တိလေးတွေအတွက် ကိုယ်တိုင်လုပ် ကစားစရာလေးတွေ ဖန်တီးမယ်

Posted in အိမ်မွေးတိရစ္ဆာန်

တိဖေဖေမေမေတို့ရေ - 

ကလေးတွေကို သားသမီးအရင်းအတိုင်း ချစ်ကြတာ သိပြီးသားပါနော်။ ဒါကြောင့် သူတို့လေးတွေအတွက် အရုပ်လေးတွေကို ကိုယ်တိုင်ဖန်တီးပေးရတာလောက် ပျော်စရာကောင်းတာ ဘာရှိတော့မလဲ။ အင်း.. နည်းလမ်းတွေကို သိထားဖို့တော့ လိုတာပေါ့။ ဒါကြောင့် အိမ်မှာအသင့်ရှိနေတဲ့ ပစ္စည်းလေးတွေကို ဖန်တီးဉာဏ်ကောင်းကောင်းနဲ့ ပြင်ဆင်ပြီး တိလေးတို့ပျော်စရာ ကစားစရာလေးတွေကို ဘယ်လိုဖန်တီးမလဲဆိုတာ ဒီဆောင်းပါးလေးမှာ ကြည့်လိုက်ရအောင်နော်။  

    

(၁) ကိုယ့်တိလေးတို့အကြိုက် အလိုက်သိပါ

ကဲ.. ပထမဦးဆုံး သူတို့လေးတွေရဲ့ လျှို့ဝှက်ကိုယ်အမူအရာလေးတွေကို အဓိပ္ပာယ်ဖော်ကြည့်လိုက်ရအောင်နော်။ ကိုယ့်ရဲ့ တိလေးတွေက ကျွိကျွိအရုပ်‌လေးတွေကိုမှ ရူးသွပ်တာလား။ ဒါမှမဟုတ် ငှက်မွှေးလေးတွေကို တစ်ချိန်လုံးလိုက်ဖမ်းနေတက်တာမျိုးလား။ ဒါမျိုး သူတို့အကြိုက်လေးတွေကို လိုက်မှတ်ထားပါ။ အသက်နဲ့ အမျိုးအစားကလည်း မှန်ကန်တဲ့အရုပ်ကလေးတွေ ရွေးချယ်ပေးတဲ့အခါမှာ တကယ်ကိုအရေးပါပါတယ်နော်။ ကစားမက်တဲ့ ပါပီပေါက်လေးတွေက အခုန်မြန်တဲ့ဘောလုံး‌လေးတွေကို အသည်းစွဲတက်ကြတာမှန်ပေမဲ့ လောကကြီးကိုနောကျေနေပြီဖြစ်တဲ့ စီနီယာကြောင်ကြီးတွေကတော့ အစာတွေနဲ့ဖြည့်ထားပြီး ချိတ်ဆွဲထားတဲ့ ပ‌ဟေဠိတွေကို ပိုပြီးခုံမင်တက်ကြပါလိမ့်မယ်။ 

(၂) အိမ်သုံးပစ္စည်းလေးတွေကို ကစားစရာအဖြစ် အသွင်ပြောင်းပါ

သင့်အိမ်မှာ အောင်းထားတာတွေ မွှေဖို့အချိန်ကျပါပြီနော်။ ကတ်ထူပုံးအလွတ်ကစပြီး တီရှုပ်အဟောင်းတွေအထိ တိလေးတွေရဲ့ အနာဂတ်ကစားစရာလောင်းတွေဟာ အိမ်မှာရတနာသိုက်လိုပဲ ပုန်းခိုနေတက်ပါတယ်။ တစ်ရှူးဘူးအလွတ်ကို အစာလေးတွေဖွက်ပြီး ဆော့လို့ရတဲ့ ပဟေဠိအရုပ်အဖြစ် အသွင်ပြောင်းချလိုက်ပါ။ ဒါမှမဟုတ်လည်း ကိုယ့်ရဲ့အနားယူသွားပြီဖြစ်တဲ့ တီရှုပ်အဟောင်းကို သူတစ်ပြန်ကိုယ်တစ်ပြန်‌ဆော့လို့ရတဲ့ လက်လုပ်လွန်ကြိုးအဖြစ် ပုံသွင်းချလိုက်ပေါ့။ တစ်ခုသတိထားဖို့က ဘေးအန္တရယ်ကင်းဖို့ကတော့ ပထမဦးစားပေးပေါ့နော်။ ဆော့ချိန်ကနေ ဆေးခန်းတစ်ခေါက်အလည်သွားလိုက်ရမယ့် အချိန်အဖြစ်ပြောင်းလည်းသွားနိုင်လို့ ဝါးပြီးမျိုချလို့ရတဲ့အပိုင်းစသေးသေးလေးတွေ မပါတာသေချာပါစေနော်။ 


