လူကြီး မိဘတွေ အပူမလျှပ်ရအောင်

Posted in ကျန်းမာရေး


နွေရာသီဆိုတာ နေရောင်ခြည်နဲ့ ပျော်ရွှင်စရာတွေကို ယူဆောင်ပေးတဲ့ ရာသီဖြစ်ပေမယ့် နွေရာသီရဲ့ အပူဒဏ်ကိုတော့ ဘယ်သူမှ မခံနိုင်ကြပါဘူး။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေအတွက် အပူလျှပ်ခြင်းဟာ စိုးရိမ်ရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ပူပြင်းတဲ့ နွေရာသီမှာ လူကြီးတွေ ဘေးကင်းပြီး ကျန်းမာနေစေဖို့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းအချို့ကို ပြောပြပေးပါရစေ။

ရေဓာတ်ပုံမှန် ဖြည့်ပေးခြင်း

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ အပူချိန်ထိန်းညှိနိုင်စွမ်း လျော့နည်းလာပါတယ်။ အဲ့ဒါကြောင့် လူကြီးတွေရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့အတွက် နွေရာသီမှာ တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက်သောက်ပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးဖို့ လိုအပ်လှပါတယ်။ အပြင်ထွက်တဲ့အခါ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားလုပ်တဲ့အခါ ရေပိုသောက်ပေးသင့်ပြီး  ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်စေနိုင်တဲ့ အရက်နှင့် ကဖိန်းဓာတ်ပါဝင်တဲ့ ဖျော်ရည်တွေကိုတော့ ရှောင်ရှားသင့်ပါတယ်။

အီလက်ထရိုလိုက် အားဖြည့်ပေးခြင်း 

အီလက်ထရိုလိုက်အချိုရည်ဆိုတာက ခန္ဓာကိုယ်က ချွေးထွက်ရင် ကုန်ခမ်းသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အားဖြည့်အချိုရည်တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ရေဓာတ်မျှတမှုကို ထိန်းသိမ်းပြီး ရေဓာတ်ခန်းခြောက်ခြင်းကနေ ကာကွယ်ပေးတဲ့ ဆိုဒီယမ်၊ ပိုတက်စီယမ်နှင့် မဂ္ဂနီဆီယမ်တို့လိုမျိုး သတ္တုဓာတ်တွေပါဝင်တဲ့အတွက်  အီလက်ထရိုလိုက် အမှုန့်နဲ့အချိုရည်တွေကို ဝယ်ယူထားဖို့လည်း အကြံပြုလိုပါတယ် ။ သက်ကြီးရွယ်အိုတွေအတွက် ဈေးဝယ်တဲ့အခါမှာ သကြားနှင့် ကဖိန်းဓာတ်နည်းပြီး သဘာဝပစ္စည်းများသာပါဝင်တဲ့ ထုတ်ကုန်များကိုသာ ရှာဖွေသုံးစွဲသင့်ပါတယ်။ဗီတာမင်ဓာတ် လုံလောက်စွာစားသုံးပေးခြင်း 

နွေရာသီမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့  ဗီတာမင်ဓာတ်ကို လုံလောက်စွာ စားသုံးခြင်းကလည်း သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် မြင့်မားတဲ့အပူချိန်ကို ပိုမို ခံနိုင်ရည်ရှိစေတဲ့အတွက်  အပူဒဏ်နဲ့ အပူဖုတွေလိုမျိုး ပြင်းထန်တဲ့ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

သက်ကြီးရွယ်အိုများအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေမှာ ဗီတာမင်စီနှင့် အိုမီဂါ-၃ အက်ဆစ်တို့ ပါဝင်နေပြီး အဲ့ဒီဓာတ်တွေကို ဖြည့်စွက်စာများ သို့မဟုတ် သဘာဝအစားအစာများမှ ရရှိနိုင်ပါတယ်။

ကိုအင်ဇိုင်းကျူ - ၁၀ ဖြည့်စွက်အားဆေး သောက်ပေးခြင်း 

သက်ကြီးရွယ်အိုတွေကို အပူဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ နောက်ထပ်ဖြည့်စွက်အားဆေးကတော့ ကိုအင်ဇိုင်းကျူ - ၁၀ ဒါမှမဟုတ် CoQ10 ဖြစ်ပါတယ်။ သုတေသနလေ့လာမှုတွေအရ CoQ10 ဟာ စွမ်းအင်ထုတ်လုပ်မှုနှင့် ဆဲလ်များဇီဝဖြစ်ပျက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ကြောင်း တွေ့ရှိရပါတယ်။ အဲ့ဒါတင်မကပဲ သက်ကြီးရွယ်အိုများရဲ့ ကြွက်သားပျက်စီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း လျော့နည်းစေပြီး ကျန်းမာစေပါတယ်။ CoQ10 ဖြည့်စွက်အားဆေးကို ဆေးတောင့် ၊ ဆေးပြားနဲ့ ဂျယ်ပုံစံ ဆေးတောင့် စတဲ့ ပုံစံအမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။

အခုလို ဖြည့်စွက်အားဆေးများ၊ ဗီတာမင်များနဲ့ အီလက်ထရိုလိုက် အမှုန့်များကို City Care ဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ ဖြည့်စွက်အားဆေးတစ်ခု သောက်သုံးတော့မယ်ဆိုရင် ကျန်းမာရေးအတိုင်ပင်ခံနဲ့ ဆွေးနွေးဖို့လည်း အကြံပြုချင်ပါတယ်။ အိမ်မှာရှိတဲ့ ဖိုးဖိုးဖွားဖွားတွေ နွေရာသီကို သက်တောင့်သက်သာဖြတ်သန်းနိုင်ဖို့ ဒီအချက်လေးတွေနဲ့ ကူညီလိုက်ကြရအောင်နော်။ 


Share

Comments

မေကြယ်စင်အောင်

ကျန်းမာခြင်းဟာလာဘ်တပါးတိုသလိုလူကြီးမိဘများ၏ကျန်းမာရေးကိုသေချာရေးဂရိုစိုက်ပေးဖို့လိုအပ်ပါတယ်

Anonymous

ကိုယ့်ဘဝမှာအရေးကြီးဆုံးကအဖေနဲ့အမေပါပဲ မိဘတေကို ကျန်းမာအောင်နေစေချင်တာလည်းသားသမီးတေအိပ်မက်ပါပဲ အခုလိုနည်းလေးတေသိလိုက်ရတော့ကိုယ့်အိမ်မှာရှိတဲ့လူကြီးတေကို ပြန်ပီးတော့စောင့်ရှောက်ခွင့်ရတယ် လူကြီးတေကိုပျော်ပျော်ရွှင်ရွှင်နဲ့ကျန်းမာနေစေချင်ပါတယ်

Related Posts