အကောင်းဆုံး ဝိုင်နဲ့ ချိစ် အတွဲအစပ်များ

Posted in အစားအစာ


ဝိုင်နဲ့ ချိစ် တွဲဖက်မှုက ငြိမ့်ညောင်းတဲ့ သံစဉ်တစ်ခုကို နားထောင်လိုက်ရသလို အကောင်းဆုံးအရသာခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ သူတို့နှစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါ ထူးခြားတဲ့ အတွဲအစပ်တစ်ခုဖြစ်လာပြီး တစ်ခါမှမကြုံဖူးတဲ့ အံ့ဩဖွယ်ရာ အရသာအဖြစ်ပြောင်းလဲသွားမှာကို ကိုယ်တိုင်ခံစားရမှာပါ။ ကိုယ်က ဝိုင်နှစ်သက်သူဆိုရင် ဝိုင်ကို ချိစ်နဲ့ ဘယ်လိုတွဲဖက်ခံစားမယ်ဆိုတာကို မဖြစ်မနေလေ့လာထားရမှာ ဖြစ်ပါတယ်။ ဒါက အရသာနှစ်ခုလုံးကို အကောင်းဆုံးခံစားနိုင်မယ့် နည်းလမ်းတစ်ခုပါ။ 

ဝိုင်နဲ့ချိစ်ကို ဘယ်လိုတွဲဖက်စားသုံးသင့်လဲ

အရသာတွေအမျိုးမျိုးရှိတဲ့အထဲမှာ ဝိုင်နဲ့ချိစ်ကို ပေါင်းစပ်ထားတဲ့ အရသာက ကောင်းမွန်ပြေပြစ်တဲ့ ခံစားမှုကို ရရှိစေပါတယ်။ ပေါင်းစပ်ခံစားလိုက်တဲ့အခါ ဝိုင်နဲ့ ချိစ်အရသာတွေ ပိုမိုကောင်းမွန်စေဖို့ ဒီလိုတွဲဖက် သုံးဆောင်ကြတာလည်း ဖြစ်ပါတယ်။ ဒါဆို တွဲဖက်မှုကို ဘယ်လိုလုပ်ဆောင်ပါသလဲ။ သူတို့ရဲ့ အရသာတွေ ချဉ်သလား၊  ချိုသလား၊ အဆီများသလား၊ အရသာပြင်းသလားစတဲ့ စဉ်းစားရမယ့် ကိစ္စတွေတော့ရှိပါတယ်။

ဒီမှာ လွယ်လွယ်ကူကူ မှတ်သားရမယ်ဆိုရင်  အရသာပေါ့တဲ့ ဝိုင်တွေက အရသာမပြင်းတဲ့ချိစ်တွေနဲ့ လိုက်ဖက်မှုရှိပြီး အရသာပြင်းပြင်းဝိုင်တွေကတော့ ထူးကဲတဲ့ အရသာရှိတဲ့ ချိစ်တွေနဲ့ လိုက်ဖက်မှုရှိပါတယ်။ လန်းဆန်းစေပြီး ပြင်းရှရှ အရသာရှိတဲ့ ဝိုင်ဖြူတွေကအရသာသိပ်မပြင်းပဲ ဆိမ့်တဲ့ အရသာရှိတဲ့ ချိစ်တွေနဲ့ လိုက်ဖက်တာ ဖြစ်ပြီး တစ်ဖက်မှာလည်း အရသာထိထိမိမိရှိတယ်လို့ နာမည်ကြီးတဲ့ ဝိုင်နီတွေက အရသာထူးကဲအောင် အချိန်ယူဖန်တီးထားတဲ့ ချိစ်တွေနဲ့ အတွဲအဖက်ညီနေမှာပါ။

