နေ့စဉ် ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာများအတွက် အိမ်တွင်းကုထုံး (၈)သွယ်

Posted in ကျန်းမာရေး, အိမ်တွင်းကုထုံးများ

နေ့စဉ်သွားလာလှုပ်ရှားနေရတာနဲ့ အမျှ ကျန်းမာရေးပြဿနာ အသေးအဖွဲလေးတွေနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ တချို့အဖြစ်တွေအတွက်တော့ ဒီပြဿနာလေးတွေကို အိမ်မှာပဲ လွယ်လွယ်ကူကူနဲ့ သက်သာအောင်လုပ်လို့ရမယ့် နည်းလမ်းလေးတွေရှိတယ်နော်။ ခေါင်းကနေ ခြေအဆုံး ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာလေးတွေနဲ့ သူတို့ကို ကိုယ့်ဘာသာ ထိထိရောက်ရောက် ကုသနိုင်မယ့် နည်းလမ်းလေးတွေကို ကြည့်လိုက်ကြရအောင်။

(၁)ခေါင်းကိုက်ဝေဒနာ 

ခေါင်းတစ်ခြမ်းကိုက်ခဲခြင်း နဲ့ ခေါင်းကိုက်ဝေဒနာတွေကို ခံစားနေရတယ်ဆိုရင်တော့ ပူစီနံပါတဲ့လက်ဖက်ရည် ဒါမှမဟုတ် သံပုရာရည် ဟာ တင်းမာနေတာတွေကို ဖြေလျှော့ပေးတဲ့နေရာမှာ ကူညီပေးပါတယ်။

(၂)အရက်နာကျခြင်း

အရက်နာကျခြင်းကို ခံစားနေရတဲ့ ဆိုရင်တော့ ရေဓါတ်ကို ပြန်လည်ဖြည့်ဆည်းပေးဖို့က အရေးကြီးပါတယ်။ အုန်းရည်မှာ မရှိမဖြစ် အီလက်ထရိုလိုက်တွေဖြစ်တဲ့ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖောရပ် နဲ့ ကယ်လ်ဆီယမ်ဓါတ်တွေပါဝင်တာကြောင့် ရေဓါတ်ပြန်လည်ဖြည့်ဆည်းပေးဖို့ သင့်တော်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

(၃)မအီမသာဖြစ်ခြင်း 

လေ့လာချက်တွေအရ ဂျင်းကအမျိုးမျိုးသော မအီမသာဖြစ်ခြင်းတွေကို သက်သာစေနိုင်တယ်လို့ တွေ့ရှိရပါတယ်။ မအီမသာဖြစ်‌တာကို သက်သာစေဖို့ လတ်လတ်ဆတ်ဆတ်လှီးထားတဲ့ ဂျင်းပြား သို့မဟုတ် ကြိတ်‌ချေထားတဲ့ ဂျင်းကနေ ပြုလုပ်ထားတဲ့ လက်ဖက်ရည်လေးခွက် (၉၅၀ မီလီလီတာ)ကို သောက်သင့်ပါတယ်။

(၄) ခံတွင်းအနံ့ဆိုးထွက်ခြင်း 

ခံတွင်းကျန်းမာရေး အတွက် အုန်းဆီကို အသုံးပြုကြတာက ရာစုနှစ်ချီနေပါပြီ။ အန္တရာယ်ပေးနိုင်တဲ့ ဘတ်တီးရီးယားတွေကို လျှော့ချရန် ၊ သွားပိုးစားခြင်း ကာကွယ်ရန် နဲ့ သွားကျန်းမာရေးကောင်းဖို့အတွက် အုန်းဆီကို (၁၀)မိနစ် မှ(၂၀) မိနစ် အထိ ပါးစပ်ထဲမှာ ငုံထားပြီး ပလုတ်ကျင်းပေးသင့်ပါတယ်။

 (၅)ကြွက်သားများ နာကျင်ကိုက်ခဲခြင်း 

ရေနွေးနွေးလေးနဲ့ ရေချိုးခြင်းက သွေးလည်ပတ်မှုတွေကို ပိုမိုကောင်းမွန်စေတာကြောင့် ကြွက်သားတွေ နာကျင်ကိုက်ခဲနေတာကို သက်သာစေပါတယ်။ မြန်မြန် ပြန်လည်သက်သာလာစေဖို့နဲ့ ကြွက်သားတွေ ထိခိုက်ပျက်စီးမှာ ကိုကာကွယ်ဖို့အတွက် တဘက်မှာကြိတ်ချေထားတဲ့ ရေခဲထည့်ပြီးတော့ နာနေတဲ့ ကြွက်သားပေါ်မှာ ရေခဲကပ်ပါ။

