ကလေးဒိုင်ပါ လဲတဲ့အခါ ဒီအချက်လေးတွေ ဂရုပြုပေးပါ

Posted in မိဘအုပ်ထိန်းခြင်း


သေးကွေးနုနယ်တဲ့ ကလေးငယ်လေးတွေကို စတင်ပြုစုစောင့်ရှောက်ချိန်မှာ ဒိုင်ပါ လဲတာကလည်း ကျန်းမာသန့်ရှင်းရေးနဲ့ ညီညွတ်အောင် လုပ်ဆောင်ဖို့ စိန်ခေါ်မှုတစ်ခုလိုပါပဲ။ အထူးသဖြင့် အခုမှ မွေးကာစ ကလေးငယ်လေးကို ပြုစုထိန်းကျောင်းနေရတဲ့ ဖေဖေမေမေသစ်တို့အတွက် စနစ်ကျကျနဲ့ သန့်သန့်ရှင်းရှင်း ဒိုင်ပါလဲလှယ်ပေးဖို့က ထင်သလောက် မလွယ်ကူနေဘူးပေါ့။ ဒီလိုငယ်ရွယ်တဲ့အရွယ်လေးတွေမှာလည်း တစ်ကိုယ်ရည်သန့်ရှင်းရေးက အခြေခံကျတဲ့ အချက်ဖြစ်နေတာကြောင့် သန့်ရှင်းပြီး နည်းလမ်းမှန်တဲ့ ဒိုင်ပါလဲလှယ်နည်း သိထားမှ အဖြစ်များတတ်တဲ့ ဒိုင်ပါလောင်တာ၊ ရောဂါပိုးမွှားပျံ့နှံ့တာနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာတွေကို ကာကွယ်ပေးထားနိိုင်မှာပါ။ ဒါကြောင့် ကလေးငယ်လေး နေရထိုင်ရ သက်တောင့်သက်တာ အမြဲရှိနေပြီး ကျန်းမာသန့်ရှင်းစေဖို့ သိထားသင့်တဲ့ ကျန်းမာရေးနဲ့အညီ ဒိုင်ပါလဲလှယ်ခြင်း နည်းလမ်းကောင်းတွေကို အောက်မှာ ဆက်ဖတ်ကြည့်ရအောင်။

ကျန်းမာသန့်ရှင်းတဲ့ ဒိုင်ပါလဲပုံလဲနည်း

မွေးကာစ ကလေးတွေမှာဆို ဒိုင်ပါကို ၃ - ၄နာရီ တစ်ခါလောက် လဲလှယ်နေရတာမလို့ သူတို့လေးတွေ အနီးကပ်အထိတွေ့ဆုံး ဒိုင်ပါတွေရဲ့ သန့်ရှင်းမှုနဲ့ သင့်တော်လိုက်ဖက်မှုက ပထမဥ◌ီးစားပေးပါပဲ။ ဒါကြောင့် သန့်ရှင်းမှုအတွက် ကြိုတင်ပြင်ဆင်ထားဖို့နဲ့ ကလေးကို ဒိုင်ပါလဲပေးထားမယ်ဆို …

  • လိုအပ်မဲ့ ဒိုင်ပါ၊ တစ်ရှူးစို၊ လိမ်းဆေးနဲ့ အဝတ်အစားသစ်တွေကို ကလေးကို ဒိုင်ပါမလဲပေးခင်မှာ အနားမှာ ကြိုတင်ဆောင်ထားပြီး ကလေးကို ဒိုင်ပါလဲတဲ့ နေရာမှာ တစ်ယောက်တည်းပစ်မထားပါနဲ့။
  • သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း သမီးမိန်းကလေးတွေမှာဆို ပိုးမွှားဝင်ရောက်မှုကို ကာကွယ်ဖို့ ဒိုင်ပါအဟောင်းကို ချွတ်ပြီးတဲ့အခါ အရှေ့ဘက်ကနေ နောက်ဘက် (စအိုဘက်) ကို အမြဲဦးတည်သုတ်ပေးပါ။
  • ဒိုင်ပါအသစ် မဝတ်ပေးခင် ကလေးအသားရည်ကို သန့်ရှင်းတဲ့ အဝတ်လေးနဲ့ ဖွဖွလေး သုတ်ပေးပါ။ ဘာကြောင့်ဆို သေချာအခြောက်မခံပေးဘဲ ဒိုင်ပါ တန်းဝတ်ပေးမယ်ဆို အသားလောင်တာနဲ့ ဖြစ်စေနိုင်ပါတယ်။
  • စိုထိုင်းဆနဲ့ အသားလောင်တာ၊ ယားယံတာတွေ မဖြစ်စေဖို့ ဒိုင်ပါလောင်တာကနေ ကာကွယ်တဲ့ ခရင်မ်တမျိိုးမျိုး အနည်းငယ်လိမ်းပေးပြီး သူတို့လေးတွေရဲ့ အသားရည်ကို အကာအကွယ်ပေးထားပါ။ 
  • ဖေဖေ၊ မေမေတို့ကလည်း ဒိုင်ပါမလဲခင်နဲ့ လဲပြီးပြီးချင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးပြီး ဒိုင်ပါလဲတဲ့ အခင်းကိုလည်း အသုံးပြုပြီးတိုင်း ပိုးသတ်သန့်ရှင်းရေး လုပ်ပေးရင် အကောင်းဆုံးဖြစ်မှာပါ။

ရှောင်ကြဥ်သင့်တဲ့ အချက်လေးတွေ

ဆောင်ရန်အချက်လေးတွေ သိသွားပြီဆို သန့်ရှင်းမှုအတွက် ဒီအချက် ၂ချက်ကို ရှောင်ကြဥ◌်ပေးဖို့ လိုပါသေးတယ်။

  • ကလေးငယ်တွေကို အပေါ့၊ အလေးစွန့်ထားတဲ့ ဒိုင်ပါအဟောင်းနဲ့ အကြာကြီး ပစ်မထားမိစေဘဲ စိုတာနဲ့ ချက်ချင်းလဲလှယ်ပေးတာက ကျန်းမာရေးသန့်ရှင်းရေးအတွက်ရော၊ အသားရည်ပျက်စီးမှုအတွက်ပါ ကာကွယ်ပေးမှာပါ။
  • ကလေး သက်တောင့်သက်သာရှိနေဖို့ အရေးကြီးတာကြောင့် ဒိုင်ပါနဲ့ အဝတ်အစားတွေ ကျပ်ထုတ်မနေအောင် ဂရုပြုပေးပြီး ဒိုင်ပါဝတ်ပြီးတဲ့အခါ ကလေးဗိုက်နဲ့ ဒိုင်ပါကြားမှာ လက်ချောင်းနှစ်ချောင်းစာလောက် ချောင်နေရပါမယ်။

သန့်ရှင်းမှ ပျော်ရွှင်ကျန်းမာတဲ့ ကလေးငယ်ဖြစ်မှာမလို့ အပေါ်မှာ ပြောပြထားတဲ့အချက်လေးတွေကို ဖြည်းဖြည်းချင်းလုပ်ဆောင်ကြည့်ရင်း သူတို့လေးရဲ့အသားရည်ကို ကာကွယ်ပေးရင်း ရောဂါပိုးမွှားကင်းစင်တဲ့ ပတ်ဝန်းကျင်လေးကို ဖန်တီးနိုင်မှာ အမှန်ပါပဲနော်။


Share

Comments

Related Posts