DIY မီးပုံး လှလှလေးတွေ အလွယ်လုပ်မယ်

Posted in အိမ်မှုရေးရာ, ကိုယ်တိုင်လုပ်အနုပညာ


သီတင်းကျွတ်ပိတ်ရက်ရောက်ဖို့နီးလာပြီနော်။ ဒီနှစ်သီတင်းကျွတ်မှာ ကိုယ့်ရဲ့အိမ်ကိုထူးထူးခြားခြားလေး အလှဆင်ဖို့ အဆင်သင့်ဖြစ်နေပြီလား? ဒီဆောင်းပါးလေးမှာတော့ သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူ အိမ်မှာပဲ အလွယ်တကူ ကိုယ်တိုင်လုပ်ကြည့်လို့ရတဲ့ အလှဆင်ပစ္စည်းလေး (၇) မျိုးကို မျှဝေပေးသွားမှာပါ။

ဖယောင်းတိုင်မီးအိမ်

သီတင်းကျွတ်ရဲ့ ရိုးရာလို့တောင်ပြောလို့ရတဲ့ ဖယောင်းတိုင်မီးအိမ်လေးတွေကို ပြန်အသုံးပြုလို့ရတဲ့ ဖန်ပုလင်း၊ ခွက်လေးတွေကနေ အလွယ်တကူပြုလုပ်နိုင်ပါတယ်။ ဖန်ပုလင်းလေးကို ရေသေချာဆေး၊ အခြောက်ခံထားပြီးတော့ အလယ်မှာ ဖယောင်းတိုင်လေးစိုက်လိုက်ရုံနဲ့ အလင်းမှိန်မှိန်လေးနဲ့ တောက်ပနေမယ့် မီးအိမ်လေးရသွားပါပြီ။ ဖန်ပုလင်းလေးတွေကို ကိုယ့်စိတ်ကြိုက်အရောင်ခြယ်တာ၊ ပန်းလေးတွေနဲ့အလှဆင်တာမျိုးလုပ်နိုင်တဲ့အပြင် Eco-friendly ဖြစ်ပြီး အိမ်အတွင်း၊ အပြင်နေရာမရွေးထားလို့ရတဲ့ မီးအိမ်လေးတွေပဲဖြစ်ပါတယ်။

စက္ကူမီးပုံး

သီတင်းကျွတ်မှာ အများဆုံးမြင်တွေ့ရတာကတော့ စက္ကူမီးပုံးလေးတွေပဲဖြစ်ပါတယ်။ ဒီနှစ်သီတင်းကျွတ်မှာ ဆိုင်ကနေ ဝယ်မယ့်အစား ကိုယ်တိုင်စက္ကူမီးအိမ်လေးတွေ ဖန်တီးပြီး အလှဆင်ကြရအောင်။ အရင်ဆုံး ရောင်စုံစက္ကူ ဒါမှမဟုတ် ကိုယ့်စိတ်ကြိုက်ဒီဇိုင်းဆွဲထားတဲ့ စက္ကူလေးတွေကို အရွယ်အစားညီအောင်ဖြတ်ပြီး ဝါးချောင်းလေးတွေမှာ မီးအိမ်ပုံစံဖြစ်အောင် ကော်နဲ့ကပ်ပေးရပါမယ်။ ပြီးရင်အလယ်မှာ ဖယောင်းတိုင်အသေးလေးကို သေချာလေးထည့်ပြီးမီးထွန်းညှိလိုက်ရုံပါပဲ။ မီးပုံးလေးအတွက် အလင်းပေါက်နိုင်တဲ့ ဖယောင်းစက္ကူလိုမျိုး စက္ကူအပါးသားလေးကို သုံးဖို့အကြံပြုလိုက်ပါတယ်။ 

ကိုယ်တိုင်လုပ် ဖယောင်းတိုင်ခွက် (Candle Holder) 

သစ်သား၊ Clay ရွှံ့နဲ့ ဝါးလိုမျိုး ပစ္စည်းလေးတွေကို အသုံးပြုပြီးတော့ သီတင်းကျွတ်နဲ့လိုက်ဖက်တဲ့ ထူးထူးခြားခြား Candle Holder  ဖယောင်းတိုင်ခံထွန်းစရာအောက်ခံခွက်လေးတွေကို ကိုယ်တိုင်ထွင်းပြီး ဖန်တီးလို့လည်းရတယ်နော်။ ဆေးရောင်စုံနဲ့ စိတ်ကြိုက်ဒီဇိုင်းပုံထွင်းထားတဲ့ Candle Holder လေးတွေကတော့ သီတင်းကျွတ်မှာ အများနဲ့မတူထူးခြားနေမှာအမှန်ပါပဲ။

