ကလေးငယ်တွေ အရပ်ရှည်ဖွံ့ဖြိုးဖို့ စားသုံးသင့်တဲ့ အစားအစာ (၅)မျိုး

Posted in မိဘအုပ်ထိန်းခြင်း, ကလေးငယ်အာဟာရ


ကိုယ့်ကလေးငယ်တွေအတွက်ဆိုရင် မိဘတိုင်းက အကောင်းဆုံးကိုပဲ ဖြစ်စေချင်ကြသလို အထူးသဖြင့် ကလေးငယ်တွေကျန်းမာရေးရှိဖို့နဲ့ ပုံမှန်ကြီးထွားစေဖို့ အပိုင်းတွေမှာဆိုရင် ပိုလို့တောင် ဖြစ်စေချင်တာကို တွေ့ရပါတယ်။ မိဘတွေကလည်း ကလေးငယ်တွေ ကြီးထွားသန်မာဖို့အတွက် အာဟာရရှိစွာ စားသောက်ခြင်းက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာ သိထားပြီးသားဖြစ်ပါလိမ့်မယ်။ ကလေးငယ်တွေ ပုံမှန်ကြီးထွား အရပ်ရှည်နေစေဖို့ ဘယ်လိုအစားအစာတွေက အမှန်တစ်ကယ် ကူညီပေးနိုင်တယ်ဆိုတာ တစ်ကယ့်လက်တွေ့မှာရော မိဘတွေ သိကြပါသလား။ အခုပြောပြမယ့် အကြောင်းအရာကတော့ ကိုယ့်ရဲ့ကလေးငယ်တွေ အရပ်ရှည်ပြီး ပုံမှန်ကြီးထွားခြင်းရှိဖို့အတွက် ပုံမှန်စားသင့်တဲ့ အစားအစာ(၅)မျိုး ဖြစ်ပါတယ်။

ပဲအမျိုးမျိုး 

ပဲတွေမှာ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေးမြင့်များတဲ့ ပရိုတင်း (အသားဓါတ်)တွေက ကြွယ်ဝစွာပါဝင်ပါတယ်။ နောက်ပြီး အရိုးအဆစ်တွေ သန်မာစေနိုင်တဲ့ ကယ်ဆီယမ်ဓါတ်တွေကိုလည်း ပဲ ကနေရရှိနိုင်ပါသေးတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ စားတော်ပဲ၊မတ်ပဲနဲ့ မြေထောက်ပဲတို့ကိုသုံးပြီး အရသာရှိပြီးအာဟာရ ပြည့်ဝတဲ့ ဟင်းတစ်မျိုးဖြစ်တဲ့ ပဲအသုပ်စုံတစ်ပွဲကို ကလေးတွေအတွက် ဖန်တီးနိုင်ပါတယ်။

ကြက်သား  

ကြက်သားဟာလည်း ပရိုတင်း(အသားဓာတ်) ကြွယ်ဝစွာပါဝင်တဲ့ နောက်ထပ် အစားအစာတစ်ခုဖြစ်တဲ့ အပြင် ကလေးသူငယ်တွေရဲ့ ဦးနောက်ညာဏ်ရည် ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ ဗိုက်တာမင် ဘီ၁၂ ကိုလည်း ကြက်သားကနေရရှိနိုင်ပါတယ်။ ကြက်သားနဲ့ ဟင်းသီးဟင်းရွက်အချို့ကိုရောကာ အချောင်းလေးတွေလုပ်ပြီး ကင်ထားတဲ့အစားအစာက ကလေးငယ်တွေအတွက် စားချင်စရာကောင်းပြီး ကျန်းမာတဲ့အစားအသောက်တစ်ခု ဖြစ်ပါတယ်။

 

