ယောဂအပြီးမှာ လိုက်နာစရာ၊ အလေ့အကျင့်ကောင်းများ မွေးမြူပါ

Posted in ကျန်းမာရေး, ကိုယ်ကာယကြံ့ခိုင်ခြင်း, စိတ်ကျန်းမာရေး

ယောဂဆက်ရှင်လေးတစ်ခု ပြီးဆုံးကြောင်း အချက်ပေး ခေါင်းလောင်းသံလေးတွေ မြည်လာတာနဲ့ အားလုံးရဲ့ရင်ထဲမှာ ကျေနပ်ပီတိလေးတွေကို ခံစားနေရပြီပေါ့။ အကြောတွေ ကောင်းကောင်းပြေလျော့ပြီး၊ ခွန်အားလည်း ပြည့်၀လာသလို စိတ်ရောကိုယ်ပါ အားသစ်တွေ လောင်းပြီးသားဖြစ်သွားပြီလေ။ ယောဂဖျာလေးကို သပ်သပ်ရပ်ရပ် လိပ်ပြီး နေရာတကျ သိမ်းဆည်းပြီးပြီဆိုရင်တော့ ယောဂကစားအပြီး နောက်ဆက်တွဲလိုက်နာစရာလေးတွေကို စတင်နိုင်ပြီပေါ့။ ဒီလို နောက်ဆက်တွဲ အလေ့အကျင့်လေးတွေကလည်း ယောဂကိုယ်ဟန်လေးတွေလိုပဲ သိပ်အရေးကြီးတယ်လေ။ ဒါကြောင့် စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းပြီး ဟန်ချက်ညီမျှကို ခံစားနိုင်ဖို့ ယောဂဆက်ရှင်အပြီး နောက်ဆက်တွဲ လိုက်နာစရာလေးတွေကို အတူလေ့လာကြည့်လိုက်ရအောင်နော်။

၁ - ရေဓာတ်ဖြည့်ပေးခြင်း - ပြန်လည်အားပြည့်ဖို့အတွက် နံပါတ်တစ် 

ယောဂကစားပြီးပြီဆိုတာနဲ့ ရေဓာတ်ဖြည့်ပေးဖို့ လိုတယ်ဆိုတာကတော့ အထွေအထူး ပြောစရာတောင် လိုမယ်မထင်ပါဘူးနော်။ ယောဂလေ့ကျင့်နေစဉ်အတွင်းမှာ အားစိုက်ထုတ်ရခြင်းနဲ့ ချွေးထွက်ခြင်းတွေရကြောင့် ကိုယ်ခန္ဓာအတွင်းက အရည်ဓာတ်ဆုံးရှုံးမှု များပါတယ်။ ဒါကြောင့် အဓိကကျတဲ့ ရေဓာတ်ကို မပျက်မကွက် ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်တာပေါ့။ ကိုယ့်ရဲ့ လက်စွဲတော် ရေဘူးလေးကို ယူပြီး တဖြေးဖြေးသောက်သုံးနိုင်ပါတယ်။ ပိုပြီး လျင်လျင်မြန်မြန် ထိထိရောက်ရောက် ဖြည့်စွမ်းချင်တယ်ဆိုရင်တော့ သံပုရာရည် (သို့) ရေဓာတ်အားဖြည့်အချိုရည်တွေကို အသုံးပြုနိုင်ပါတယ်။ ကိုယ်ခန္ဓာကို အခုလို ရေဓာတ်အလုံအလောက် ပြန်ဆည်ဖြည့်ဆည်းထားမှသာ ယောဂကစားပြီးချိန်မှာ ရွှင်လန်းတက်ကြွစွာနဲ့ အားအင်ပြည့်၀နေမှာပါ။ 