ရေပေါ်မီးအိမ်

ရေပေါ်မီးအိမ်လေးတွေဟာလည်း သီတင်းကျွတ်အတွက် စိတ်ကျေနပ်စရာဖန်တီးမှုတစ်ခုဖြစ်စေမှာပါ။ ပထမဆုံး သစ်သားစလေးကို ဖောင်ပုံစံအရင်လုပ်ဖို့လိုပါတယ်။ ပြီးရင် သစ်သားဖောင်သေးသေးလေးရဲ့ အလယ်မှာ ဖယောင်းတိုင်စိုက်ပြီးတော့ ဘေးကနေ ရောင်စုံဆီစိမ်စက္ကူလေးကို ပတ်ပတ်လည် ကော်နဲ့သေချာပတ်ပေးရပါမယ်။ နောက်ပြီးရင်တော့ ဖယောင်းတိုင်မီးညှိပြီး ရေဖြည့်ထားတဲ့ ကန်ထဲကို အသာအယာမျောပေးလိုက်ရုံနဲ့ လှပတဲ့ရေပေါ်မီးအိမ်လေးကို တွေ့မြင်ရမှာပါ။ တစ်ခါမှမလုပ်ဖူးသေးရင် စမ်းလုပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ 

ရောင်စုံဖယောင်းတိုင်ခံခွက်

ကိုယ်ပိုင်အနုပညာဆန်ဆန်ဖန်တီးချင်တဲ့လူတွေအတွက် စိတ်ကြိုက်လက်နဲ့ခြယ်သနိုင်တဲ့ ရောင်စုံဖယောင်းတိုင်ခံခွက်လေးပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။ အခရိုင်လစ်ဆေးရောင်စုံနဲ့ ပန်းကန်ပြားလေးတွေပဲ လိုအပ်ပါတယ်။ ဆေးရောင်စုံတွေကနေတစ်ဆင့် ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကို ပန်းကန်ပြားလေးတွေပေါ်မှာ ထင်ဟပ်လိုက်တဲ့အခါ လှပပြီး အနုပညာဆန်တဲ့ ရောင်စုံဖယောင်းတိုင်ခံခွက်လေးတွေက သီတင်းကျွတ်ကို ပိုမိုပြီးပြည့်စုံသွားစေမှာပါ။ 

ဆီမီးခွက်

အားလုံးသိတဲ့အတိုင်း သီတင်းကျွတ်မှာ ဆီမီးခွက်ကတော့ ဂန္တဝင်ဆန်တဲ့အလှဆင်မှုပါပဲ။ ကိုယ့်အိမ်မှာ အလှဆင်ဖို့ ဆီမီးခွက်တွေကို ဆိုင်ကနေဝယ်ယူမယ့်အစား မြေခွက်၊ မီးစာနဲ့ ဆီ အနည်းငယ်သုံးပြီး ကိုယ်တိုင် အလွယ်တကူဖန်တီးလို့ရတယ်နော်။ ပထမဆုံး ဆီမီးခွက်လုပ်ဖို့ မြေခွက်လေးတွေ လိုအပ်သလောက်ကြိုစုထားဖို့လိုပါတယ်။ ပြီးရင် မြေခွက်တစ်ခုချင်းစီကို ဆီနဲ့မီးစာ လိုအပ်သလောက်ဖြည့်ပြီး မီးထွန်းညှိလိုက်ရုံပါပဲ။ ဒီနှစ်သီတင်းကျွတ် အိမ်ခြံဝင်းနဲ့ ဝရံတာတွေမှာ ဆီမီးခွက်ရဲ့ မီးရောင်လဲ့လဲ့လေးတွေနဲ့အလှဆင်ဖို့ မမေ့နဲ့နော်။ 

မီးပုံးပျံ 

သီတင်းကျွတ်မှာ မီးပုံးပျံလွှတ်ရတာမကြိုက်တဲ့ မရှိပါဘူး။ ဒါပေမယ့် မီးပုံးပျံတစ်ခုဖန်တီးဖို့ဆိုရင် သေချာအသေးစိတ် ဂရုတစိုက်ရှိမှာဖြစ်ပြီး လိုအပ်တဲ့ပစ္စည်းတွေကတော့ ဖယောင်းစက္ကူ၊ ဝါယာကြိုးခွေအသေး၊ တစ်ရှူးစက္ကူ၊ တိပ်နဲ့ ဖယောင်းရည် အနည်းငယ်တို့ပဲဖြစ်ပါတယ်။ 

