တိလေးတွေရဲ့ ကျန်းမာရေးနဲ့ ကာကွယ်ဆေး

Posted in အိမ်မွေးတိရစ္ဆာန်, တိကျန်းမာရေး


တိလေးတွေရဲ့ ပိုင်ရှင်အနေနဲ့ တိလေးတွေကို ကာကွယ်ဆေးထိုးပေးမှုရဲ့ အရေးပါပုံကို နားလည်ဖို့ အရေးကြီးပါတယ်။ တချို့ တိလေးတွေရဲ့ ပိုင်ရှင်တွေက ကာကွယ်ဆေးထိုးဖို့ မလိုအပ်ဘူး၊ တချို့ကလည်း ကာကွယ်ဆေးထိုးတာက  တိလေးတွေအတွက် အန္တရာယ်များတယ်လို့ ထင်မြင်တတ်ကြပါတယ်။ တိလေးတွေကို ကာကွယ်ဆေးထိုးပေးလို့ ရရှိလာတဲ့ အကျိုးကျေးဇူးက မထိုးပေးလို့ ရရှိလာနိုင်မယ့် ဆိုးကျိုးထက် ပိုပြီး များပြားပါတယ်။

ဥပမာပြောရမယ်ဆိုရင် တိလေးတွေကို ကာကွယ်ဆေးထိုးပေးခြင်းက ရောဂါ ပြန့်ပွါးမှုကို ကာကွယ်ထိန်းချုပ်ပေးပါတယ်။ တိလေးတွေ အဖြစ်များတဲ့ ရောဂါအများစုက ကူးစက်လွယ်တတ်ပြီး တိရစ္ဆာန်တွေကြား မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားနိုင်ပါတယ်။ ကာကွယ်ဆေးသာ မထိုးပေးထားဘူးဆိုရင် ဒီရောဂါပိုးဟာ တိလေးတွေကို ကူးစက်လွယ်ပြီး တခြား အနီးပတ်ဝန်းကျင်မှာရှိတဲ့ တိရစ္ဆာန်လေးတွေကိုလည်း ကူးစက်စေနိုင်ပါတယ်။ ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် ရောဂါပိုးကို ထိန်းချုပ်ဖို့ လွယ်ကူမှာမဟုတ်တော့ပါဘူး။

တိလေးတွေကို ကာကွယ်ဆေးထိုးပေးရုံနဲ့ ရှောင်ကြဉ်နိုင်မယ့် အဖြစ်များလေ့ရှိတဲ့ ရောဂါတွေကတော့ 

Rabies

Rabies အမည်ရှိ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တဲ့ ခွေးရူးပြန်ရောဂါဟာဆိုရင်ဖြင့် ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေရဲ့ အကုတ်ခံရတာမျိုး၊  အကိုက်ခံရတာမျိုးတွေကနေတဆင့် ပြန့်ပွါးကူးစက်နိုင်ပါတယ်။ ဒီရောဂါလက္ခဏာ စပြပြီဆိုတာနဲ့ ကုသဖို့ မဖြစ်နိုင်တော့တာကြောင့် ကြိုတင်ကာကွယ်ထားဖို့ အရမ်းအရေးကြီးပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် ဒီခွေးရူးပြန်ကာကွယ်ဆေးဟာ ဥပဒေအရ တိလေးတွေကို မဖြစ်မနေ ထိုးနှံပေးရပါတယ်။

Feline Panleukopenia

Feline Panleukopenia ဆိုတဲ့ ဗိုင်းရပ်စ်ဟာ ကြောင် နဲ့ တခြားနို့တိုက်သတ္တဝါတွေကို ထိခိုက်စေနိုင်တဲ့ ပြင်းထန်ကူးစက်ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီရောဂါဟာ ကူးစက်လွယ်ပြီး တိလေးတွေမှာ အော့အန်ခြင်း ၊ ဝမ်းလျောခြင်း ၊ ရေဓာတ်ချို့တဲ့ခြင်း ၊ အားနည်းခြင်း နှင့် ကိုယ်ခံအားကျဆင်းစေခြင်းတို့ ဖြစ်ပွါးစေနိုင်ပါတယ်။ ကြောင်ပေါက်လေးတွေ နဲ့ ကိုယ်ခံအားမကောင်းတဲ့ ကြောင်လေးတွေမှာဆိုရင် သေစေနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