(၆) အရေပြား အဖုအပိန့်ထခြင်း 

အရေပြား အဖုအပိန့်ထခြင်း နဲ့ အရေပြားယားယံခြင်းများသက်သာဖို့အတွက်တော့ ရှားစောင်းလက်ပက် က အထိရောက်ဆုံးပါ။ ယားယံနေတဲ့ အရေပြားတစ်ဝိုက်ကို ရေးနဲ့ ဆပ်ပြာပျော့ပျော့လေးနဲ့ ဆေးကြောပါ။ အခြောက်ခံပြီး ရှားစောင်းလက်ပက်ကို အရေပြားပေါ်မှာ လိမ်းပေးပါ။ လိုအပ်သလို ပြန်လိမ်းပေးပါ။

(၇) အသေးစား အပူလောင်ခြင်းနှင့် ရေနွေးပူလောင်ခြင်း 

အပူနည်းနည်းလောင်မိသွားပြီဆိုရင် ရေခဲရေ မဟုတ်တဲ့ ရေအေးအောက်မှာ မိနစ်နှစ်ဆယ်လောက် ခံထားပါ။ ပြီးမှ အပူလောင်ခံရတဲ့နေရာတဝိုက် ကို ဆပ်ပြာ အပျော့ နဲ့ဆေးပေးပါ။ အနံ့ သို့မဟုတ် အရောင်ဆိုးဆေးမပါတဲ့ ပျားရည် သို့မဟုတ် ရှားစောင်းလက်ပက် ကို ပါးပါးလေးလိမ်းပေးနိုင်ပါတယ်။

(၈)ခြေဖဝါး အနံဆိုးထွက်ခြင်း 

ခြေထောက်အနံဟာဆိုရင် ဘက်တီးရီးယား နဲ့ မှိုတွေကြောင့် ဖြစ်လေ့ရှိပါတယ်။ မုန့်ဖုတ်ဆိုဒါမှာ ပါတဲ့ သဘာဝ ဘက်တီးရီးယားနဲ့ မှိုကိုကာကွယ်ပေးနိုင်တဲ့ အစွမ်းက အနံ့ဆိုးတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အနံဆိုးတွေပျောက်ဖို့ ပိုးမွှားတွေကို ချေဖျက်ဖို့နဲ့ အရေပြားတွေနူးညံ့လာစေဖို့ ရေ မုန့်ဖုတ်ဆိုဒါနဲ့ သံပုရာရည်တို့ကို ရောပြီးတော့ ခြေထောက်ကို ရေစိမ်ပါ။ လိုအပ်ပါ နေ့တိုင်းလုပ်နိုင်ပါတယ်။

ဒီမှာ ဖော်ပြထားတဲ့ ပစ္စည်းအချို့အိမ်မှာ မရှိဘူးဆိုရင် City Mart ကို နောက်တစ်ခါ သွားတဲ့အခါမှာ ဝယ်ရမယ့်စာရင်းထဲ ထည့်ထားဖို့ မမေ့နဲ့နော်။ အိမ်တွင်းကုထုံးတွေက ရောဂါကူး သက်သာစေနိုင်ပေမယ့် မသက်သာဖူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူတာ အကောင်းဆုံးပဲနော်။


Share

Comments

June Aye Aye

အိမ်တွင်းကုထုံး (၈) သွယ် ဆောင်းပါးက မိမိတို့ နေ့စဥ် ကြုံတွေ့လေ့ရှိတဲ့ ကျန်းမာ ရေး ပြသာနာတွေ အတွက် အိမ်မှာ အလွယ်တကူ နဲ့ ကုန်ကျစရိတ် သက်သာပြီး အချိန်တိုအတွင်း ထိထိ ရောက် ရောက် ကုသနိုင်တဲ့ နည်းလမ်းကောင်းတွေ သိရလို့ လူတိုင်း ဖတ်ရှု မှတ်သား လိုက်နာ သင့်တဲ့ ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါတယ်။

Yati Htet

အိမ်တွင်းကုထုံး၈သွယ်နည်းလမ်းများကိုဖတ်ခွင့်ရလို့ကျေးဇူးပါ။မီးဖိုချောင်မှာရှိတဲ့ဟင်းသီးဟင်းရွက်များရဲ့အားနိသင်အသုံးဝင်ပုံ၊ငွေကုန်​​​ကြေးကျသက်သာပီးအသုံပြုပုံ၊အသီးအနှံ၊အရွက်များရဲ့ရောဂါများကိုကုသရာတွင်အစွမ်းထက်ပုံတို့သိခွင့်ရလို့ကျေးဇူးပါ

Hay hnin

ဗဟုသုတဆာလောင်ငတ်မွတ်နေသူတွေအတွက်တော့ ဖတ်သင့်တဲ့ဆောင်းပါးဖြစ်ပြီးလူတိုင်းသိထားသင့်တဲ့အချက်တွေပါ။ ၃မိနစ်စာမို့ အချိန်လည်းအများကြီးမပေးရသလို စာဖတ်တဲ့အလေ့အကျင့်လေးဖြစ်အောင် တွန်းအားပေးနိုင်ပြီး အကျိုးကျေးဇူးတွေပါရနိုင်မယ်လိူ့ ထင်ပါတယ်။

Related Posts