
လူတိုင်းဟာ နေ့စဉ်နေ့တိုင်း ရွေးချယ်မှုပေါင်းများစွာကို လုပ်ဆောင်နေကြပါတယ်။ လူသုံးကုန်၊ အစားအသောက်၊ အလှအပပစ္စည်းတွေကအစ အရေးကြီးတဲ့ရွေးချယ်မှုတွေအဆုံး ကိုယ်ပိုင်အကြိုက်၊ နောက်ဆက်တွဲအကျိုးရလဒ် ဒါမှမဟုတ် သုံးစွဲသူတွေရဲ့ သုံးသပ်ချက် စတာတွေအပေါ်မှာ မူတည်ပြီး ရှုတောင့်အမျိုးမျိုးကနေ ရွေးချယ်ကြပါတယ်။ WHO အဖွဲ့အစည်းရဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြချက်အရ ကျန်းမာရေးပေါ်အခြေခံတဲ့ ရွေးချယ်မှုတွေဟာ လုပ်ဆောင်ရလွယ်ကူရိုးရှင်းပြီး ရေရှည်အနာဂတ်အတွက်ပါ ကြီးမားတဲ့အထောက်အကူဖြစ်စေတယ်လို့ဆိုပါတယ်။

ကျန်းမာရေးအတွက် ရွေးချယ်မှု
သင်ဟာ CityMart မှာ စားသောက်ကုန်ပစ္စည်းတွေအတွက် ဈေးဝယ်ထွက်တယ်ဆိုကြပါစို့။ ရွေးချယ်ဝယ်ယူမှုတိုင်းမှာ လိုအပ်တဲ့အာဟာရအညွှန်းကိန်းတွေနဲ့ပြည့်စုံဖို့ အသီးအရွက်၊ အသားငါး၊ နို့ထွက်ပစ္စည်း၊ အခွံမာသီးတွေကို အချိူးကျကျဝယ်ယူလေ့ရှိသူလား။ အမှန်တကယ် စားသုံးရဲ့လား။
နေ့စဉ် လမ်းလျှောက်ထွက်ခြင်း၊ မိနစ် ၃၀ လောက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ရာသီအလိုက်ကာကွယ်ဆေးထိုးခြင်း၊ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းတွေ လုပ်ဆောင်ဖို့ ဘာတွေက အဟန့်အတားတွေဖြစ်နေသလဲဆိုတာကို သုံးသပ်ကြည့်စေချင်ပါတယ်။

ကျန်းမာတဲ့နေထိုင်မှုပုံစံရှိရုံနဲ့ လုံလောက်ပြီလား
ကျန်းမာတဲ့နေထိုင်မှုဘဝကို ပိုင်ဆိုင်ထားခြင်းဟာ ကိုယ့်အတွက်အရှုံးမရှိပေမဲ့ ဘဝမှာ မမျှော်မှန်းနိုင်တဲ့အရာတွေနဲ့ ကြုံတွေ့နိုင်တာဖြစ်လို့ အနာဂတ်အတွက် အလုံးစုံစိတ်အေးရဖို့ဆိုရင် ထပ်မံလုပ်ဆောင်ရမယ့် အရာတွေ ရှိပါသေးတယ်။
ဘဝခရီးစဉ်တစ်လျှောက်မှာ မမျှော်မှန်းနိုင်တဲ့ အရာတွေကနေ စိတ်ကူးအိပ်မက်တွေကို အကောင်းဆုံးကာကွယ်နိုင်ဖို့ ငွေကြေးအရပါ ပြင်ဆင်ထားသင့်ပါတယ်။ လုပ်ဆောင်နိုင်တဲ့ အရာတွေကတော့ -
· ပိုင်ဆိုင်မှုကို တွက်ချက်ပါ - သင့်ပိုင်ဆိုင်မှုတွေရဲ့ လက်ရှိတန်ဖိုး၊ ပုံမှန်ဝင်ငွေ၊ စုဆောင်းငွေနဲ့ ပုံမှန်အသုံးစရိတ်ကိန်းဂဏန်းတွေကို ပုံမှန်တွက်ချက်ပါ။
· ကုန်ကျစရိတ်ဖောင်းပွမှုကို လျှော့ချပါ - ဝင်ငွေပမာဏထက် သုံးစွဲတဲ့ပမာဏက များနေတယ်ဆိုရင် အထူးသဖြင့် ကျန်းမာရေးအတွက် များပြားလှတဲ့ကုန်ကျစရိတ်ဟာ ငွေကြေးဟန်ချက်ကို ထိန်းသိမ်းနိုင်ဖို့ ခက်ခဲပါတယ်။
· ဆုံးရှုံးနိုင်ခြေကနေ ကာကွယ်ပါ - မိမိဘဝရှေ့ရေးနဲ့ အသက်လုံခြုံမှုတွေအထိပါ ထိခိုက်နိုင်တဲ့ ဆုံးရှုံးနိုင်ခြေကို ကာကွယ်ဖို့ အာမခံဝယ်ယူထားသင့်ပါတယ်။ ဒါဆိုရင် အရေးပေါ်အသုံးစရိတ်တွေအတွက် စိတ်ပူပန်စရာလည်း မလိုတော့ပါဘူး။
ဘက်ပေါင်းစုံကာကွယ်ထားတဲ့ စိတ်ပူပန်မှုကင်းတဲ့အနာဂတ်
ဘဝအချိုးအကွေ့တွေတိုင်းမှာ မိမိကိုယ်တိုင်အတွက်သာမက ချစ်ရသူတွေနဲ့အနာဂတ်တွေအတွက်ပါ ဘက်ပေါင်းစုံက ကာကွယ်နိုင်ဖို့ ကျန်းမာရေးအာမခံ၊ အသက်အာမခံတွေ ထားရှိသင့်ပါတယ်။ ငွေကြေးဟန်ချက်မပျက်စေဖို့ သင့်တင့်တဲ့ပရီမီယံကြေးနဲ့ အားကောင်းတဲ့ကာကွယ်ပေးမှုတွေကို ရယူလိုတယ်ဆိုရင်တော့ AIA Myanmar ကို ဆက်သွယ်လိုက်ပါ။ အသေးစိတ်ကို https://www.aia.com.mm/mm/index.html မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
မှန်ကန်တဲ့ရွေးချယ်မှုတွေကနေတစ်ဆင့် ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
Comments