အလိုက်ဖက်ဆုံး ဝိုင်နဲ့ ချိစ်အတွဲအစပ် ငါးမျိုး

၁။ Prospero Moscato ဝိုင်ဖြူနဲ့ Mozzarella ချိစ်

သိမ်မွေ့တဲ့ ချိုမြိန်မှုနဲ့ မွှေးပျံတဲ့ ရနံ့ရှိတဲ့ Prospero Moscato ဝိုင်ဖြူကို အရသာမပြင်းပဲ ဆိမ့်တဲ့ Mozzarella ချိစ်နဲ့  ပေါင်းစပ်လိုက်တဲ့အခါ စိတ်ကြည်နူးစရာအရသာကို ခံစားရရှိစေမှပါ။ နေသာတဲ့နေ့လည်ခင်းတစ်ခုကို အချိန်ကောင်းလေးဖန်တီးဖို့ဆိုရင် လန်းဆန်းပေါ့ပါးစေတဲ့ ခံစားမှုကိုဖြစ်စေတဲ့ ဝိုင်ရဲ့ သစ်သီးရနံ့နဲ့ နူးညံ့တဲ့ ချိစ်အရသာရဲ့ အတွဲအစပ်က အကောင်းဆုံးဖြည့်ဆည်းမှုဖြစ်ပါလိမ့်မယ်။


၂။ Lindeman's Cawarra Chardonnay ဝိုင်နဲ့  Cheddar ချိစ်

အသီးမှည့်အရသာနဲ့ ဝက်သစ်ချသားစည်ထဲမှာ အချိန်ယူထုတ်လုပ်ထားလို့ အုပ်သစ်ရနံ့ သင်းတဲ့ Lindeman's Cawarra Chardonnayဝိုင်ရဲ့ ပြင်းရှတဲ့ အရသာကတော့ ထူးထူးခြားခြားဆိမ့်တဲ့အရသာရှိတဲ့ Cheddar ချိစ်ပြားလေးတွေနဲ့ တွဲဖက်ညီနေမှာပါ။ ရှတတ ဝိုင်အရသာက ချိစ်ရဲ့ အီဆိမ့်မှုကို လျှော့ပေးပြီး အရသာနှစ်ခုလုံးကို အကောင်းဆုံးဖြစ်သွားအောင် ညှိနှိုင်းပေးတာကြောင့် စိတ်ကျေနပ်မှုရစေမယ့် တွဲဖက်မှုပါပဲ။

၃။  Hardys Stamp Shiraz Cabernet Sauvignon ဝိုင်နဲ့ Vintage Cheddar ချိစ်

အရသာပြင်းပြင်း Hardys Stamp Shiraz Cabernet Sauvignon ဝိုင်ကတော့ အရသာထူးခြားပေါ်လွင်အောင် အချိန်ယူထုတ်လုပ်ထားတဲ့  Cheddar ချိစ်နဲ့ အသင့်တော်ဆုံးပါပဲ။ ဘလူးဘယ်ရီ၊ စပျစ်သီး၊ ဆီးသီးတို့လို အရောင်ရင့်တဲ့ သစ်သီး တွေရဲ့ အရသာမျိုးရပြီး ငရုတ်ကောင်းနံ့သင်းသင်းနဲ့ ဒီဝိုင်က ချိစ်ရဲ့ အရသာပေါ်လွင်မှုကို ပံ့ပိုးပေးပြီး စားသုံးသူကို ခွန်အားနဲ့ စိတ်ကျေနပ်မှုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။


၄။ Arnegui Crianza Rioja ဝိုင်နဲ့ Manchego ချိစ်

အနီရောင်သစ်သီးတွေရဲ့ အရသာမှာ အစားအစာအတွက်သုံးတဲ့ အမွှေးအကြိုင်ရနံ့လေးတွေစွက်နေတဲ့ Arnegui Crianza Rioja ဝိုင်က နည်းနည်းငန်ပြီး အခွံမာသီး အရသာမျိုးရှိတဲ့ Manchego ချိစ်နဲ့ လိုက်ဖက်ပါတယ်။ အုပ်သစ်သားစည်ထဲမှာ အချိန်ယူဖောက်ထားတဲ့ ဝိုင်ရဲ့  ကောင်းမွန်တဲ့ အနံ့အရသာက ချိစ်ရဲ့ အနံ့အရသာကို တိုးစေပြီး လျှာပေါ်မှာ ထူးခြားမျှတလိုက်ဖက်ညီမှုကို ခံစားရစေမှာပါ။