ပထမဆုံး ဖယောင်းစက္ကူတွေကို စိတ်ကြိုက်အရွယ်အစားညီညီဖြတ်တောက် ကော်ကပ်ပြီး ဆလင်ဒါ စက်လုံးပုံစံ ပုံဖော်လိုက်ပါ။ ဖယောင်းစက္ကူနဲ့လုပ်ထားတဲ့ ဆလင်ဒါ စက်လုံးရဲ့အပေါ်ဖက်အဝကို အိတ်ပုံစံဖြစ်အောင် ဖယောင်းစက္ကူနဲ့ပိတ်လိုက်ပါ။  မီးစာချိတ်ဖို့ ဝိုင်ယာကြိုးအသေးနှစ်ချောင်းကို ကွင်းပုံစံပြုလုပ်ပါ။ ဝါယာကြိုးကွင်းတွေကို ကြက်ခြေခတ်ပုံစံထားကာ စက်လုံးရဲ့ ပွင့်နေတဲ့ အောက်ခြေအဝမှာ တိပ်နဲ့ကပ်ပါ။ အဲဒီနောက် တစ်ရှူးစက္ကူကို လိုအပ်သလောက် ဖယောင်းရည်နဲ့စိမ်ပြီး ဆလင်ဒါ စက်လုံးအောက်ခြေက ဝိုင်ယာကြိုးနှစ်ခုဆုံတဲ့ ကြက်ခြေခတ်နေရာမှာ ချည်လိုက်ပါ။ နောက်ဆုံး ဖယောင်းရည်နဲ့စိမ်ထားတဲ့မီးစာကို မီးထွန်းညှိပြီး ကိုယ်စိတ်ကြိုက်ဆုတောင်းစကားတွေနဲ့အတူ ကောင်းကင်ပေါ်ကိုလွှတ်တင်လို့ရပါပြီ။ ဒီနည်းလမ်းအတိုင်း မီးပုံးပျံအသေးပြုလုပ်ပြီး အလှချိတ်ဆွဲထားလို့လည်းရပါတယ်။ 

အားလုံးပဲ ချစ်ခင်ရသူတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ သီတင်းကျွတ်အခါသမယလေးဖြစ်ပါစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။


Share

Comments

Daw Sein

သီတင်းကျွတ်ပိတ်ရက်တန်ဆောင်တိုင်ပိ်တ်ရက်တွေဆိုသားသမီးတတွေဆုံပီးကျွန်မလက်ရာမှစားမဲ့သူတွေလက်စွမ်းပြရမယ် ချက်နည်းတွေဗဟုသုတရပါတယ်ရှင်

Ma Su

ဟင်းချက်ဝါသနာပါသောကျွန်မချက်နည်းပေါင်းစုံတွေလေ့လာရလို့ကျေးဇူးတင်ပါတယ်တန်ဆောင်တိုင်ပိတ်ရက်မိသားစုဆုံရင်လက်စွမ်းပြလိုက်မယ်မိသားစုနဲ့သူငယ်ချင်းတွေကိုအကောင်းဆုံးဆိုတဲ့လက်ရာလေးတွေပဲပေးချင်တာ ကျွန်မရဲ့ good life ပါ

Daw Sein

တန်​ဆောင်တိုင်ပိတ်ရက်တွေရောက်ရင်လာကန်တော့ကြတဲ့သားသမီးတွေကိုကိုယ်လက်ရာကောင်းကောင်းချက်ကျွေးနိုင်ပြီဟင်းချက်နည်းဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်

Ma Su

ဟင်းချက်နည်းများစွာသိခွင့်ရလို့ ပိတ်ရက်မိသားစုဆုံကရင်လက်စွမ်းပြလို့ရပီ မိသားစုနဲ့သူငယ်ချင်းများကိုအကောင်းဆုံးတွေပဲကျွေးချင်တာကျွန်မရဲ့good life ပါ

Anonymous

ဆီမီး မီးပုံးပျံ စက္ကူ ပုံး အကြောင်းလေးများ ဖတ်ခွင့် ရတဲ့အတွက် လေ့လာခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင့် ဘာသာခြားတယောက်ဖြစ်ပေမယ့် သီတင်းကျွတ်ပွဲတော်ရောက်တုင်း လူကြီးမိဘ ဆရာတွေကန်တော့တဲ့ အလေ့အကျင့်လေးကို အရမ်း သဘောကျ အားကျရပါတယ်😍😍😍

Wah Wah

တတ်သည့်ပညာမနေသာအကျိုးရှိစွာ​ လေ့လာအသုံးးချတတ်ရမည်။

Related Posts