၂ - အာဟာရဖြည့်ဆည်းခြင်း - စွမ်းအင်မီးတောက်လေးကို ထွန်းညှိပေးပါ

ကြွက်သားပြန်လည်အားပြည့်ဖို့နဲ့ ယောဂအပြီး ဝင်းပမှုတို့ကို အပြည့်အ၀ အထောက်အကူပြုမှာကတော့ ညီညွတ်မျှတတဲ့ အာဟာရဖြည့်ဆည်းမှုပဲ ဖြစ်ပါတယ်။ ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ်နဲ့ အမျှင်ဓာတ်ကဲတဲ့ ဟင်းသီးဟင်းရွက်တို့ကို အမယ်စုံပေါင်းစပ်ထားတဲ့ ယောဂအပြီး စားသောက်ဖွယ်က သင့်အတွက် အကောင်းဆုံးရွေးချယ်စရာ ဖြစ်လာမှာပါ။ ကြက်သား အသင့်အတင့် ပမာဏနဲ့ ရောင်စုံဟင်းသီးဟင်းရွက်၊ ဒါမှမဟုတ် အသီးအရွက်ပေါင်းစုံရောနှောထားတဲ့ ကြက်ဥကြော်တို့ကိုလည်း သုံးဆောင်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း မိမိနှစ်သက်ရာ အသားနဲ့ ဟင်းသီးဟင်းရွက်တို့ကို အာဟာရပြည့်၀အောင် စားသုံးပေးမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါမှသာ ကိုယ်ခန္ဓာကို ပြန်လည်တည်ဆောက်ရာမှာ လိုအပ်တဲ့ အာဟာရစွမ်းအင်တွေကို အပြည့်အ၀ရရှိနိုင်မှာပါ။ 

၃ - သတိကပ်လို့ စားသုံးပါ - ဇီ၀စွမ်းအားကို မြှင့်တင်ပါ

မိမိရဲ့အစားအစာကို အလျင်စလို မစားဘဲ အရသာကို အပြည့်အ၀အာရုံခံစားပြီး သတိကပ်စားသုံးပေးခြင်းကလည်း အများသတိမမူတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ တစ်ကိုက်ချင်းစီကို အပြည့်အ၀ အရသာခံစားသုံးတဲ့အာ သင့်ရဲ့ ခံစားမှုအာရုံတွေကိုလည်း တက်ကြွနိုးကြားလာစေပါတယ်။ အစားအစာရဲ့ အသွေးအရောင်၊ အနံ့အရသာတို့ကို သတိပြုလို့ စားသုံးကြည့်တဲ့အခါ အစားအသောက်နဲ့ ကိုယ်ခန္ဓာကြား ပိုမိုနက်ရှိုင်းတဲ့ ဆက်သွယ်မှုကို ပေးစွမ်းပြီး အာဟာရဖြည့်တင်းမှု လုပ်ငန်းစဉ်ကိုလည်း ပိုမိုပြည့်၀စေမှာ ဖြစ်ပါတယ်။  ရှေးလူကြီးတွေရဲ့ အယူအဆနဲ့လည်း ကိုက်ညီပါတယ်နော်။ 

၄ - အနားယူခြင်း - ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပေးနိုင်တဲ့ လက်ဆောင်မွန်

တာဝန်ကျေကျေနဲ့ ယောဂကစားပြီးပြီ ဆိုရင်တော့ စိတ်ရောကိုယ်ပါ အနားယူဖို့ကိစ္စဟာ မဖြစ်မနေ ပြုလုပ်ရမယ့်အရာ ဖြစ်ပါတယ်နော်။ ဒါကြောင့် သက်တောင့်သက်သာအဖြစ်ဆုံး နေရာလေးတစ်ခုကို ရွေးချယ်ပြီး လဲလျောင်းနားနေဟန် ပို့စ်လေးနဲ့ မိမိစိတ်ကြိုက် အနားယူဖို့ တိုက်တွန်းချင်ပါတယ်။ မျက်လုံးတွေကို ညင်ညင်သာသာ မှိတ်ထားပြီး၊ အသက်ပြင်းပြင်း ရှူလို့ ယောဂလေ့ကျင့်ထားတဲ့ ခံစားမှုတွေကို ငြိမ်သက်သွားအောင် အချိန်ပေးလိုက်ပါ။ ပြင်းပြင်းထန်ထန် အလုပ်လုပ်ထားတဲ့ သင့်ရဲ့ ကိုယ်ခန္ဓာကို တည်ငြိမ်အေးချမ်းတဲ့ အခိုက်အတန့်လေးတစ်ခု လက်ဆောင်ပေး ဂုဏ်ပြုလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်နော်။ 

