
“ကျန်းမာမှ အသက်ရှည်မှာလား...”
“အသက်ရှည်ရှည်နေတဲ့ဘဝဟာ ပိုကောင်းတာလား...”
တကယ်တော့ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝဆိုတာ လူသားတိုင်း လိုချင်၊ တောင်းတတဲ့အရာတစ်ခုဆိုရင် မှားမယ်မထင်ပါဘူး။
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာနေဖို့အတွက်သာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့၊ ငွေကြေးကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့နဲ့ ကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်မှာနေထိုင်နေဖို့ဟာ ဘဝတစ်လျှောက်မှာ ကျန်းကျန်းမာမာ၊ အသက်ရှည်ရှည်၊ ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့ အရေးကြီးတဲ့ အခြေခံလိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။
ဒါတွေကို ကောင်းစွာနားလည်ပြီး နေ့စဉ်ဘဝမှာ လက်တွေ့ကျကျ နေထိုင်နိုင်ဖို့ တစ်ဦးတစ်ယောက်ချင်းစီသာမက အားလုံးအတူလုပ်ဆောင်ဖို့ လိုအပ်လာပါပြီ။ ဒီလို ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝဆိုင်ရာ အတွေ့အကြုံတွေကို ယူဆောင်ပေးနေတဲ့ AIA ရဲ့ AIA One Billion Goal အကြောင်းကို အနည်းငယ်မျှဝေပေးချင်ပါတယ်။

AIA One Billion Goal
AIA ဆိုတာ အာရှပစိဖိတ်ဒေသမှာ ဦးဆောင်နေတဲ့ အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်ပြီး ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေ ရရှိပိုင်ဆိုင်ရေးဟာ AIA ရဲ့ ပင်မ ရည်ရွယ်ချက်တစ်ခုပါ။
ဒါ့ကြောင့် AIA One Billion ဆိုတဲ့ အစီအစဉ်ကနေတစ်ဆင့် ၂၀၃၀ ပြည့်နှစ်ရောက်တဲ့အခါ အာရှပစိဖိတ်ဒေသရဲ့ လူဦးရေ တစ်ဘီလီယံဆီကို ပိုမိုကောင်းမွန်တဲ့ဘဝဆိုင်ရာ အတွေ့အကြုံကောင်းတွေကို ပံ့ပိုးပေးဖို့ AIA က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ များစွာသော အစီအစဉ်တွေနဲ့အတူ AIA ရဲ့ အာမခံအကာအကွယ်ရယူထားတဲ့ customer တွေဆီကိုသာမက များပြားလှတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့လည်း ချိတ်ဆက်ကာ လုပ်ဆောင်လျက်ရှိပါတယ်။

မြန်မာနိုင်ငံအတွက် AIA One Billion Goal ဆိုင်ရာ ကြိုးပမ်းမှုများ
AIA တည်ရှိရာ နိုင်ငံပေါင်း ၁၈ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ တစ်ခုအပါအဝင်ဖြစ်တာကြောင့် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝရရှိစေဖို့ လုပ်ဆောင်ပေးလျက်ရှိပါတယ်။
ကျန်းမာခြင်းသုခအပေါ် လက်ခံထားတဲ့အတွေး၊ အမြင်တွေကို ပြန်လည်သုံးသပ်နိုင်စေဖို့ ရည်ရွယ်တဲ့ “RETHINK HEALTHY” အစီအစဉ်၊ အနာဂတ်မျိုးဆက်သစ် ကလေးငယ်များအတွက် ကျန်းမာသုခဆိုင်ရာ
အလေ့အထကောင်းတွေ ပြုစုပျိုးထောင်ပေးနေတဲ့ “AIA Healthiest Schools” အစီအစဉ် စတာတွေကို မိတ်ဖက်အဖွဲ့အစည်းများ၊ Agent များ၊ Customer များနဲ့အတူ ပူးပေါင်းကာ အကောင်အထည်ဖော်လျက်ရှိပါတယ်။
အာမခံရောင်းချခြင်း သက်သက်မဟုတ်ဘဲ ပြီးပြည့်စုံတဲ့ ကျန်းမာသုခရရှိစေဖို့ လုပ်ဆောင်ပေးလျက်ရှိတဲ့ AIA Myanmar အကြောင်းကို ဒီမှာ http://bit.ly/4ggeqrv လေ့လာပါ။
ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Comments