၅။ Demazel ဝိုင်နီချိုချို နဲ့ Blue ချိစ်

Demazel ဝိုင်အနီရဲ့ အချိုဓာတ် နဲ့ စူးရှပြီးပြင်းထန်တဲ့ အရသာရှိတဲ့ Blue ချိစ်တို့ အတွဲအစပ်တို့ကတော့ အံ့ဩဖို့ကောင်းလှအောင် လိုက်ဖက်လှပါတယ်။ ဝိုင်ရဲ့ အချိုဓာတ် က ချိစ်ရဲ့ အနံ့နဲ့အရသာပြင်းပြင်းကို ထိန်းညှိပေးသွားပြီးတော့ ခံတွင်းမှာ  နှစ်သက်ဖွယ် ထူးခြားတဲ့ အရသာကိုဖန်တီးပေးပါတယ်။ ဒီအတွဲအစပ်ကဆိုရင် ဆန့်ကျင်ဖက်အရသာတွေကလဲ အမှတ်ရဖွယ် အချက်အပြုတ် အတွေ့အကြုံတွေကို ဖန်တီးနိုင်တယ်ဆိုတာကို ပြသပေးလိုက်တာလဲဖြစ်ပါတယ်။ 

တွဲမစားဖူးသေးတာတွေကို စမ်းစားကြည့်ပါ

အပေါ်မှာ ဖော်ပြထားတဲ့ ဝိုင်နဲ့ချိစ် အတွဲအစပ်တွေက ကိုယ်စားကြည့်ပြီးသား ကိုယ်တကယ်နှစ်သက်ရတဲ့ အတွဲအစပ်တွေဖြစ်နေပေမယ့် အခြားတွဲဖက်မှုကိုလဲ စမ်းစားကြည့်ဖို့ တွေဝေမနေပါနဲ့။ ဝိုင်နဲ့ချိစ် အတွဲအစပ် ဆိုတာ ကိုယ်တိုင်ဖန်တီးယူရတဲ့ အနုပညာတစ်ရပ်လိုပါပဲ။ ကိုယ့်ရဲ့ အကြိုက်တွေကနေလဲ မမျှော်လင့်ပဲ စိတ်ကျေနပ်စရာ အတွဲအစပ်တွေကို ဖန်တီးကောင်းဖန်တီးနိုင်ပါလိမ့်မယ်။ 

ဝိုင်အမျိုးမျိုး နဲ့ ချိစ်တွေကို တွဲဖက်ပြီး စမ်းစားကြည့်ဖို့ ဘယ်ကစရမှန်းမသိသေးရင် ဒေသတစ်ခုထဲက ထွက်တဲ့ ဝိုင်တွေနဲ့ ချိစ်တွေကို တွဲစပ်ပြီးစားကြည့်တာမျိုး ဒါမှမဟုတ် တွဲစားနေကျမဟုတ်တဲ့ အတွဲအစပ်တွေကို ဖန်တီးပြီး စမ်းစားကြည့်တာမျိုး လုပ်ကြည့်သင့်ပါတယ်။ စွဲမက်ဖွယ်ကောင်းလှတဲ့ ဝိုင်နဲ့ချိစ်အတွဲအစပ်က သင့်ကို ဆွဲဆောင်နေပြီဆိုရင်တော့ သင့်ရဲ့ အနီးဆုံးမှာရှိတဲ့ Marketplace supermarket ကိုလာပြီးတော့ အရသာရှိလှတဲ့ ဒီအတွဲအစပ်ကို မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ကိုယ့်အတွက် အရသာအရှိဆုံး ချိစ်နဲ့ဝိုင် အတွဲအစပ်ကိုလဲ ရှာတွေ့ဖို့ ဆုတောင်းပေးလိုက်တယ်နော်။


Share

Comments

အေးမြတ်သူ

Very good topic

Soe Myat Maung

Cheese နဲ့ ဝိုင်နဲ့ကို try ကြည့်ဖို့ တွေးနေတာ ကြာပါပီ။ အခု ဒီ post လေးတွေ့တော့ ဘယ်ဟာဘယ်လိုတွဲရင် ကောင်းမလဲ idea ရလို့ ကျေးဇူးတင်ပါတယ်။

Related Posts