင်းလေးလုပ်ထားတဲ့အခါ အရေးကြီး ယူသွားရမယ့်ပစ္စည်းတွေကို မမေ့တော့ဘူးပေါ့။ ကလေးတွေနဲ့ ခရီးသွားတဲ့အခါ သက်တောင့်သက်သာရှိဖို့က အရေးအကြီးဆုံးပါပဲ။ လမ်းလျှောက်တတ်ခါစဆိုတော့ လမ်းတွေ တောက်တောက် တောက်တောက်နဲ့ လျှောက်သွားနေမှာမို့လို့ သက်တောင့်သက်သာရှိတဲ့ အင်္ကျီလေးတွေ၊ ဖိနပ်လေးတွေ သယ်သွားသင့်ပါတယ်။ အဲ့ဒါအပြင်ကို လမ်းလျှောက်ရင်း ညောင်းလာရင် ချီထားစရာမလိုအောင် ခေါက်ပြီးယူသွားလို့ရတဲ့ ကလေးတွန်းလှည်းလေးလည်း ယူသွားသင့်ပါတယ်။ သူတို့ရဲ့ နုနယ်လှတဲ့ အသားအရေကို နေရောင်ခြည်ဒဏ်က ကာကွယ်ဖို့အတွက် ကလေးသုံးနေရောင်ကာခရင်မ်တွေ၊ လိုးရှင်းတွေ ယူသွားဖို့လည်း မမေ့ပါနဲ့နော်။

အပန်းဖြေစရာနဲ့ အီလက်ထရောနစ်ပစ္စည်းလေးတွေ ယူသွားပါ 

အိမ်မှာ screen time နဲ့ ပတ်သက်ပြီး စည်းကမ်းတင်းကျပ်ထားတယ်ဆိုရင်တောင် ခရီးထွက်နေတုန်း၊ လေယာဉ်ပေါ်ရောက်နေတုန်းဆိုရင်တော့ နည်းနည်းလောက် ဖြေလျော့ပေးလိုက်ဖို့ အကြံပြုလိုပါတယ်။ ခရီးစဥ်တစ်လျှောက် ကလေးအပျင်းပြေဖို့ ပုံပြင်စာအုပ်လေးတွေ၊ ရောင်စုံခြယ်စာအုပ်တွေ၊ ပဟေဠိစာအုပ်တွေ၊ iPad စတာလေးတွေ သယ်သွားလို့ရပါတယ်။ ကလေးကို ခရီးစဥ်တစ်လျှောက်သယ်သွားဖို့ သူအကြိုက်ဆုံး အရုပ်လေး တစ်ရုပ်၊ နှစ်ရုပ်ကို ထုပ်ပိုးခိုင်းပြီး သူနဲ့အတူ ပစ္စည်းလေးတွေကို အတူတူပြင်ဆင်လိုက်ပါ။ 

မုန့်အပိုတွေယူသွားပါ 

လမ်းလျှောက်တတ်ခါစ ကလေးအရွယ်တွေအတွက် လမ်းခရီးမှာစားလို့အဆင်ပြေမယ့် အစားအသောက် ရွေးရတာကလည်း မလွယ်ကူလှပါဘူး။ အထူးသဖြင့် ကလေးက အစားအသောက်ကြေးများတယ်ဆို ပိုဆိုးတာပေါ့။ မေမေတို့က သူတို့အဆာပြေဝါးဖို့ မုန့်လေးတွေ သယ်လာလိုက်မယ်ဆိုရင် ခရီးတစ်လျှောက်လုံး မုန့်စားရင်း ပျော်ပျော်ရွှင်ရွှင် ငြိမ်ငြိမ်သက်သက် ရှိနေမှာမို့ မေမေတို့ကို ဂျီကျချိန်လည်း မရှိတဲ့အတွက် စိတ်သက်သက်သာသာနဲ့ ခရီးသွားနိုင်မှာပါ။ ညစ်ပတ်ပေပွနိုင်မှာမို့လို့ ကြိုတင်ပြင်ဆင်သွားပါ 