၅ - ယောဂအပြီးမှာ ဂရုပြုစရာ - စိတ်ဝိဉာဉ်ကို ရှင်းသန့်အောင်ထားပါ 

အထက်ပါအချက်တွေအားလုံး ပြုလုပ်ပြီးပြီ ဆိုရင်တော့ ယောဂနောက်ဆက်တွဲ လိုက်နာစရာလေးတွေကို အဆုံးသတ်ဖို့ နောက်ဆုံးအဆင့်ပဲ ကျန်တော့တာပေါ့။ အဲဒါကတော့ စိတ်ဝိဉာဉ်ကို သန့်စင်စေဖို့ပဲ ဖြစ်ပါတယ်။ အနံ့သင်းသင်းပါတဲ့ လက်ဖက်ရည်၊ လန်းလန်းဆန်းဆန်း ဖြစ်စေမယ့် ကိုယ်လက်သန့်စင်ခြင်းနဲ့ မိမိနှစ်သက်တဲ့ စာအုပ်လေးတစ်အုပ်ကို စိတ်လက်ကြည်လင်စွာ ဖတ်ရှုနိုင်တယ်လေ။ ပြီးဆုံးသွားတဲ့ လေ့ကျင့်ခန်းလေးအကြောင်း ပြန်ပြောင်းအမှတ်ရရင်း၊ ယောဂအကျိုးကျေးဇူးတွေကို ခံစားရလို့ မိမိကိုယ်ကိုယ် ကျေးဇူးတင်စိတ်လေး ထားရှိနိုင်တာပေါ့။ ဒါဆိုရင်တော့ ယောဂဆက်ရှင်လေးကို အကောင်းမွန်ဆုံး နိဂုံးချုပ်ပြီး တစ်နေ့တာအတွက် လိုအပ်တဲ့ အသက်ဓာတ်ကို ပိုင်ဆိုင်နိုင်ပြီလေ။

ယောဂအပြီး နောက်ဆက်တွဲ လိုက်နာစရာလေးတွေဟာ အာဟာရ၊  သတိကပ်တဲ့ စားသုံးမှုနဲ့ မိမိကိုယ်ကိုယ် ချစ်မြတ်နိုးခြင်း စတဲ့ ပြုစုပျိုးထောင်ရမယ့် အလေ့အကျင့်ကောင်းလေးတွေနဲ့ အပြန်အလှန် ဆက်စပ်နေပါတယ်နော်။ ဒါကြောင့် ယောဂအပြီးမှာ လိုက်နာစရာလေးတွေကို မပျက်မကွက် ဆောင်ရွက်ရင်း ကိုယ်ခန္ဓာကို ဂရုစိုက်ရုံသာမက စိတ်ဝိဉာဉ်ကိုပါ သန့်စင်ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါ ဟန်ချက်ညီမျှတတဲ့ အကောင်းမွန်ဆုံ ဘ၀တစ်ခုကို အားလုံးပဲ ရယူပိုင်ဆိုင်နိုင်ကြပါစေနော်။  


Share

Comments

David yegyi

ကျန်းမာရေးဗဟုသုတများအားနည်းတဲ့ကျွန်တော်တို့လိုသူများအတွက် များစွာအထောက်အကူပြု မှတ်သားစရာတွေ လေ့လာသင်ယူရတဲ့အခိုက်အတန့်လေးပါပဲ ကျန်းမာရေး ဗဟုသုတများစွာသာမက အခြားသောဗဟုသုတများစွာကိုတနေရာထဲမှာ ရရှိခဲ့တဲ့နေရာကို အရောက်နောက်ကြသလို့ခံစားရတယ် အရမ်းကျေးဇူးတင်ပါတယ် ခင်ဗျ

kyal tar yar

ယောဂလေ့ကျင့်ပီ အခုလို ပြန်လည်ရေဓာတ်ဖြည့်ပေးပီး သင့်တော်မျှတတဲ့ အစားအသောက်စားရမယ် ပြန်လည် အနားယူပေးရမယ်ဆိုတာ အခုမှသိသွားခဲ့တာအမှန်ပါဗဟုသုတ အရမ်းရပါတယ် တကဟ်ကိုကျေးဇူးတင်ပါတယ်

Wuttyi Tun

ယောဂ လေ့ကျင့်ပြီးရင် လိုက်နာမှတ်သားစရာဗဟုသုတလေးတွေ မှတ်သားလိုက်ရလို့ကျေးဇူးအထူးပါရှင့် ယောဂဆော့ရတာကိုသဘောကြတယ် သူကစိတ်ကိုတည်ငြိမ်စေတယ် ဒေါသ တွေလျော့နည်းစေတယ် ကျမတို့လို မိန်းမသားတွေအတွက်ကတော့အသား အရေကြည်လင်လာစေတဲ့အတွက် အားလပ်တဲ့အချိန်လေးတွေမှာ ယောဂ လေ့ကျင့်ဖြစ်တယ်ရှင့်

Related Posts