Canine Distemper 

ဒီရောဂါဟာ တိလေးတွေနဲ့ တခြား ခွေးမျိုးစိတ် တိရစ္ဆာန်လေးတွေကို ထိခိုက်စေနိုင်တဲ့ ကူးစက်ရောဂါတခုပဲ ဖြစ်ပါတယ်။ ဒီ Canine Distemper အမည်ရ ဗိုင်းရပ်စ်ဟာလည်း တိလေးတွေကို အသက်ရှူလမ်းကြောင်းပြသနာ၊ အစာအိမ်၊ အာရုံကြောနှင့် အရေပြား ပြသနာများကို ဖြစ်ပွါးစေနိုင်ပြီး တိပေါက်စလေးတွေနဲ့ ကိုယ်ခံအားမကောင်းတဲ့ ခွေးလေးတွေမှာဆိုရင် သေစေနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

Parvovirus

လူတွေမှာဖြစ်တတ်တဲ့ Human parvovirus B19ဆိုတဲ့ ဗိုင်းရပ်စ်ကလည်း တိလေးတွေနဲ့ တခြား ခွေးမျိုးစိတ် တိရစ္ဆာန်လေးတွေကို ထိခိုက်စေနိုင်တဲ့ ကူးစက်ရောဂါတခုပဲ ဖြစ်ပါတယ်။ ဒီရောဂါက တိလေးတွေကို အော့အန်ခြင်း၊ ဝမ်းလျှောခြင်း ၊ ရေဓာတ်ချို့တဲ့ခြင်း နှင့် သွေးအားနည်းခြင်းလို ပြသနာများကို ဖြစ်ပွါးစေနိုင်ပါတယ်။ တိပေါက်စလေးတွေမှာဆိုရင် သေစေနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

နောက်ထပ် တိလေးတွေကို ကာကွယ်ဆေးထိုးပေးလို့ ရနိုင်မယ့်အကျိုးကျေးဇူးကတော့ ရေရှည်မှာ အကုန်အကျသက်သာတာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့တိလေးတွေဟာ ကာကွယ်လို့ရနိုင်တဲ့ ရောဂါပိုးတွေကြောင့် နာမကျန်းဖြစ်ခဲ့မယ်ဆိုရင် ဒီရောဂါကို ကုသဖို့အတွက် ဆေးဖိုးဝါးခတွေနဲ့ တသီးတခြားထားဖို့အတွက် လုပ်ဆောင်ရမယ့်အရာတွေဟာ ကိုယ့်ရဲ့ ဘတ်ဂျက်ကို ထိခိုက်စေလိမ့်ပါမယ်။

အဆုံးသတ်ပြောရမယ်ဆိုရင် တိလေးတွေကို ကာကွယ်ဆေးထိုးပေးခြင်းဟာ မိမိရဲ့တိလေးနဲ့ပတ်ဝန်းကျင်ကို အကျိုးဖြစ်စေရုံသာမက ကျန်းမာပျော်ရွှင်စေနိုင်အောင် ကူညီလုပ်ဆောင်ပေးလိုက်တာပဲဖြစ်ပါတယ်။



Share

Comments

Dio Ant

တိလေးတွေကိုလည်း လူတွေလိုပဲ ကာကွယ်ဆေးထိုးပေးဖို့လိုအပ်တဲ့အကြောင်း သိရှိလာရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကိုယ်တိုင်က တိလေးတွေကိုချစ်တတ်ပေမယ့် ဗဟုသုတအားနည်းတော့ တိလေးတွေအတွက် ကာကွယ်ဆေးထိုးပေးဖို့အရေးကြီးကြောင်းအဲ့လောက်မသိခဲ့ဖူးဘူး။ နောက်ရက်ကစပြီး ကိုယ့်အကောင်လေးတွေကိုလည်း ကာကွယ်ဆေးသွားထိုး‌ ပေးတော့မယ်ဗျာ။

Related Posts