အတာနှစ်ကူးမှာ ချစ်ခင်ရသူတွေကို ဘာလက်ဆောင်ပေးကြမလဲ

Posted in လူမှုဘဝ


မြန်မာ့နှစ်သစ်ကူးပွဲတော်လို့လူသိများတဲ့ သင်္ကြန်ပွဲတော်ကို မြန်မာပြည်အနှံ့နဲ့ ကမ္ဘာ့နေရာအနှံ့မှာရှိတဲ့ မြန်မာလူမှုအဖွဲ့အစည်းတွေမှာ စည်စည်ကားကား ဆင်နွှဲလေ့ရှိကြပါတယ်။ ဒီအချိန်အခါဟာ နှစ်ဟောင်းကအညစ်အကြေးတွေကို ဆေးကြောပြီး စိတ်သစ်လူသစ်နဲ့ နှစ်သစ်ကိုကြိုဆိုကြတဲ့ ပွဲတော်အချိန်အခါလေး တစ်ခုဆိုလည်း မမှားပါဘူး။ ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့ အတူတူ အချိန်ကုန်ဆုံးပြီး အမှတ်တရကောင်းတွေကို ဖန်တီးနိုင်မယ့် အချိန်လည်းဖြစ်ပါတယ်။ 

ပွဲတော်အချိန်အခါရောက်လာတာနဲ့တစ်ပြိုင်နက် လူတော်တော်များဟာလည်း ပွဲတော်ကိုဘယ်လို ဆင်နွှဲရမလဲဆိုတာနဲ့ ကိုယ်ချစ်ခင်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ သက်ကြီးရွယ်အို ဖိုးဖိုးဖွားဖွားတွေအပေါ်  ချစ်ခြင်းမေတ္တာကိုဘယ်လို ဖော်ပြရင်ကောင်းမလဲဆိုတာကို စတင်စဥ်းစားနေကြပြီပဲဖြစ်ပါတယ်။  ချစ်ခင်ရသူတွေကို လက်ဆောင်ပေးဖို့ စဥ်စားနေတယ်ဆိုရင်တော့ လက်ဆောင်ခြင်းလေးတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ကိုယ်ပေးမယ့်သူ ကြိုက်လောက်တဲ့ ပစ္စည်းလေးတွေကိုပဲစုပြီး customize ပြင်ပေးလို့ရတာမို့ လက်ဆောင်ပေးရာမှာ အထူးမျက်နှာပန်းလှစေမှာပါ။ အောက်မှာတော့ ဘယ်လို လက်ဆောင်လေးတွေပေးလို့ကောင်းမလဲ ဆိုတာ ပြောပြပေးထားတာမို့ ဆက်လက်ဖတ်ရှုပေးကြပါဦးနော်။

အချိုတည်းစရာသရေစာမုန့်လေးတွေလက်ဆောင်ပေးမလား 

သင်္ကြန်ကာလရောက်ပြီဆိုရင်  မြန်မာ့ရိုးရာမုန့်မျိုးစုံနဲ့ သရေစာမုန့်တွေကို ပြင်ဆင်ချက်ပြုတ်ကြပြီး ဝေမျှကြတာ မြန်မာတို့ရဲံ့ ချစ်စရာရိုးရာတစ်ခုပါပဲ။ ဒီလိုမျိုးမုန့်လက်ဆောင်လေးတွေပေးတာက  ကိုယ်ချစ်ခင်ရတဲ့သူတွေကို ဘယ်လောက်တန်ဖိုးထားတယ် ဆိုတာကို ပြသရာ ရောက်ပါတယ်။  မြန်မာ့ရိုးရာ နာမည်ကြီးမုန့်တွေဖြစ်တဲ့ မုန့်လုံးရေပေါ်၊ ကျောက်ကျော (အာဂါးမုန့်နှစ်ကိုသုံးပြီး လုပ်ထားတဲ့မြန်မာဂျယ်လီ) နဲ့ မုန့်လက်ဆောင်း (အုန်းနို့ ဒါမှမဟုတ် ထန်းလျက်ရည်နဲ့ တွဲဖက်စားသုံးနိုင်တဲ့) လို မုန့်တွေကိုလက်ဆောင်ပေး ဖို့ အကြံ့ပေးလိုက်ပါတယ်နော်။ 

