
အဖြစ်အပျက်တွေ မြန်ဆန်လှတဲ့ကမ္ဘာကြီးမှာ နေ့ရက်တိုင်း ပြည့်ပြည့်ဝဝရှင်သန်နိုင်ဖို့အတွက် စိတ်ကျန်းမာရေးဟာ အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာ လူအများအပြား သိရှိနားလည်ပြီး လက်ခံလာကြပါပြီ။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေဖို့အတွက် အလေ့အကျင့်ကောင်းတွေမွေးမြူခြင်းကလည်း ထိရောက်တဲ့ ကနဦးခြေလှမ်းတွေဖြစ်ပါတယ်။
စိတ်ခွန်အားတွေပေးနိုင်ပြီး နေ့ရက်တိုင်း အကောင်းဆုံးရှင်သန်နိုင်စေဖို့ City Mart Holding နဲ့ AIA Myanmar တို့ ပူးပေါင်းတင်ဆက်ထားတဲ့ အလေ့အကျင့်ကောင်းတစ်ချို့ကို လေ့လာကြည့်ရအောင်။

ကျေးဇူးတင်တဲ့အလေ့အကျင့်ကို မွေးမြူပါ
တစ်နေ့တာအတွင်း ရရှိခဲ့တဲ့ အခွင့်အလမ်း၊ အတွေ့အကြုံအသစ်တွေကို အသိအမှတ်ပြု၊ တန်ဖိုးထားတတ်တဲ့ အလေ့အကျင့်ကို မွေးမြူပါ။ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့ မိမိကိုယ်ကို ကျေးဇူးတင်ကြောင်းကို တစ်နေ့တာရဲ့အဆုံးမှာ မှတ်စုစာအုပ်ထဲရေးမှတ်ထားပါ။

ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
ကိုယ်လက်လှုပ်ရှားခြင်းက Endorphins ဟော်မုန်းကို လှုံ့ဆော်ပေးတဲ့အတွက် စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတွေကို လျော့ကျစေပါတယ်။ ယောဂလေ့ကျင့်ခြင်း၊ ကခုန်ခြင်း အစရှိတဲ့ ချွေးထွက်ပြီး ခန္ဓာကိုယ်ပေါ့ပါးစေမဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်မျိုးမျိုးကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

အိပ်ရေးဝဝအိပ်ပါ
တစ်နေ့အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီကြား အိပ်စက်ခြင်းဟာ တစ်နေ့တာလုံး အကောင်းဆုံးဖြတ်သန်းနိုင်စေဖို့ ခွန်အားတစ်ခုပဲဖြစ်ပါတယ်။ သက်သောင့်သက်သာရှိတဲ့ အိပ်ရာခင်းအသုံးအဆောင်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အရည်အသွေးကောင်းတဲ့ အသုံးအဆောင်တွေ လိုအပ်တယ်ဆိုရင်တော့ City Mart ၊ Ocean Supercenterနဲ့ Marketplace by City Mart တို့မှာ ဝယ်ယူနိုင်ပါတယ်။
City Mart Holding ရဲ့ ပါဝင်ပံ့ပိုးမှုများ
စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေစေဖို့ အခြေခံလိုအပ်ချက်တွေထဲကတစ်ခုဖြစ်တဲ့ အရည်အသွေးကောင်းမွန်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အသုံးအဆောင်၊ စားသောက်ကုန်ပစ္စည်းတွေကို လူအများလက်လှမ်းမီအောင် လုပ်ဆောင်ပေးလျက်ရှိပါတယ်။ City Mart Holding အနေနဲ့ အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ရောင်းချပေးရုံသက်သက်မဟုတ်ဘဲ အကောင်းဆုံးရှင်သန်နေထိုင်နိုင်ဖို့ အရည်အသွေးပြည့်မီတဲ့ ရွေးချယ်မှုတွေကိုလည်း ပံ့ပိုးပေးလျက်ရှိပါတယ်။
AIA Myanmar ရဲ့ ပါဝင်ပံ့ပိုးမှုများ
“ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်သောဘဝ” ကို လူအများလက်လှမ်းမီစေရေး ရည်ရွယ်ချက်နဲ့အညီ AIA Myanmar ရဲ့ အသက်အာမခံ၊ ကျန်းမာရေးအာမခံတွေဟာ အနာဂတ်အတွက် စိတ်လုံခြုံမှုကိုပေးစွမ်းနိုင်ပါတယ်။ ငွေကြေးကြောင့် ဖြစ်လာနိုင်တဲ့ စိုးရိမ်ပူပန်မှုတွေ၊ မမျှော်မှန်းနိုင်တဲ့အရာတွေနဲ့ ဆုံးရှုံးနိုင်ခြေကို ထိထိရောက်ရောက်လျှော့ချပေးနိုင်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေတဲ့အပြင် နေ့ရက်တိုင်းမှာ အကောင်းဆုံးရှင်သန်နိုင်ဖို့ ခွန်အားတွေဖြစ်စေပါတယ်။
AIA Myanmar ရဲ့ အာမခံတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုတယ်ဆိုရင် https://www.aia.com.mm/mm/index.html မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
Comments