ဆောင်းရယ်၊ နှင်းရယ်၊ အသားပတ်ခြင်းရယ်

Posted in ကျန်းမာရေး, အလှအပရေးရာ

အေးမြတဲ့ဆောင်းရာသီ နောက်တစ်ကြိမ် ရောက်လာပြန်ပြီပေါ့။ ရာသီဥတုက အေးအေးနဲ့ ကိုယ်ခန္ဓာက ရေဓာတ်ခမ်းခြောက်လာပြီး နှုတ်ခမ်းခြောက်တာ၊ လက်အရေခွံကွာတာတွေ ဖြစ်နေပြီလား။ ဒီလိုရာသီမှာ အသားရည်တွေ ‌‌ခြောက်လာတဲ့ အကြောင်းအရင်းကတော့ အေးမြခြောက်‌သွေ့တတ်တဲ့ ဆောင်းလေက အသားရည်‌ထဲမှာရှိတဲ့ ရေဓာတ်ကို စုပ်ယူပြီး ကုန်ခန်းစေလို့ပါပဲ။ ဒါကြောင့်မို့ အရေပြားတွေ တင်းတင်း‌ခြောက်ခြောက်ကြီးဖြစ်ကာ တစ်ခါတလေမှာ ယားယံတာတွေ ဖြစ်စေပါတယ်  ဒီလိုတွေ မဖြစ်စေပဲ ခြောက်‌သွေ့တဲ့ဆောင်းတွင်းမှာတောင် ကိုယ့်အသားရည်‌လေး စိုပြေနေစေဖို့ နည်းလမ်းကောင်းလေးတွေ အောက်မှာ ဖတ်ကြည့်လိုက်ရ‌အောင်။  

  

ရေများများသောက်ပါ 

ဘယ်ရာသီမှာမဆို ရေများများသောက်ဖို့ ကိုယ့်ကိုယ်ကိုသတိပြုပြီး သောက်ဖြစ်ကြမှာပါ။ ပူပြင်းတဲ့ နွေရက်တွေမှာတော့ ရေဆာလွယ်လို့ ရေများများသောက်ဖြစ်ပေမဲ့ ဆောင်းတွင်းမှာတော့ ရေသောက်ဖို့လည်း မေ့ကြတာအမှန်ပါပဲ။ ဒီလိုကနေ ကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်ပြီး ဆောင်းတွင်းလည်းဖြစ်တော့ အသားရည်တွေ ခြောက်လွယ်ပြီး စိုစိုပြေပြေ မဖြစ်တော့ပါဘူး။ ဒါကြောင့်မို့ အသားရည်ကို သဘာဝအတိုင်း ရေဓာတ် ပြည့်ဝနေအောင် ရေမဆာဘူးဆိုရင်တောင်မှ အနည်းဆုံး တစ်ရက်ကို ရေ(၈)ခွက်ကတော့ ပုံမှန်သောက်နေသင့်ပါတယ်။ ကဖိန်းပါဝင်တဲ့ အရည်တွေကို ရှောင်ပြီး Herbal Tea နဲ့ လီမွန်Tea သောက်ပေးတာက အသားရည်ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။  

  

ရေနွေးနဲ့ ရေချိုးတာလျော့ပါ 

မနက် မနက်ဆို ရာသီတုက အေးအေးစိမ့်စိမ့်နဲ့ ရေအေးနဲ့‌ ရေချိုးဖို့ဆိုတာ တော်တော်စဉ်းစားရပါတယ်။ အဲ့လို ‌‌‌‌‌အေးလို့ ရေနွေးနဲ့ အမြဲချိုးတာက အသားရည်အတွက် ရေရှည်မှာ မကောင်းလှပါဘူး။ ဘာကြောင့်ဆို ရေနွေးနဲ့ ချိုးတာက အ‌ရေပြားပေါ်မှာ သဘာဝအတိုင်းရှိနေတဲ့ ရေဓာတ်နဲ့ အဆီအနှစ်တွေကို ‌‌‌ခြောက်ခမ်းစေလို့ပါ။ ပုံမှန်အခန်းအပူချိန်ထက် အနည်းငယ်သာပူတဲ့ အပူချိန်မျိုးနဲ့ဆို ရေချိုးရအဆင်ပြေနိုင်ပါတယ်။ ချိုးမယ်ဆိုလည်း (၁၀)မိနစ်ထက် မပိုစေဘဲ အသားရည်ကို ထိခိုက်၊ ယားယံစေနိုင်တဲ့ ကိုယ်တိုက်ဆပ်ပြာတွေ၊ ကြေးတိုက်ရေမြုပ်တွေ၊ Brushesတွေကိုလည်း ရှောင်ကြဉ်သင့်တာပါ။ 

  

