ကိုရီးယားရိုးရာ နာမည်ကျော် ခေါက်ဆွဲအေး

Posted in အာရှအစားအစာ

K- Drama ဇာတ်လမ်းတွဲတွေထဲမှာပါနေကျ ခေါက်ဆွဲအေးလေးက ပေါ့ပေါ့ပါးပါးနဲ့ ခံတွင်းလိုက်တဲ့ အစားအစာဖြစ်နေတာက တကြောင်း၊ အိမ်မှာပဲ လိုက်လုပ်ရတာလည်း လွယ်တာကြောင့် 'ကိုရီးယားခေါက်ဆွဲအေးသုပ်' လေးကို အခုတစ်ခေါက်အတွက် ရွေးချယ်ထားပါတယ်။ 

နူးညံ့တဲ့ ခေါက်ဆွဲသားနဲ့ လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေရဲ့ လန်းဆန်းသွားစေတဲ့ အရသာကြောင့် ကလေး၊ လူကြီး မရွေး တစ်အိမ်လုံးက ကြိုက်နှစ်သက် ကြမှာ အသေအချာပါပဲ။

ပါဝင်ပစ္စည်းများ

•    ကင်မ်ချီ

•    ခေါက်ဆွဲ

•    ငရုတ်အနှစ်

•    ငရုတ်ဆော့စ်

•    ပဲငံပြာရည်

•    နှမ်းဆီမွှေး

•    ပန်းသီးရှာလကာရည်

•    မုန်လာဥနီ

•    ဂေါ်ဖီထုပ်

•    ပဲပင်ပေါက်

•    မုန်လာဥဝါအချဥ် 

ခေါက်ဆွဲအေးပြုလုပ်နည်း အဆင့်ဆင့်ကတော့-

•    အရင်ဆုံး ငရုတ်အနှစ်၊ ပဲငံပြာရည်၊ ပန်းသီးရှာလကာရည်၊ ငရုတ်ဆော့စ်၊ နှမ်းဆီမွှေး၊ ကြက်သွန် ဖြူ၊ ဆားနဲ့သကြား တို့ကို အချိုးကျရောစပ်ပြီး Korea Spicy Sauce ပြုလုပ်ပါ။

•    ခေါက်ဆွဲအေးပြုလုပ်ဖို့လိုအပ်တဲ့ အသီးအရွက်တွေကို လှီးဖြတ်ထားပြီး ပဲပင်ပေါက်ကိုတော့ ရေနွေဖျောလိုက်ပါ။

•    ခေါက်ဆွဲနဲ့တွဲစားဖို့ ကြက်ဥကို ပြုတ်ထားပါ။ အမဲသားကိုလည်း အရသာသွင်းပြီး ကျက်တဲ့အထိ ကြော်ပေးပါ။ 

•    ခေါက်ဆွဲကို ၅ မိနစ်ခန့်ပြုတ်ပြီး ရေခဲရေထဲမှာ စိမ်ထားပါ။  

•    ‌နောက်ဆုံးအဆင့်အနေနဲ့ အပေါ်မှာ ပြုလုပ်ထားတဲ့ပါဝင်ပစ္စည်းတွေကို ပန်းကန်ထဲမှာ အစီအစဥ် တကျ ထည့်သွင်းပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။ 

အခုပြုလုပ်ပြသွားတာက ကိုရီးယားရဲ့ နာမည်ကျော် ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ကိုရီးယားခေါက်ဆွဲ အေး အသုပ် ဖြစ်ပါတယ်။ ခေါက်ဆွဲအေးကို ရေခဲတုံးလေးတွေထည့်သွင်းထားတဲ့ အရည်ပုံစံနဲ့လည်း စား သုံး နိုင်ပါသေးတယ်။ 

ဘာလေးထည့်လိုက်ပြီး ဘယ်လိုပြင်လိုက်ရင် အရသာပိုပြီးရှိစေနိုင်မယ့် အခြားနည်းလမ်းတွေရှိခဲ့ရင်လည်း Comment မှာ ဝေမျှပေးသွားပါဦးနော်။


Share

Comments

Hinn Yu Nwe

စားဖူးပြီးဘယ်လိုလုပ်ထားလဲမသိတာ အခုမှကြည့်လိုက်တော့အိမ်မှာကိုယ့်ဘာသာလုပ်စားလို့လွယ်ကူမှန်းသိရလို့ ဟင်းချက်နည်းကြည့်လိုက်ရတာ အိမ်ရှင်မတစ်ယောက်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့ ဟင်းချက်နည်းပညာတွေရပါတယ် ကျေးဇူးတင်ပါတယ်

Hnin.Pwint

ခေါက်ဆွဲအေးစားချင်နေတာ ချက်နည်းသိရပြီ။ ပါဝင်ပစ္စည်းထဲကခေါက်ဆွဲအတွက် City Selection,Dried Noodle Flatက အိမ်မှာအသင့်ရှိ ကျန်တာတွေဝယ်ဖို့ City Martကိုအပြေးသွား၊ ချက်နည်းသိရလို့ ဒီဆောင်းပါးလေးကိုနှစ်သက်ပါတယ်ရှင့်။