နွေနေပူပူအတွက် ရင်အေးစေမယ့် သောက်စရာလေးတွေ

Posted in အစားအစာ


နွေရာသီကို ရောက်လာဖို့ လက်တစ်ကမ်းပဲလိုပါတော့တယ်။ နွေရာသီရဲ့ပူပြင်းတဲ့ အပူရှိန်ကိုကြံကြံခံနိင်ဖို့ဆိုရင်တော့ အရည်များများသောက်ပြီး ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။ ဒီနှစ် နွေနေပူဒဏ်ကို ကာကွယ်ရင်း အားဖြည့်နိုင်တဲ့ အချိုရည် (၅) မျိုးပဲကိုပြောပြပေးလိုက်ပါတယ်။

အသီးဖျော်ရည်

ချေထားတဲ့အသီးလေးတွေ ၊ ရေခဲမွှားမွှားလေးနဲ့  စားလိုက်ရင် အရသာမွှတ်မွှတ်ကလေးကို ခံစားမိစေတဲ့ သစ်သီးဖျော်ရည်ကိုတော့ အကုန်လုံးကြိုက်ကြမယ်ထင်ပါတယ်။  ချိုမြပြီး ပေါ့ပေါ့ပါးပါးနဲ့ အရမ်းကို လန်းဆန်းစေတဲ့အတွက် နွေရာသီမှာသောက်ဖို့ တကယ့်ကို ကွက်တိဖြစ်စေမှာပါ။

လီမွန်တီးအေးအေးလေး

လန်းလန်းဆန်းဆန်း ဖြစ်စေနိုင်မယ့် အအေးတစ်ခုခုသောက်ချင်ပြီလို့ တွေးမိလိုက်တာနဲ့ လီမွန်တီးအေးအေးလေးကို အရင်ဆုံး ပြေးမြင်ကြမှာပါ။ လီမွန်တီးမှာ ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင်စီ ပါဝင်တဲ့အပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ antioxidant တွေလည်း ပါဝင်ပါတယ်။

အုန်းရည်

ရာသီမရွေးသောက်တတ်ကြတဲ့ အုန်းရည်ကတော့ နွေရာသီသောက်စရာ တစ်ခုဆိုတာထက်ကို ပိုပါတယ်။ သူ့ရဲ့  ချိုအေးတဲ့သဘာဝအရသာက ခန္ဓာကိုယ်ကို ရေဓာတ်အပြည့်အဝပေးပြီး အမောပြေလန်းဆန်းစေမှာဖြစ်သလို အဆီနဲ့ ကိုလက်စထရောလုံးဝမပါဝင်တဲ့၊ ကောင်းမွန်တဲ့ antioxidant ဓာတ်တွေကို ဖြည့်တင်းပေးနိုင်တဲ့ သဘာဝဖျော်ရည်တစ်ခုလည်းဖြစ်ပါတယ်။

အားဖြည့်အချိုရည်များ

နွေနေပူရှိန်ကြောင့် နုံးပြီး အိပ်ငိုက်နေတယ်ဆိုရင်တော့ လန်းဆန်းသွားအောင် အားဖြည့်အချိုရည် တစ်ဘူးလောက် သောက်လိုက်သင့်ပါတယ်။ အခုလက်ရှိ စျေးကွက်ထဲမှာရနိုင်တဲ့ အားဖြည့်အချိုရည် တော်တော်များများမှာ ကိုယ်ကာယစွမ်းရည်နဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင်ဘီ အုပ်စုပေါင်းများစွာ ပါဝင်တာမို့ သောက်လိုက်တာနဲ့ ချက်ချင်းလန်းဆန်းသွားစေမှာပါ။ အားဖြည့်အချိုရည်တွေမှာ ကဖိန်းဓာတ်ပါဝင်တာကြောင့် ချင့်ချိန်သောက်သုံးကြဖို့လည်း အကြံပြုလိုပါတယ်။ 

အီလက်ထရိုလိုက်အချိုရည်များ 

ချွေးထွက်များတဲ့ နွေရာသီမှာ ရေဓာတ်ဖြည့်တင်းဖို့အတွက်ဆို  Royal-D လို အီလက်ထရိုလိုက် အချိုရည်တွေကို မေ့မထားသင့်ပါဘူး။ ဒီအချိုရည်တွေမှာဆိုရင် ခန္ဓာကိုယ်အပူချိန်နဲ့ ကိုယ်တွင်း ရေဓာတ်ပမာဏ ကို ထိန်းညှိပေးတဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ အီလက်ထရိုလိုက်နဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်စီယမ်တို့ ပါဝင်နေတာမို့ သင့်ကို ရေဓာတ်ပြည့်ဝနေ‌စေဖို့ အကောင်းဆုံးစွမ်းဆောင်ပေးနိုင်မှာပါ။

လန်းဆန်းသွားစေမယ့် အားဖြည့်အချိုရည်တွေသာမက အသီးဖျော်ရည်အမျိုးအစားပေါင်းစုံကပါ သင့်ကို တစ်နေ့တာမှာ ပင်ပန်းနွမ်းနယ်လာတဲ့အခါ အလွယ်တကူ အားဖြည့်ပေးနိုင်မှာပါ။ နွေရာသီကို  ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးရင်း ရေဓာတ်ပြည့်ဝအောင်နေဖို့ မမေ့ပါနဲ့နော်။ 


Share

Comments