အသားအရည်ထိန်းသိမ်းဖို့အတွက် လိုအပ်တာလေးတွေဝယ်ပေးကြမလား

သင်္ကြန်ကို ပူအိုက်တဲ့ရာသီဖြစ်တဲ့ ဧပြီလ/ တန်ခူးလမှာကျင်းပကြတာဖြစ်လို့ အသားအရည်ထိန်းသိမ်းပေးတဲ့ပစ္စည်းလေး တွေဖြစ်တဲ့ နေရောင်ကာခရမ် (sunscreen)၊ အသားစိုပြည်အောင်ထိန်းသိမ်းပေးတဲ့ခရင်(moisturizers)နဲ့ မျက်နှာဖြန်းတဲ့ (facial sprays) တွေပါတဲ့ လက်ဆောင်လေးလည်းပေးသင့်ပါတယ်။ ဒီလက်ဆောင်ပစ္စည်းလေးတွေက အသားအရေကို နေရောင်ဒဏ်ကနေ ကာကွယ်ပေးပြီးတော့ ရေဓါတ်ဖြည့်ပေးကာ အေးမြလန်းဆန်းမှုကို ပေးစွမ်းနိုင်တာမို့ လို့ ကိုယ်ချစ်ခင်ရတဲ့သူတွေအတွက် တကယ်ကို လေးလေးနက်နက် စဥ်းစားပေးထားတယ်ဆိုတာကို ပြသနိုင်မှာပဲဖြစ်ပါတယ်။

ဆေးဝါးလက်ဆောင်ပေးပြီး ကိုယ့်ရဲ့ အလေးထားမှုကို ပြကြမလား

ချစ်ခင်ရသူတွေရဲ့ ကိုယ်စိတ်နှလုံးကျန်းမာစေဖို့နဲ့ ကိုယ့်ရဲ့အလေးထားဂရုစိုက်မှုကို ပြသဖို့အတွက်ဆိုရင် ကျန်းမာရေးအတွက် အထောက်အကူပြုဆေးဝါး ပစ္စည်းလေး တွေပါတဲ့ လက်ဆောင်ခြင်းတွေပေးနိုင်ပါတယ်။ ဒီလက်ဆောင်ခြင်းထဲမှာဆိုရင်တော့ ကြက်ပေါင်းရည်၊ ငှက်သိုက်ရည်၊ သံဓါတ်ဖြည့်ဆား၊  အကိုက်အခဲပျောက် ကပ်ခွာ နဲ့အခြေခံသုံးဆေးဝါးတွေပါဝင်မှာပဲဖြစ်ပါတယ်။

ရွေးချယ်ရခက်နေရင် အသင့်ထုတ်ပိုးပြီးသား လက်ဆောင်ခြင်းလေးတွေလည်း ပေးလို့ရပါတယ်

 ဘယ်လိုလက်ဆောင်မျိုး ပေးရမလဲဆိုတာနဲ့ပက်သက်ပြီး စဥ်းစားရခက်နေပြီ ရွေးရခက်နေပြီဆိုရင်တော့ သရေစာမုန့်မျိုးစုံ၊ ဖျော်ရည်မျိုးစုံ စတဲ့ ပစ္စည်းအစုံပါဝင်တဲ့ အသင့် ထုတ်ပိုးပြီးသား လက်ဆောင်ခြင်းလေး တွေကို ရွေးချယ်နိုင်ပါတယ်။ ကိုယ့်ပေးချင်တဲ့လက်ဆောင်ပစ္စည်း အရေအတွက်ပေါ်မူတည်ပြီး  လက်ဆောင်ခြင်းအမျိုးအစားကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။

ဘယ်လို လက်ဆောင်မျိုးကိုပဲ ပေးပေး ကိုယ့်ဘက်ကစစ်မှန်တဲ့စိတ်ရင်းနဲ့ ပေးဖို့က အရေးအကြီးဆုံးပါပဲ။ နှစ်ကူးလက်ဆောင်လေးတွေပေးဖို့လိုလာပြီဆိုရင် ထုတ်ပိုးပြီးသားလက်ဆောင်ခြင်းလေးတွေအပြင် တခြားလက်ဆောင်ပစ္စည်းတွေကိုလည်း နီးစပ်ရာ Martမှာ သွားရောက်ဝယ်ယူနိုင်တာပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာ နှစ်ကူးအခါသမယလေးဖြစ်ကြပါစေ။ 


Share

Comments

Related Posts