ကျန်းမာစွာ ချက်ပြုတ်နည်းများကို နှိုင်းယှဉ်ကြည့်တဲ့အခါ

Posted in အစားအစာ


ချက်နည်း၊ ပြုတ်နည်းတွေ အများကြီးရှိတဲ့အထဲကမှ ဒီတစ်ခေါက်မှာတော့ လူသိလည်းများ၊ ကျန်းမာရေးနဲ့လည်းညီတဲ့ ချက်ပြုတ်နည်းလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။ တစ်ခုခြင်းစီရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ယှဉ်ပြီး လည်းပြောပြပေးသွာပါမယ်။

ပေါင်းတာနဲ့ ပြုတ်တာ 

ပေါင်းတာနဲ့ ပြုတ်တာ နှစ်ခုလုံးက ရေကိုသုံးပြီး ချက်တာပေမယ့် ကျက်ပုံကျက်နည်းကတော့ ကွာခြားပါတယ်။ ပြုတ်တဲ့အခါမှာ ကိုယ်ပြုတ်လိုက်တဲ့ အစားအစာတွေက ရေထဲကို လုံးလုံးနစ်မြုပ်သွားတာဖြစ်တဲ့အတွက် ဟင်းသီးဟင်းရွက်တွေဆိုရင် ရေသွန်လိုက်တဲ့အခါ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်ဓာတ်တွေပါ ဆုံးရှုံးသွားတာမျိုးဖြစ်နိုင်ပါတယ်။ 

ပေါင်းတာကကျတော့ ရေနဲ့တိုက်ရိုက်ထိတွေ့တာမဟုတ်ပဲ ရေနွေးငွေ့နဲ့ အစားအစာတွေကို နူးအိစေတာမျိုးဖြစ်တဲ့အပြင်  အပူချိန်နည်းနည်း၊ ချက်ချိန်နည်းနည်းပဲလိုတဲ့အတွက် ပါဝင်တဲ့အာဟာရဓာတ်တွေနဲ့ အရသာတွေကိုလည်း ထိန်းသိမ်းပေးထားနိုင်ပါတယ်။ ဒီချက်နည်းကို အသီးအရွက်တွေ၊ ငါးနဲ့ အခြားနူးအိလွယ်တဲ့ အစားအသောက်တွေကို ချက်ပြုတ်ရာမှာလည်း သုံးနိုင်ပါသေးတယ်။ 

ကြော်နည်းနှစ်မျိုး

ဒီတစ်ခါမှာတော့  Stir-frying (မွှေကြော်ခြင်း) နဲ့ Sautéing (ဆီပူလှိမ့်ခြင်း) ဆိုတဲ့ ဟင်းချက်နည်းနှစ်မျိုးအကြောင်း ပြောပြပေးသွားမှာပါ။  ကြော်နည်းနှစ်မျိုးလုံးကတော့ လက်ကိုင်ပါဒယ်အိုးနဲ့ကြော်ရတဲ့ ချက်နည်းတွေပဲဖြစ်ပါတယ်။ Sautéing ကိုကျ ဇောက်သိပ်မနက်တဲ့ ဒယ်အိုးနဲ့ မီးမပြင်းတပြင်းမှာ အချိန်ကြာကြာကြော်လေ့ရှိပြီး  stir-frying ကိုတော့ မီးအားပြင်းပြင်းမှာ ခပ်မြန်မြန်ကြော်တတ်ကြပါတယ်။ 

Stir-frying ကတော့ မွှေကြော်ကြော်တာဖြစ်တဲ့အတွက် လှီးဖြတ်ထားတဲ့ အသီးအရွက်တွေ၊ အသားတွေ နဲ့ အခြားပါဝင်ပစ္စည်းတွေကို ‌ဒယ်အိုးထဲမှာ တစ်ခါထဲထည့်ပြီး လှိမ့်လှန်ပြီး အမြန်ကြော်ရတာမျိုးပါ။ stir-fry နည်းနဲ့ပဲဖြစ်ဖြစ် sauté နည်းအသုံးပြုပြီးပဲ ကြော်ကြော် သံလွင်ဆီလိုမျိုး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီကို အသုံးပြုပြီးလိုအပ်ပြီး သင့်တင့်တဲ့ပမာဏပဲထည့်ဖိုလည်း လိုအပ်ပါတယ်။ ဒါမှသာ မလိုအပ်တဲ့ ကယ်လိုရီတွေထပ်တိုးလာမှာကို ရှောင်ကြဉ်နိုင်မှာပဲဖြစ်ပါတယ်။

