ချစ်ခင်ရသူများအတွက် DIYလက်ဆောင်လှလှလေးတွေ

Posted in အိမ်မှုရေးရာ, ကိုယ်တိုင်လုပ်အနုပညာ


ကိုယ်ချစ်ခင်ရသူတွေကို သူတို့အမှန်တကယ် ကြိုက်နှစ်သက်လောက်မယ့် လက်ဆောင်လေးတွေပေးဖို့ စိတ်ကူးထားပါသလား။ ဒါဆိုရင်တော့ DIY လက်ဆောင်လေးတွေ ပေးဖို့ စဉ်းစားသင့်တယ်နော်။ DIY လက်ဆောင်လေးတွေက ကိုယ်ချစ်ခင်ရသူတွေကို ကိုယ်ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ပြသဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး အဲ့ဒီလက်ဆောင်လေးတွေ လုပ်နေရတာကလည်း ပျော်စရာကောင်းနေပါသေးတယ်။ ဒါ့ကြောင့် ထူးထူးခြားခြားအချိန် ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို တန်ဖိုးထားမှုတွေ ပြသချင်တဲ့အချိန်တွေအတွက် ကိုယ်ချစ်ခင်ရသူတွေကို ကိုယ်တိုင်လုပ်ပေးနိုင်မယ့် DIY လက်ဆောင်လေးတွေနဲ့ ပြုလုပ်နည်းလေးတွေပါ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

ဖုန်းကာဗာ

အခုလို ဒီဂျစ်တယ်ခေတ်မှာ လူတွေနဲ့ အမြဲတမ်း ယှဉ်တွဲတွေ့နေရတာ တစ်ခုက မိုဘိုင်းဖုန်းလေးတွေပဲ ဖြစ်ပါတယ်။ ကိုယ်ချစ်ခင်ရသူတွေ ဖုန်းကိုင်တိုင်း ကိုယ့်ကိုသတိရနေအောင် Handmade ဖုန်းကာဗာလေးတွေ လက်ဆောင်ပေးသင့်တယ်နော်။ အဲ့ဒီလို ဖုန်းကာဗာလေးကို အရင်ဆုံး ဖုန်းကာဗာအကြည်လေး ရှာပြီး ကိုယ့်အနုပညာစိတ်ကူးစိတ်သန်းတွေနဲ့ ဖန်တီးလိုက်ပါ။ ကာဗာအတွင်းဘက်ကို ရေစိုခံဆော့ပင်နဲ့ ပုံလေးတွေဆွဲ၊ အရောင်လေးတွေ ခြယ်တာမျိုး ဒါမှမဟုတ် ကာဗာပေါ်မှာ စတစ်ကာလှလှလေးတွေ ကပ်ပေးတာမျိုးလေးတွေနဲ့ အလှဆင်လို့ရပါတယ်။ ကိုယ်လက်ဆောင်ပေးမယ့်သူနဲ့  ဖုန်းကာဗာဆင်တူကိုင်ဖို့ ကိုယ် တစ်ခု၊ သူ တစ်ခု လုပ်ထားလို့လည်း ရသေးတယ်နော်။ လုပ်ပုံလုပ်နည်းလေးကို ဒီဗီဒီယိုလေးထဲမှာတစ်ချက် (Reference) လေ့လာကြည့်လို့ ရပါတယ် 

သိုးမွှေးအိတ် 

ကိုယ်က သေချာလေးတွေးပြီး လက်ဆောင်ပေးချင်တယ်ဆိုရင်တော့ သိုးမွှေးအိတ်လေးတွေက အကောင်းဆုံးလက်ဆောင်လေးတွေပဲနော်။ သိုးမွှေးအိတ်လေးတွေက စတိုင်ကျထူးခြားပြီး တကယ်အသုံးဝင်တဲ့ အရာလေးတွေပါ။ ကိုယ်ချစ်ခင်ရသူတွေရဲ့ အကြိုက်နဲ့ လိုအပ်ချက်ကို လိုက်ပြီး အရောင်၊ အရွယ်အစား၊ ဒီဇိုင်းလေးတွေ လိုအပ်သလို ဖန်တီးပေးနိုင်ပါတယ်။ အိတ်လေးတွေကိုလည်း များများဆန့်တဲ့ မိတ်ကပ်အိတ်၊ အလန်းစား လက်တော့ပ်အိတ်၊ ခေတ်စားနေတဲ့ လွယ်အိတ်လေးတွေ စသဖြင့် ပုံစံအမျိုးမျိုး တွေးပြီး လက်ဆောင်ပေးလို့ရပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ စဉ်းစားပေးတတ်တဲ့အတွေးက သူတို့နှလုံးသားကို ဆွဲဆောင်နိုင်မှာတော့ အသေအချာပဲနော်။ သိုးမွှေးအိတ်လေးတွေကို အလွယ်တကူ ပြုလုပ်နိုင်ဖို့ အွန်လိုင်းကနေ သိုးမွှေးအိတ်ပြုလုပ်နည်းလေးတွေ ရှာဖွေလေ့လာလို့ရပါတယ်။ (Reference)

