ဘေဘီလေးတို့အတွက် အိပ်စက်မှုအလေ့အကျင့်ကောင်းများ

Posted in မိဘအုပ်ထိန်းခြင်း, ကလေးငယ်ပညာရေး


ဘေဘီလေးတို့နဲ့ ပတ်သက်လာရင် ဖေဖေမေမေတို့ စိုးရိမ်တဲ့အထဲမှာ သူတို့လေးတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါ့မလားဆိုတာက ထိပ်ဆုံးမှာပါပဲနော်။ စောစောအိပ်တတ်တဲ့ အလေ့အကျင့်ကောင်းက သူတို့ကို အိပ်ရေးဝစေပြီး ကျန်းမာစေပါတယ်။ အခု ပြောပြပေးသွားမယ့်နည်းလမ်းလေးတွေ အတိုင်း ဘေဘီလေးတွေကို အိပ်ရာဝင်ချိန် ဘယ်လိုအလေ့အကျင့်လုပ်ယူပေးရမလဲနဲ့ သူတို့အတွက် မှန်ကန်တဲ့အိပ်ရာကို ရွေးချယ်ပေးလိုက်ရအောင်။ 

အိပ်ရာဝင်ချိန်ကို တစ်သမတ်တည်းထားပါ

ဘေဘီလေးတွေ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး ဖေဖေမေမေတို့ လုပ်ပေးနိုင်တာကတော့ သူတို့လေးတွေရဲ့ အိပ်ချိန်ကိုတစ်သမတ်တည်းဖြစ်အောင် အလေ့အကျင့် လုပ်ပေးတာပဲဖြစ်ပါတယ်။ဒါဟာ ဘေဘီလေးတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို အိပ်ချိန်ရောက်ပြီဆိုတဲ့အကြောင်းကို အချက်ပြဖို့ အထောက်အကူပြုပါတယ်။ ဖေဖေမေမေတို့က အိပ်ချိန်ကို အမြဲတမ်း တစ်သမတ်တည်းထားပြီး သူတို့လေးတွေ အိပ်ချင်လာအောင် လုပ်ဆောင်ပေးဖို့လိုပါတယ်။ လုပ်လို့ရမယ့် အရာလေးတွေကို ပြောပြပေးမယ်နော်။ 

ရေချိုးချိန် - အရင်ကလူကြီးတွေက  ကလေးငယ်တွေ ညမိုးချုပ် ရေချိုးရင် အအေးမိတတ်တယ်ဆိုပြီး ရေမချိုးပေးကြဖို့ အစိုးရိမ်လွန်ပြီး ပြောတာလေးကိုကြားဖူး ကြမယ်ထင်ပါတယ်။တကယ်တမ်းတော့ ရာသီဥတုပေါ်မူတည်ပြီး ကလေးလေးတွေ သက်သောင့်သက်သာရှိစေဖို့ ရေပူ၊ ရေအေးရွေးချယ်ပြီးတော့ ချိုးပေးနိုင်ပါတယ်။ ပူတဲ့ရာသီမှာဆိုရင် နေအေးသွားတဲ့အချိန်မှာ ရေအေးလေးနဲ့ ခပ်မြန်မြန် ချိုးပေးတာက မိတ် လို အပူဖုတွေယားယံတာကို သက်သာစေပြီး ခန္ဓာကိုယ်တွင်းအပူချိန်ကိုမျှတစေလို့ သွေးလေညီညွှတ်ကာ အိပ်လို့ကောင်းစေမှာပါ။ အေးတဲ့ရာသီမှာဆိုရင် ညမိုးချုပ် အိပ်ရာမဝင်ခင်မှာ ရေနွေးနွေးနဲ့ ရေချိုးပေးတာကလည်း  နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။  

ပုံပြင်ချိန် - စာအုပ်ဖတ်တာ ဒါမှမဟုတ် ပုံပြင်ပြောပြတာကလည်း ဘေဘီလေးတွေကို အိပ်ချင်စိတ်ဖြစ်စေမှာပါ။

အိပ်ရာဝင်တေး - သာယာငြိမ့်ညောင်းတဲ့ သီချင်းတွေကလည်း ဘေဘီလေးတွေကို အိပ်ပျော်စေမှာပါ။

တီတီတာတာအချိန် - ဘေဘီလေးနဲ့ ခဏလောက်ဖက်ပြီး သူတို့လေးတွေကို ချစ်ကြောင်း ပြောပေးပါ။

ဘယ်အချက်ကိုပဲရွေးရွေး အနားယူချိန်ပြည့်ဝတဲ့ အိပ်စက်ချိန်တစ်ခုလုပ်ဖို့အတွက် ကိုယ်ရွေးထားတဲ့အချက်ကို ညတိုင်းလုပ်ပေးဖို့ အရေးကြီးပါတယ်။