ဥအမျိုးမျိုးဟာလည်း ကယ်လ်စီယမ်နဲ့ စွမ်းအင်ဖြည့်တင်းပေးတဲ့ ပရိုတင်း(အသားဓာတ်)လိုမျိုး အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာဖြစ်ပါတယ်။ အဲ့တာအပြင် အရိုးအဆစ်သန်မာပြီးတော့ ကိုယ်ခန္ဓာကိုယ် ကြီးထွားမှုကိုဖြစ်စေတဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်စီယမ်ကို စုပ်ယူပေးတဲ့ ဗီတာမင် ဒီ ဓာတ်ရရှိအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ မိဘတွေအနေနဲ့ ဟင်းနုနွယ်ရွက် ဒါမှမဟုတ် ခရမ်းချဉ်သီးနဲ့အတူ ရောနှောထားတဲ့ ကြက်ဥကြော်ကို အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာအဖြစ် ကလေးတွေစားသုံးဖို့ ပြင်ဆင်ပေးနိုင်ပါတယ်။

နွားနို့ 

နွားနို့ကို ကယ်လ်စီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက်တစ်ခုအနေနဲ့ သိကြသလို အရိုးအဆစ်တွေ သန်မာထွားကြိုင် ဖို့အတွက် နွားနို့ဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ကယ်လ်စီယမ်ကို စုပ်ယူပေးတဲ့ ဗီတာမင် ဒီ ဓာတ်ရရှိအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ အဆီထုတ်ထားတဲ့ နွားနို့ကို ငှက်ပျောသီးနဲ့ရောပြီး milkshakeအဖြစ်လည်း ကိုယ့်ကလေးငယ်တွေအတွက် အာဟာရပြည့်ဝတဲ့ သောက်သုံးစရာတစ်ခုအနေနဲ့ ပြင်ဆင်ပေးနိုင်ပါ သေးတယ်။

ဗာဒံစေ့ - ဗာဒံစေ့မှာ အရိုးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ မဂ္ဂနီဆီယမ်၊ ပရိုတင်း၊ အမျှင်ဓာတ်အပြင် ကျန်းမာရေးနှင့် ညီညွတ်တဲ့ အဆီတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ မိဘတစ်ယောက်နေနဲ့ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာတွေအဖြစ် ဂျုံပေါင်မုန့်ယိုသုပ်၊ ဗာဒံသီးနဲ့လုပ်ထားတဲ့ထောပတ်တို့ကို ကလေးသူငယ်တွေအတွက် ပြင်ဆင်ပေးလို့ရပါတယ်။

အခုပြောသွားတဲ့ အစားအစာတွေကို ကလေးတွေ ပုံမှန်စားသုံးနေကြ အစားအစာ စားရင်းထဲမှာ ထည့်သွင်းထားမယ်ဆိုရင်တော့ ကလေးသူငယ်တွေ အရပ်ရှည်ပြီး ကျန်းမာထွားကျိုင်းမှုဖြစ်စေတဲ့နေရာမှာ ကူညီပေးနိုင်တဲ့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ အခုလို ရိုးရှင်းပြီးအရသာရှိတဲ့ အစားအစာတွေကို ကျွေးခြင်းက ကလေးသူငယ်တွေ ပုံမှန်ကြီးထွားဖို့အတွက် လိုအပ်တဲ့ အာဟာရတွေ ရရှိစေနိုင်တဲ့ ကနဦးအစပြုမှုတစ်ခုလည်း ဖြစ်ပါလိမ့်မယ်။ ကလေးငယ်တွေ အရပ်ရှည်ကြီးထွားဖို့ဆိုရင် စနစ်တကျ စားသောက်ခြင်းကလည်း အရေးပါသလို တစ်ဖက်ကနေလည်း ကိုယ်လက်လှုပ်ရှားမှုအားကစားကို လည်းတွဲဖက်ပြုလုပ်ဖို့ကိုလည်းအကြံပေးလိုက်ပါတယ်။


Share

Comments

Theingi Win

မိဘများက သားသမီးတွေ ကိုကျန်းမာရေး ပညာရေး နှောင်ရေးအတွက် အဖက်ဖက်ကနေပြုစုပျိုးထောင်ပေးရတဲ့ ဘဝအတွက် လက်ဦးဆရာတပါးဖြစ်ပါတယ်

Related Posts