ကျစ်လစ်တဲ့ ဗိုက်ကြွက်သားများ ပိုင်ဆိုင်ဖို့အတွက် လျှို့ဝှက်ချက်

Posted in ကျန်းမာရေး, ကိုယ်ကာယကြံ့ခိုင်ခြင်း


အပြစ်ပြောစရာမရှိတဲ့ ဗိုက်ကြွက်သားတစ်စုံ တည်ဆောက်ဖို့ဆိုတာ အလွန်ခက်ခဲတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ကိုရီးယားအမျိုးသမီးဂီတအဖွဲ့ ‘LE SSERAFIM’ ရဲ့ လူသိများတဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Kazuha ကတော့ သူမရဲ့ ဂီတအရည်အချင်းအတွက် သာမကပဲ သူမရဲ့ဗိုက်ကြွက်သားတွေအတွက်ပါ လည်ပြန် ကြည့်ရလောက်အောင် အထင်ကြီးစရာ ကောင်းလှပါတယ်။  ဒီထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာက သူမရဲ့ လေ့ကျင့်ခန်းတွေမှာ အဆင့်မြင့် အားကစား ကိရိယာတွေ ပါဝင်ခြင်းမရှိတာပါပဲ။ Kazuha ရဲ့ ကိရိယာလွတ် ဗိုက်ကြွက်သား လေ့ကျင့်ခန်းများနဲ့ သူမရဲ့ ဗိုက်ကြွက်သားသန်မာမှုကို ဘယ်လို ထိထိထိရောက်ရောက် ထိန်းသိမ်းလဲဆိုတာ လေ့လာကြည့်ကြရအောင်။

Kazuha ရဲ့ ကိရိယာလွတ် ဗိုက်ကြွက်သား လေ့ကျင့်ခန်း

(၁) တောင်တက်ပုံစံလေ့ကျင့်ခန်း

  • Plank အနေအထားမှာနေပါ။

  • ဒူးတစ်ဖက်ကို ရင်ဘက်ဆီသို့ ဆွဲယူပါ။ ပြီးရင်တစ်ခြားတစ်ဖက်ကို ဆွဲယူပါ။

  • ဖြေးဖြေးမှန်မှန် တစ်မိနစ်ခန့်ဆက်လုပ်ပါ။

(၂) Plank ထောက်ခြင်း

  • Plank အနေအထားမှာနေပါ။

  • Forearm plank (တံတောင်ဆစ်ထောက် ပလန့်) နဲ့ high plank (လက်ဆန့်ထောက် ပလန့်) နှစ်မျိုးပြောင်းထောက်ပါ။

  • ဗိုက်ကြွက်သားတွေကို ညှစ်ထားပြီး ပုံစံတစ်မျိုးကို စက္ကန့် (၃၀) ထောက်ပါ။

(၃) ရုရှားတွစ် လေ့ကျင့်ခန်း

  • ကြမ်းပြင်ပေါ်မှာ ဒူးကွေးထိုင်ပြီး ခြေဖဝါးတွေကိုဆန့်ထားပါ။

  • နောက်သို့အနည်းငယ်ယိုင်ပြီး တင်ပါးအရိုးအပေါ်ထိန်းထိုင်ပါ။

  • ကိုယ်လုံးကိုကြမ်းပြင်တစ်ဖက်ဆီသို့ အလှည့်ကျလှည့်ပါ။

  • တစ်ကြော့လျှင် အကြိမ် (၂၀)  နဲ့ သုံးကြော့လုပ်ကြည့်ပါ။

(၄) ခြေထောက်မြှောက်ကန် လေ့ကျင့်ခန်း

  • နောက်ကျောနဲ့ ကြမ်းပြင်ကိုကပ်ထားပြီး လက်နှစ်ဖက်ကို တင်ပါးအောက်ထဲ ထည့်ထားပါ။

  • ခြေနှစ်ဖက်ကို ကြမ်းပြင်မှ အပေါ်သို့ လက်မအနည်းငယ် မ တင်ပါ။

  • အဆိုပါပုံစံကို တစ်ကြော့လျှင် စက္ကန့် (၃၀) နဲ့ သုံးကြော့လုပ်ကြည့်ပါ။

(၅) ခြေထောက်မတင် လေ့ကျင့်ခန်း

  • နောက်ကျောနဲ့ကြမ်းပြင်ကပ်ထားပြီး လက်နှစ်ဖက်နဲ့ ခြေနှစ်ဖက်ကို ဆန့်ထားပါ။

  • လက်နှစ်ဖက်နဲ့ ခြေနှစ်ဖက်ကိုမတင်ပြီး ခန္ဓာကိုယ်နဲ့ “U” ပုံ အနေအထားမှာ နေပါ။

  • အဆိုပါအနေအထားကို (၄၅) စက္ကန့် ထိန်းထားပြီး ဗိုက်ကြွက်သားတွေကို ညှစ်ထားပါ။

လေ့ကျင့်စဉ်တစ်ခုပြီးတိုင်းမှာ Kazuha ကအကြောလျှော့ခြင်းရဲ့ အရေးကြီးပုံကို ပြောပြထားပါတယ်။ အကြောလျှော့ဖို့အတွက် မြွေဟောက်ကိုယ်ဟန် အနေအထား၊ ‌သန္ဓေသားပုံစံ ကိုယ်ဟန် အနေအထား၊ လိမ်နေတဲ့ ခန္ဓာကိုယ်အနေအထား  တွေက ဗိုက်ကြွက်သားဝန်းကျင်က တင်းမာမှုတွေကို ဖြေလျော့ပေးတဲ့ အပြင် အကြောပျော့ပြောင်းမှုကိုပါ မြှင့်တင်ပေးပါတယ်။

Kazuha ရဲ့ ကိရိယာလွတ် ဗိုက်ကြွက်သား လေ့ကျင့်စဉ်ကတော့ ရှုပ်ထွေးတဲ့ အားကစားကိရိယာတွေ မပါဝင်တဲ့ ရိုးရှင်းထိရောက်တဲ့ နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။ ဒီလေ့ကျင့်စဉ်ကို ကိုယ်တိုင်ပုံမှန်လုပ်ဆောင်ပြီး အစားအသောက်လည်း ဆင်ခြင်မယ်ဆိုရင် Kazuha လို အပြစ်ပြောစရာမရှိတဲ့ ဝမ်းဗိုက်ကြွက်သားတစ်စုံကို သင်ကိုယ်တိုင် ပိုင်ဆိုင်နိုင်ပြီပဲ ဖြစ်ပါတယ်။


Share

Comments

Related Posts