သင်ဘယ်လိုဈေးဝယ်လေ့ရှိလဲ

Posted in လူမှုဘဝ


ဈေးဝယ်တဲ့အခါ မိမိလိုချင်တဲ့ပစ္စည်းတွေကို မှန်းထားတဲ့ ဘတ်ဂျက်အတွင်း ဝယ်နိုင်ဖို့ဆိုတာ ဈေးဝယ်သူတိုင်းတဲ့ဆန္ဒပါ။ မိမိမှန်းထားတဲ့ဘတ်ဂျက်ထက် အကုန်အကျသက်သာတယ်ဆိုရင်တော့ အတိုင်းထက်အလွန် ကျေနပ်အားရလိမ့်မယ် ထင်ပါတယ်။ သင့်အနေနဲ့ ဒီလိုအလေအလွင့်နည်းပြီး အမြော်အမြင်ရှိရှိ ဈေးဝယ်ဖို့ဆိုရင် ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားရမယ်လို့ ထင်ပါသလဲ။

တစ်ရက်တာအတွက်ပဲ မချွေတာပါနဲ့

လူတိုင်းက မိမိတို့လိုအပ်တဲ့ ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို ရယူဖို့အတွက် Consumption လို့ခေါ်တဲ့ ဝယ်ယူသုံးစွဲခြင်းကို နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေကြရပါတယ်။ ချွေတာစုဆောင်းတယ်ဆိုတာကတော့ လက်တလောအသုံးပြုခြင်းနဲ့ ရေရှည်မျှော်မှန်းခြင်းတို့ကြားက ရွေးချယ်မှုတစ်ခုပဲဖြစ်တယ်လို့ သုသေသနစာတမ်းတစ်ချို့က ဖော်ပြထားပါတယ်။ ဒါ့ကြောင့် မိမိအနေနဲ့ ချွေတာစုဆောင်းတော့မယ်ဆို လက်တလော နဲ့ ရေရှည် အကျိူးစီးပွားကိုကြည့်ဖို့အတွက်လည်း မမေ့ပါနဲ့။

အမြော်အမြင်ရှိရှိ သုံးစွဲပါ

တစ်ခါတစ်ရံ မမျှော်လင့်ဘဲ ထင်ထားတာထက် ငွေကုန်ကြေးကျများသွားတဲ့အခြေအနေမျိုးတွေ ကြုံတွေ့ဖူးပါသလား။ အမြော်အမြင်ရှိတဲ့ Consumer (ဝယ်သူသုံးစွဲသူ) တွေကတော့ ဒီလိုအခြေအနေမျိုးတွေအတွက် အဖြေရှိကြပါတယ်။ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူမှသာ မဟုတ်ပါဘူး။ မိမိရဲ့ ကျန်းမာရေးအခြေအနေလိုမျိုး မခန့်မှန်းနိုင်တဲ့ အခြေအနေအရပ်ရပ်၊ လောကဓံအချိုးအကွေ့တွေနဲ့ ကြုံလာခဲ့ရင် ငွေကြေးအပူအပင်ကင်းဖို့အတွက်သော်လည်းကောင်း ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့သော်လည်းကောင်း အာမခံထားလေ့ရှိကြပါတယ်။

မိမိတို့ လူမှုအသိုင်းအဝိုင်းနဲ့ ယဉ်ကျေးမှုအရ တစ်ဦး‌ပေါ်တစ်ဦး အမှီသဟဲပြုရင်း နေထိုင်နေကြရတာဖြစ်ပေမဲ့ တစ်ဖက်မှာလည်း ငွေကြေးအရ အမှီအခိုနည်းပါးခြင်းက ပိုမိုအရည်အသွေးပြည့်ဝတဲ့ နေထိုင်မှုပုံစံကို ရယူနိုင်မဲ့ အခွင့်အလမ်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ မိသားစုအတွက်ပဲဖြစ်ဖြစ် ဘဝအာမခံ၊ ကျန်းမာရေးအာမခံ၊ ပညာရေးအာမခံ၊ ပင်စင်အာမခံစသည်ဖြင့် ဝယ်ယူထားမယ်ဆိုရင် ငွေအလုံးအရင်း ကုန်ကျမဲ့အလားအလာနဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေကို အမြော်အမြင်ရှိရှိ၊ ထိထိရောက်ရောက်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ ကျန်းမာ‌ရေး၊ ပညာရေး၊ မတော်တဆထိခိုက်နစ်နာမှုဆိုင်ရာ အကာအကွယ်တွေပေးနေတဲ့ AIA Myanmar မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ငွေကြေးစီမံခန့်ခွဲနိုင်မှုစွမ်းရည်ကို မြှင့်တင်ပါ

မိမိတို့ရှာဖွေထားရတဲ့ငွေ၊ ပိုင်ဆိုင်မှုတွေဟာ တန်ဖိုးရှိတာဖြစ်လို့ ရေရှည်အထိ အမြော်အမြင်ရှိရှိ စီမံခန့်ခွဲနိုင်ဖို့အရေးကြီးပါတယ်။ ငွေစုဆောင်းခြင်း၊ ချွေတာသုံးစွဲခြင်းစတဲ့ သမားရိုးကျ ငွေကြေးစီမံခန့်ခွဲမှုတွေအပြင် ရင်းနှီးမြှုပ်နှံခြင်း၊ အာမခံဝယ်ယူခြင်း စတာတွေဟာ လက်ရှိနေ လူနေမှုဘဝအတွက် အရေးပါတဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေဖြစ်လာပါပြီ။

မမျှော်မှန်းနိုင်တဲ့အရာတွေအတွက် အမြော်အမြင်ရှိရှိ ငွေကြေးစီမံခန့်ခွဲရင်း အားလုံးရဲ့အိမ်မက်ဖြစ်တဲ့ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။


Share

Related Posts