ဖဲကြိုးနှင်းဆီပန်းစည်း

မွေးနေ့၊ နှစ်ပတ်လည်၊ အောင်မြင်မှုအထိမ်းအမှတ်နေ့ စတဲ့ နေ့အမျိုးမျိုးမှာ ပန်းလေးတွေက ဘယ်တော့မှ မရိုးသွားမယ့် လက်ဆောင်လေးတွေပါ။ ဘာလို့ DIY နှင်းဆီပန်းစည်းကို ထာဝရကြာရှည်ခံအောင် မလုပ်ကြတာလဲ။ ကြာရှည်ခံနိုင်မယ့် ပန်းစည်းလေးတွေကို ဖဲကြိုးလေးတွေနဲ့ ပြုလုပ်လို့ရတယ်နော်။ (၃၀) စင်တီမီတာရှိတဲ့ ပေတံကို ဖဲကြိုးလေးတွေနဲ့ အလျားလိုက် ပတ်လိုက်ပါ။ ပေတံရဲ့ အောက်ခြေတလျှောက်မှာရှိတဲ့ ဖဲကြိုးလေးတွေကို နှစ်ဖက်ကပ်တိတ်နဲ့ကပ်ပါ။ ပြီးတော့ ပေတံကို ဖယ်လိုက်ပြီး ဖဲကြိုးလေးတွေကို ဘယ်ဘက်ကနေ ညာဘက် ရစ်ခွေလိုက်ပါ။ လုပ်ပုံလုပ်နည်းလေးကို ဒီမှာ (Reference) လေ့လာကြည့်လို့ ရပါတယ်။ ဒီလို လုပ်ဆောင်တာကို ပန်းစည်းတစ်ခုစာ ရတဲ့အထိ လုပ်ဆောင်ပေးသွားပါနော်။

DIY မက်ဆေ့ဂျ်ဘောင်

ထူးခြားတဲ့နေ့တွေမှာ ကိုယ့်ရဲ့ ပြောချင်တဲ့စကားလုံးလှလှလေးတွေကို သူသိဖို့ လိုအပ်နေတာတစ်ခုကတော့ DIY မက်ဆေ့ဂျ်ဘောင်လေးပဲ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း ဓာတ်ပုံဘောင်လေးကို ဆန်းဆန်းပြားပြားလေးဖြစ်အောင် အလှဆင်တဲ့အရာလေးတွေနဲ့ ဖန်တီးမှုလေးတွေ သုံးပြီး ကိုယ်ပေးချင်၊ ပြောချင်တဲ့ မက်ဆေ့ဂျ်လေးတွေကို ထူးထူးခြားခြားလေးဖြစ်အောင် လုပ်ပေးလို့ရတယ်နော်။ ဒီလို မက်ဆေ့ဂျ်ပေးတဲ့နေရာမှာလည်း တန်ဖိုးရှိတဲ့ အမှတ်တရတွေ၊ လက်ရေးစာလေးတွေ၊ ကဗျာလေးတွေနဲ့ ပန်းချီပုံလေးတွေကို ထည့်လို့ရပါတယ်။ အားလုံးလုပ်ဆောင်ပြီးသွားတာနဲ့ ကိုယ်လုပ်ထားတဲ့ လက်ဆောင်လေးကိုကြည့်ပြီး ဒီလက်ဆောင်လေး ရတဲ့သူဆိုရင် ဘယ်လောက်တောင် ပျော်ပြီး နွေးထွေးမှုတွေရမယ်ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။

ဒီလို Handmade လက်ဆောင်လေးတွေ ပေးတာက ကိုယ့်အချစ်တွေကို တသီးတသန့်နဲ့ ခံစားရအောင် ဖော်ပြနိုင်မယ့် အကောင်းဆုံးနည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ထူးထူးခြားခြားလက်ဆောင်လေးတွေနဲ့ ချစ်ခြင်းမေတ္တာကို ဖော်််််််််ပြနိုင်ဖို့  handmade လေးတွေ ပျော်ပျော်ကြီး ဖန်တီးကြရအောင်!


Share

Comments

Lawouneain

ကိုယ်တိုင်ဖန်တီးရတဲ့ DIY လေးတွေ လုပ်ရတာ ၀ါသနာပါတဲ့ ကျွန်မအတွက်တော့ တကယ်ကို လေ့လာစရာ အရမ်းများတာပဲ ကျေးဇူးပါ goodlifeရေ သိချင်တာလေးတွေ အကုန်သိခွင့်ရတဲ့အတွက် 😘

Zwe Minpo

လူငယ်ဆန်ဆန် DIY လက်ဆောင်လှလှလေးတွေ ဖန်တီးဖို့ နည်းလမ်းကောင်းလေးတွေပြောပြပေးတဲ့အတွက် Good Lifeအဖွဲ့သားများအားလုံးကိုကျေးဇူးတင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူက ကိုယ့်အတွက် အပင်ပန်းခံဖန်တီးပေးထားတဲ့ လက်ရာကို လိုချင်ကြတာ သဘာဝပဲမဟုတ်လား

Sumyat

သားလေးသုံးယောက်ရှိတဲ့ကျွန်မအတွက် ငယ်ငယ်ကတည်းကအမေနဲ့အဖော်ရအောင် Hand made လေးတွေအတူတကွဖန်တီးပြုလုပ်ဖို့နည်းလမ်းကောင်းလေးတွေရခဲ့ပါတယ်။အိမ်ထောင်ရှင်မတစ်ယောက်အတွက်တကယ့်ကိုအသုံးဝင်တဲ့အသိပညာလေးတွေလည်းရခဲ့ပါတယ်။ အချိန်ပေးပြီးဝင်ကြည့်ရကျိုးလည်းနပ်ပါတယ်။ကျေးဇူးပါ The good life .❤️❤️❤️❤️❤️

Related Posts