မှန်ကန်တဲ့ အိပ်ရာကို ရွေးချယ်ပါ

ကောင်းတဲ့အိပ်စက်ခြင်းအလေ့အထကို မွေးမြူဖို့ဆိုရင် မှန်ကန်တဲ့ အိပ်ရာဖြစ်နေဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ ဘေဘီလေးတို့နဲ့ ကိုက်ညီတဲ့ အိပ်ရာကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ ပြောပြမယ်နော်။

အိပ်ရာသား - သဘာဝကနေရတဲ့ ပေါ့ပါးတဲ့ ချည်သားနဲ့ ပြုလုပ်ထားတဲ့ အိပ်ရာခင်းမျိုးကို  ရွေးချယ်ပါ။ ချည်သားက သက်တောင့်သက်သာနဲ့ လေဝင်လေထွက်ကောင်းတဲ့အတွက် ဘေဘီလေးတွေရဲ့ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတဲ့အပြင် အအိုက်လည်း သက်သာစေမှာပါ။

သက်တောင့်သက်သာဖြစ်မှု - ဘေဘီလေးတွေအတွက်ဆို သက်တောင့်သက်သာဖြစ်ပြီး နွေးထွေးမယ့် အိပ်ရာမျိုးကို ရွေးချယ်သင့်ပါတယ်။ နူးညံ့တဲ့ စောင်နဲ့ အိပ်ရာခင်းတွေက အိပ်ရေးဝဝအနားယူဖို့ သက်တောင့်သက်သာဖြစ်စေတဲ့ အိပ်စက်ရာနေရာလေးတစ်ခု ဖန်တီးပေးနိုင်ပါတယ်။

လုံခြုံမှု - ဘေဘီလေးတို့အတွက် အိပ်ရာရွေးချယ်တဲ့အခါမှာ လုံခြုံမှုကို အမြဲဦးစားပေးပါ။ အသက်ရှုကြပ်စေနိုင်တဲ့ စောင်ကြီးကြီးတွေ၊ အိပ်ရာခင်းတွေ အသုံးပြုတာမျိုးကို ရှောင်ပါ။ အဲ့ဒီအစား သူတို့ကို အန္တရာယ်မဖြစ်ဘဲ နွေးနွေးထွေးထွေးအိပ်စေနိုင်မယ့် အနှီးလေးတွေကို ရွေးချယ်ပါ။

ဒီနွေမှာ ရာသီဉတုအပူချိန်ပိုပိုတိုးလာတာနဲ့အမျှ ဘေဘီလေးတွေနဲ့ ကလေးငယ်တွေအတွက် ညဘက် အိပ်ရေးဝဝအိပ်ရဖို့က ပိုပိုခက်ခဲလာပါတယ်။ ဒီနှစ်နွေရာသီမှာ သူတို့လေးတွေ အေးအေးချမ်းချမ်းနဲ့အိပ်နိုင်ဖို့ အိပ်ခန်းကို အေးမြနေအောင်ထားပြီး ချည်သားညဝတ်အကျီတွေဝတ်ပေးတာမျိုး၊ စောင်ပါးလေးတွေ အသုံးပြုတာမျိုး၊ တစ်နေ့လုံး ရေဓာတ်ပြည့်ဝနေဖို့နဲ့ ခြင်ကိုက်မခံရအောင် ခြင်ထောင် သို့မဟုတ် ခြင်ဆေးဖျန်းပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ 

ဒီစာမှာ ပြောပြပေးသွားတဲ့ ပစ္စည်းတွေထဲက တစ်ခုခုကို ( ဉပမာ- အိပ်ရာခင်း ) ဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ ဖေဖေမေမေတို့နဲ့ အနီးဆုံး City Baby Club ဆိုင်ခွဲကို သွားပြီးဝယ်လို့ရတယ်နော်။


Share

Comments

Anonymous

ခုခေတ်မှာ မိုဘိုင်းဖုန်းတွေပေါများလာတဲ့အတွက် ကလေးတွေလည်းဖုန်းပဲစိတ်ဝင်စားပြီး အိပ်ချိန်စားချိန်တွေမမှန်တာမျိုးတွေဖြစ်နေကြတာမို့ မေမေတို့လည်း ဒီလိုစာလေးတွေဖတ်ပြီး ကိုယ့်ရဲ့သားသားမီးမီးလေးတွေကို အိပ်ချိန်လေးတွေမှန်အောင် စနစ်တကျစောင့်ကြည့်ပြီးဂရုစိုက်ပေးသင့်ပါတယ်နော်😍

Related Posts