နွေရာသီအတွက် အလိုက်ဖက်ဆုံး ဝိုင်နဲ့ကော့တေး (၅) မျိုး

Posted in အစားအစာ


နွေရာသီဆိုတာ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့အတူတူ အပန်းဖြေအနားယူပြီး တန်ဖိုးရှိရှိ အချိန်ကုန်ဆုံးနိုင်ဖို့ အကောင်းဆုံးရာသီအချိန်လေးပဲ ဖြစ်ပါတယ်။ အကယ်၍ သူငယ်ချင်းမိတ်ဆွေတွေ၊ ကိုယ့်ရဲ့ဧည့်သည်တွေကို ဝိုင် ဒါမှမဟုတ် ကော့တေးနဲ့ ဧည့်ခံဖို့ စဥ်းစားနေတယ်ဆိုရင် နွေရာသီနဲ့ အလိုက်ဖက်ဆုံး ဖျော်ရည်ယမကာတွေကို အောက်မှာ ပြောပြပေးထားမှာမို့လို့ ဆက်လက်ဖတ်ရှုပေးကြပါဦးနော်။

ရို့ဆေးလ်ဝိုင် (Rosé)

ရို့ဆေးလ်ဝိုင် (Rosé) က ပေါ့ပေါ့ပါးပါးနဲ့ လူကိုလန်းဆန်းစေတာမို့ ပူပြင်းတဲ့နေ့ရက်တွေမှာ သောက်ဖို့ အသင့်တော်ဆုံး ဝိုင်တစ်မျိုးပါ။ သူ့တစ်မျိုးတည်း သီးသန့် သောက်လို့ရသလို ငါးကင် ဒါမှမဟုတ် အသုပ်လိုမျိုး ပေါ့ပါးပါးပါး နွေရာသီဟင်းပွဲ တစ်ခုခုနဲ့လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်။ အရသာက လျှာဖျားမှာ နှစ်လိုဖွယ်ရာ ဖြစ်နေမှာဖြစ်သလို နွေရာသီ ဓာတ်ပုံတွေကိုလည်း လှလှလေး ဖြစ်နေစေမှာပါ။

ပီနိုတ် ဂရိဂျီအို ဝိုင် (Pinot Grigio)

အရသာရှတတနဲ့ သောက်လိုက်ရင် လန်းဆန်းစေတဲ့ အဖြူရောင် ပီနိုတ် ဂရိဂျီအိုဝိုင် (Pinot Grigio) ကလည်း နွေရာသီကာလ ပျော်ပွဲစားထွက်ရင် ယူသွားဖို့အတွက် အသင့်တော်ဆုံးပါ။ အရသာ မပြင်းမချိုနဲ့ ရှောက်သံပုရာအရသာ ခပ်ပါးပါးပါတဲ့အတွက် အာလူးကြော်တို့၊ ဆားပါတဲ့ ခရက်ကာတို့လိုမျိုး ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ သရေစာမုန့်တွေနဲ့ တွဲစားဖို့ တကယ့်ကို လိုက်ဖက်လှပါတယ်။ 

ဆောဗီနွန် ဘလန့်ခ်ဝိုင် (Sauvignon Blanc)

ဆောဗီနွန် ဘလန့်ခ်ဝိုင် (Sauvignon Blanc) က သစ်သီးအရသာလေးတွေနဲ့အတူ ထူးခြားတဲ့ရနံ့လေးပါ ပေါင်းစပ်ထားတဲ့ အရသာမပြင်းတဲ့ ဝိုင်ဖြူတစ်မျိုးပါ။ လတ်လတ်ဆတ်ဆတ်သုပ်ထားတဲ့ အသုပ်တွေ၊ ပင်လယ်စာအကင်တွေ၊ ကြက်ကင် စတာတွေနဲ့ ပေါ့ပေါ့ပါးပါး တွဲစားလိုက်ရင်ဖြင့် ဆွေမျိုးပါ မေ့သွားစေမှာပါ။ 

မိုဟီတို (Mojito)

သင်က ကော့တေးကြိုက်တဲ့သူဆိုရင်တော့ မိုဟီတိုကို သိမှာအသေအချာပါပဲ။ နွေရာသီဆိုတာနဲ့  ပူရှိန်းအရသာလေးနဲ့  မိုဟီတိုကော့တေးကပဲ  အာရုံထဲကိုရောက်လာမယ်ထင်ပါရဲ့ ။ ပူစီနံကို သံပရာရည်၊ သကြားရည်နဲ့ ရောမွှေ၊ ရေခဲနဲ့ ရမ်ထည့်ပြီး အပေါ်ကနေ ဆိုဒါရေထည့်လိုက်တာနဲ့တင် မိုဟီတိုကော့တေးတစ်ခွက် အလွယ်တကူရနိုင်ပြီပေါ့။မာဂရီတာ (Margarita)

မာဂရီတာကော့တေးမပါတဲ့ နွေရာသီပါတီတစ်ခုက ပြီးပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။ မာဂရီတာကော့တေးကို တကီလာအရက် (tequila)၊ လတ်ဆတ်တဲ့သံပုရာရည်၊ လိမ္မော်ရည်နဲ့ လုပ်လေ့ရှိပြီး ဖန်ခွက်နှုတ်ခမ်းမှာ ဆားအနားကွပ်ပြီး တည်ခင်းလေ့ရှိတာပဲဖြစ်ပါတယ်။  ပူပြင်းတဲ့ နွေရာသီတစ်ရက်မှာ မာဂရီတာကော့တေးတစ်ခွက် သောက်ချလိုက်ရင်  ရင်ထဲကို လုံးဝအေးမြသွားစေမှာပါ။ မာဂရီတာ ကော့တေးကို ကိုယ်တိုင်လုပ်သောက်ချင်တယ်ဆိုရင်ဖြင့် ကြိုက်နှစ်သက်တဲ့ တကီလာအရက် (tequila) တစ်မျိုးမျိုးကို လတ်ဆတ်တဲ့သံပုရာရည်၊ လိမ္မော်ရည်၊ ရေခဲနဲ့ရောပြီး သေချာလေးသမအောင် လှုပ်ပေးပါ။ ပြီးရင်တော့ ရေခဲလေးထပ်ထည့်ပြီး သောက်လိုက်နိုင်ပါပြီ။

သင်က ဝိုင် ဒါမှမဟုတ် ကော့တေး ကြိုက်တဲ့သူဆိုရင် marketplace ဆိုင်ခွဲတိုင်းမှာရှိတဲ့ ဝိုင်နဲ့ သောက်စရာတွေ ထားတဲ့နေရာ (Wine and Drinks section) မှာ သင့်အကြိုက် သောက်စရာတစ်ခုကို ရှာတွေ့မှာ အသေအချာပါပဲ။ ဒါကြောင့် သောက်စရာတစ်ခုခုနဲ့အတူ နေပူစာလှုံရင်း အကောင်းမွန်ဆုံး နွေရာသီကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ပါ။ 


Share

Comments

Related Posts