ကလေးတွေနဲ့ ခရီးသွားမယ်ဆိုရင်တော့ ညစ်ပတ်ပေပွနိုင်ခြေက ရှောင်လွှဲလို့မရနိုင်ပါဘူး။ အဲ့ဒါကြောင့် ကိုယ့်အတွက်ရော ကလေးအတွက်ပါ အဝတ်အစားအပိုယူသွားတာ မမှားပါဘူး။ ဘာနဲ့ပဲဖြစ်ဖြစ် တွဲဝတ်လို့ရတဲ့အဝတ်အစားတွေ ထည့်သွားလိုက်ပါ။ အဲ့ဒါဆို ညစ်ပေသွားတဲ့အခါ အပေါ်အင်္ကျီပဲဖြစ်ဖြစ် ဘောင်းဘီပဲဖြစ်ဖြစ် အလွယ်တကူလဲလို့ရပြီပေါ့။ လဲပြီးသားအင်္ကျီတွေဖြစ်ဖြစ်၊ ညစ်ပေနေတဲ့ အဝတ်တွေဖြစ်ဖြစ် ထည့်ဖို့အတွက် Ziploc bag အကြီးတွေကိုလည်း ယူသွားနိုင်ပါတယ်။ 

ကလေးတွေအတွက် အဆင်ပြေမယ့် ဟိုတယ်မျိုးကို ရွေးချယ်ပါ 

ဟိုတယ် booking တင်တဲ့အခါ ကလေးတွေနဲ့ အဆင်ပြေစေမယ့် အိပ်ယာအနေအထား၊ အိပ်ယာအပြင်အဆင်မျိုးပါတဲ့ ဟိုတယ်မျိုးကို ရွေးချယ်ပါ။ ရေကူးကန်တွေ၊ ကစားကွင်းတွေ၊ kids club တွေ ပါမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ကိုယ်သွားလည်မယ့်နေရာတွေနဲ့ နီးမယ့် hotel မျိုးကို booking လုပ်ကြည့်ပါ။ အဲ့ဒါမှ သွားရလာရတာလည်း သက်သာပြီး ကလေးထိန်းရတာလည်း ပိုလွယ်မှာပဲဖြစ်ပါတယ်။ 

ထည့်ရမယ့်ပစ္စည်းစာရင်းလုပ်ပြီးတဲ့အခါ ခရီးအတွက် လိုအပ်မယ့်ပစ္စည်းလေးတွေဝယ်ဖို့ ကလေးပစ္စည်းအစုံရတဲ့ City Baby Club ကို လာခဲ့လိုက်ပါ။ ဒီစာလေးကို သိမ်းထားပြီး အသုံးလိုမယ်ထင်တဲ့ သူငယ်ချင်းတွေကိုလည်း share ပေးဖို့လည်း မမေ့နဲ့နော်။ 


Share

Comments

Myat Thu Nyein

အလုပ်နဲ့မိခင်ဘဝ ဟန်ချက်ညီအောင် လုပ်နေရတဲ့အခါ ဘဝရဲ့ အမောတွေ ဖြေလျော့ဖို့ family trip လေးတစ်ခု သွားတော့မယ့်အခါပြင်ဆင်သင့်တာသိလိုက်ရပါတယ်

Charis Alaythia

ခရီးထွက်ရတာကို ပျော်တဲ့ မိခင် လောင်း တစ်ဦးအနေနဲ့ ….မီး မီး လေး family trip ထွက်လို့ ရတဲ့ အရွယ်ရောက်တဲ့ အခါ၊ပြင်ဆင်ရမယ့်အရာတွေ သိရှိလာပြီး ၊စိတ်ကူးလေးနဲ့ တင်ပီတိ ဖြစ်မိလာတယ်။🥰

Hnin Ou

အမြဲတမ်းစာတွေနဲ့အချိန်ကုန်နေတဲ့သားသမီးတွေနဲ့ဘဝတစ်သက်စာမမေ့ဖို့အမှတ်တရtrip တွေထွက်ပေးဖို့လိတယ်ဆိုတာသိလိုက်ရလို့​ေကျးဇူးပါနော်

Related Posts