ကြေးချွတ်ပြီး  အစိုဓာတ်ထိန်းသိမ်းပါ 

Exfoliate လို့‌ခေါ်တဲ့ အသားရည် အပေါ်ယံအရေပြား ကြေးချွတ်တာက ဆောင်းတွင်းမှာလည်း လိုအပ်ပေမဲ့ အသားရည်က ဒီလိုအချိန်မှာ ခြောက်သွေ့လွယ်တာမို့ ပြင်းထန်တဲ့ Chemicals တွေမပါတဲ့ Exfoliator မျိုးဆို ပိုသင့်တော်မှာပါ။ ဒီလို Exfoliate ၁ပတ်၁ခါလောက် လုပ်သင့်ပြီး ရေဓာတ်သေချာဖြည့်ပေးမယ့် Moisturizer ကောင်းကောင်းကလည်း မရှိမဖြစ်လိုအပ်သေးတယ်နော်။ ရေချိုးပြီး ()မိနစ် ကနေ ()မိနစ်အတွင်း Moisturizer ကောင်းကောင်းလိမ်းပေးမယ်ဆို သင့်အသားရည်လေးက ကြည်လင်ပြီး ရေဓာတ်ပြည့်ဝကာ ကျန်းမာနေမှာပါ။ ဒါက မျက်နှာရော ကိုယ်ခန္ဓာအတွက်ပါ အသုံးဝင်စေတဲ့ နည်းလမ်းလေးပါနော်။ 

 

ှုတ်ခမ်းအဆီ သုံးပါ 

ဆောင်းတွင်းမှာ ကိုယ်ခန္ဓာပေါ်က အသားရည်မခြောက်အောင် လုံးပမ်းနေရတာနဲ့ မျက်နှာက ခြောက်သွေ့ကွဲအက်လွယ်တဲ့ နှုတ်ခမ်းတစ်စုံအတွက်တော့ မေ့နေတတ်ကြရောပေါ့။ ဒါကြောင့် နှုတ်ခမ်းသား အစိုဓာတ် ရှိနေအောင် အရည်အသွေးကောင်းပြီး သဘာဝပစ္စည်းတွေ အများဆုံးနဲ့ ပြုလုပ်ထားတဲ့ နှုတ်ခမ်းအဆီ (Lip Balm)ကို အိတ်ဆောင်အဖြစ် ဆောင်ထားပြီး အသုံးပြုသင့်ပါတယ်။ နှုတ်ခမ်းသားဆိုတာ နူးညံ့ကာ ခြောက်သွေ့လွယ်တတ်ပြီး ကိုယ်ခန္ဓာပေါ်က အရေပြားတွေလို ကိုယ်တိုင် ရေဓာတ်မထုတ်နိုင်တာမို့ ဘယ်လိုရာသီဥတုမှာမဆို သေချာရုစိုက်ပေးပြီး ‌ရေဓာတ်နဲ့ အာဟာရဓာတ်တွေဖြည့်ပေးတဲ့ Lip Balmတစ်ခုလောက်တော့ ပုံမှန်အသုံးပြုနေသင့်တာပါ။ 

 

Humidifier အသုံးပြုပါ 

ဆောင်းတွင်းမှာ လေထုက အစိုဓာတ်လျော့နည်းနေတတ်ပြီး ကိုယ်ခန္ဓာ အရေပြားပေါ်မှာရှိတဲ့ ရေဓာတ်ကို စုပ်ယူပါတယ်။ ဒါကြောင့် အသားရည်တွေ ခြောက်လာတာမို့ ကိုယ့်ပတ်ဝန်းကျင်မှာ ရေဓာတ်ဖြန့်ဖြူးပေးတဲ့ ရေငွေ့ထုတ်စက်က လိုအပ်လှပါတယ်။ ကိုယ်က Airconအခန်းထဲ အနေများတယ်၊ အသားအရည်လည်း ခြောက်လွယ်တယ်ဆို Humidifier အသေးစားလေး တစ်ခုလောက်တော့ အနားမှာ ဆောင်ထားသင့်ပါတယ်။ ဒီပစ္စည်းက ရေဓာတ်ခြောက်သွေ့နေတဲ့ ကိုယ့်နေရာပတ်ဝန်းကျင်ကို ရေဓာတ်ဖြန့်ပေးပြီး အသားအရည်အတွက်ရော ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာပေးပါတယ်။ Humidifier ကို ရေဓာတ် 60%ပေးဖို့ Settingပြုလုပ်ထားရင် အပေါ်ယံအသားအရည်အတွက် လုံလောက်တဲ့ ရေဓာတ်ကို ရရှိနိုင်မှာပါ။ 

ဆောင်းတွင်းမှာတင် မဟုတ်ဘဲ ရာသီဥတုတိုင်းမှာ အသားရည်ကိ ု အမြဲရေဓာတ်ပြည့်နေစေတာဟာ အိုမင်းရင့်ရော်ခြင်းနဲ့ ဟော်မုန်းကြောင့် ဖြစ်တတ်တဲ့ အသားရည်အပြောင်းအလဲတွေကိုလည်း သဘာဝအတိုင်း ပြုပြင်ပြီး ကျန်းမာလှပစေပါတယ်။ ဒါကြောင့် အမြဲတမ်း ရေဓာတ်ထိန်းထားပြီး တောက်ပကျန်းမာတဲ့ အသားရည်ကို ပိုင်ဆိုင်ရအောင် ဒီအချက်တွေ လိုက်လုပ်ကြည့်ရအောင်။   


Share

Comments

Related Posts