Air-fryer သုံးပြီးကင်တာ နဲ့  Oven သုံးပြီးကင်တာ

Air-frying နဲ့ oven-roasting က အပူရှိန်ကို အထက်အောက်သုံးပြီး ချက်တဲ့နည်းတွေပဲဖြစ်ပါတယ်။ အခုနောက်ပိုင်း ခေတ်စားလာတဲ့ Air-fryer တွေက အိမ်သုံး Oven တွေထက် အရွယ်အစားအားဖြင့်ပိုသေးပေးမယ့် အပူရှိန်ကို ညီညီညာညာနဲ့ ဖြန့်ပေးနိုင်တဲ့အတွက် တစ်နေရာထဲမှာကွက်ပြီးအပူရှိန်များနေတာမျိုးတွေ၊ နေရာကွက်ပြီး ကျက်တာမျိုးတွေ မဖြစ်စေပါဘူး ။ 

Air-fryer ကိုအသုံးပြုတဲ့အခါ ဆီများများသုံးစရာမလိုပဲ အရသာရှိရှိ၊ ကြွပ်ကြွပ်ရွရွနဲ့  ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းတစ်ခွက်ကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ် ။အဲ့ဒီကြောင့် ကင်စားတာထပ်စာရင် Air-fryingက  ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်စေမှာပါ။ ဒါပေမယ့် ကိုယ့်မှာ အချိန်လည်းရှိပြီး အသားကို အရည်ရွှမ်းရွှမ်းနဲ့ နူးနူးအိအိလေး စားချင်တယ်ဆိုရင်တော့ Oven ကိုသုံးပြီးကင်တာက ပိုအဆင်ပြေစေမှာပါ။ ကျန်းမာရေးနဲ့ညီညွတ်အောင် ဆီကို အသင့်အတင့်ပဲသုံးဖို့တော့ မမေ့နဲ့နော်။  

နေထိုင်မှုပုံစံကို ပြောင်းလဲချင်တယ်ဆိုရင် အစားအသောက်ကို ချက်ပြုတ်တဲ့ပုံစံကိုလည်း ပြောင်းလဲပစ်ဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ချက်ပြုတ်နည်းရဲ့ အခြေခံအချက်က အရည်အသွေးမြင့်မားတဲ့ ပါဝင်ပစ္စည်းတွေကိုသုံးတာအပြင် အဆီပါဝင်မှုကို ထိန်းချုပ်ပြီး ၊ အရမ်းပြင်းတဲ့ အပူချိန်မှာ ချက်တာကို ရှောင်ရှားတာမျိုးတွေလည်း ပါဝင်ပါတယ်။ 




Share

Comments

Pwint Hlaing

သက်ရှိလူသားတိုင်းက နေ့စဉ်နဲ့အမျှ သွားလာလှုပ်ရှားရင်းနဲ့ စားသောက်ဖို့ရုန်းကန်ကြရပါတယ် နေ့စဉ်စားသောက်နေတဲ့အစားအသောက်တိုင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်မျှတနေမှ ခန္ဓာကိုယ်ဟာလည်း ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကိုပိုင်ဆိုင်စေမှာပါ

Chit Po Cho

လူတိုင်းရဲ့နေ့စဥ်ဘဝမှာသွားလာလှုပ်ရှားရင်းအသက်ရှင်ရပ်တည်ဖို့အတွက်စားသောက်နေထိုင်ကြရပါတယ်အစားအသောက်တိုင်းမှာအာဟာရညီညွတ်မျှတမှုရှိမှခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရကိုပေးစွမ်းနိုင်မှာပါအရေးပါတဲ့အစားအသောက်ချက်ပြုတ်ပြင်ဆင်မှုတွေအကြောင်းရှင်းလင်းစွာဖတ်ရှုရတဲ့အတွက် အကျိုးရှိတဲ့ဆောင်းပါးလေးတစ်ပုဒ်ဖြစ်ပါတယ်

Gooh Riccky

လူနေမှုဘဝမှုအစားအသောက်ပုံစံအမျိုးမျိုးရှိသလိုချက်ပြုတ်ပုံလဲအမျိုးမျိုးရှိကြပါတယ်လူတိုင်းအသက်ရှင်နေထိုင်ရပ်တည်မှုမှာအစားအသောက်ကလဲအရေးပါပါတယ်အစားအစာကိုအာဟာရလဲရှိ အရသာလဲရှိအောင်ချက်ပြုတ်နိုင်မှ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရကိုရရှိနိုင်မှာပါမတူညီတဲ့ချက်ပြုတ်ပုံလေးတွေကိုသိရှိရလို့ကျေးဇူးပါ