(၃) စိတ်ကိုလှုံ့ဆော်ပေးမယ့် အပြန်အလှန်ဆော့ကစားခြင်း

အိမ်မွေးတိရစ္ဆာန်‌လေးတွေက ဉာဏ်ကောင်းတဲ့အလည်တုံးလေးတွေဖြစ်ပြီး သူတို့လေးတွေရဲ့စိတ်အာရုံနဲ့ အမြဲချိတ်ဆက်ပေးဖို့က တကယ့်ကစားချိန်ထက်ကို ပိုအရေးကြီးပါတယ်။ သူတို့ရဲ့ အသိဉာဏ်ကို စမ်းသပ်ပေးနိုင်တဲ့ အပြန်အလှန်ကစားလို့ရတဲ့ အရုပ်လေးတွေကို ထည့်စဉ်းစားကြည့်ပေးပါ။ ပဟေဠိဖြည်မှစားလို့ရတဲ့ အစာခွက်တွေက စိတ်ပိုင်းဆိုင်ရာကိုလှုံ့ဆော်ပေးရုံသာမက အမြဲငြီးငွေ့အပျင်းကြီးတဲ့ ချစ်ရတဲ့သခင်ကြီးကိုလည်း တစ်ခါတည်းတားဆီးပေးလိုက်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုလည်းဖြစ်တယ်။ တင်းနစ်ဘောလုံးတစ်လုံးနဲ့ ငှက်နှစ်ကောင်တစ်ခါတည်းပစ်လိုက်သလိုပါပဲ။ လေ့ကျင့်ခန်းလည်းလုပ်။ ဉာဏ်လည်းကောင်းပေါ့။ 

(၄) ရာသီနဲ့ ပွဲတော်ပိတ်ရက်တွေအလိုက်အရုပ်များ

သင့်အချစ်တော်တိလေးရဲ့ ကစားချိန်ကို ပျော်ရွှင်ဖွယ်ပွဲတော်အငွေ့အသက်လေး နည်းနည်းဖြူးကြည့်လိုက်ရအောင်။ ဟော်လိုဝင်းအတွက် အနည်းငယ်မွမ်းမံဖို့ ကျောချမ်းစရာကောင်းတဲ့ ကြောင်ကန်ကျောက်ဆော့ကစားနိုင်တဲ့အရုပ်တစ်ခုအတွက်  ခြေအိတ်အဟောင်းထဲကို ကြောင်ဆေးပင်တွေနဲ့သာ ဖြည့်လိုက်ပါ။ ခရစ်စမတ်ပိတ်ရက်အတွင်းမှာတော့ ချူလေးတွေနဲ့ဖြည့်ထားတဲ့ ပလတ်စတစ်ဗူးကလည်း ပြီးပြည့်စုံတဲ့ ခရစ်စမတ်ဆည်းလည်းလေးဖြစ်နိုင်ပါတယ်။ တီထွင်ဖန်တီးပြီး ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အတူ ရာသီရဲ့ဝိညာဉ်နဲ့လိုက်ဖက်တဲ့ အရုပ်လေးတွေနဲ့ ပွဲ‌တော်ကိုပါဝင်ဆင်နွှဲလိုက်ပါ။ 

(၅) ကိုယ်တိုင်လုပ် သွားရည်စာလေးများ 

အစာနဲ့အရုပ်များ - တိလောကနိဗ္ဗာန်ရဲ့ အတွဲအစပ်ပါပဲ။ သင့်ရဲ့ ကိုယ်ပိုင်ကြောင်စာထုတ်စက်ကိုလည်း ပစ္စည်းအနည်းငယ်နဲ့ ဖန်တီးနိုင်ပါပြီနော်။ ခပ်တောင့်တောင်ပလတ်စတစ်ခွက်တစ်ခုကိုယူပြီး အပေါက်အနည်းငယ်ဖောက်ပါ။ ပြီးရင်တော့ ဟပ်ချလောင်း.. သင့်တိလေးကိုနာရီပိုင်းလောက် အလုပ်ရှုပ်နေစေမယ့် ပဟေဠိကြောင်စာထုတ် ကစားစရာလေးရပါပြီ။ တစ်ခုရှိတာက အပေါက်တွေက ကြောင်စာလေးတွေ ကောင်းကောင်းထွက်လာနိုင်အောင်ကြီးပြီး အန္တရာယ်မဖြစ်စေနိုင်လောက်တဲ့အထိ သေးဖို့ပါပဲ။ 

ဒီလိုကြည်နူးစရာအရုပ်လေးတွေပြုလုပ်တာက အရုပ်ပြီးဖို့ပဲ မဟုတ်ပါဘူး။ ဒီတီထွင်ဖန်တီးမှုလုပ်ငန်းစဉ်လေးမှာ သင်တိလေးနဲ့ဝေမျှရတဲ့ ပျော်ရွှင်မှုလေးကြောင့်ပါပဲ။ အိမ်မှာပဲကြောင်ဆေးပင်နဲ့လုပ်ထားတဲ့ ကြွက်ကလေးတစ်ကောင် ဒါမှမဟုတ် လက်လုပ်ကြောင်ဖမ်း နှင်တံလေးတွေလုပ်ရင်း ဖန်တီးတဲ့အမှတ်တရလေးတွေက တစ်သက်တာခံပါတယ်နော်။ 

ဆိုတော့... တိချစ်သူ ပါးပါးမားမားတို့ ဒီလောက်ဆိုရပြီမလား။ ကိုယ့်ရင်တွင်းက လက်မှုပညာမှော်ဆရာကြီးနဲ့အတူ ကိုယ့်မွှေးထူသူငယ်ချင်းငယ်လေးတွေအတွက် မေ့မရနိုင်တဲ့ ကစားချိန်တွေ ဖန်တီးပေးလိုက်တော့နော်။  အခုပဲ ဖန်တီးမှုအတွက် မရှိမဖြစ်ပစ္စည်းတွေကို သူတို့ရဲ့စတိုးဆိုင်မှာ သွားဝယ်ပြီး လက်လုပ်ကစားစရာ စွန့်စားခန်းကြီးကို စတင်လိုက်ပါ။ ဘာပဲဖြစ်ဖြစ် နှန့်နေတဲ့အမြှီးလေးက ကိုယ့်ကြိုးစားမှုရဲ့ အကောင်းဆုံးသက်သေတစ်ခုပဲမဟုတ်လား။ 


Share

Comments

Related Posts