
လူတိုင်းမှာ မတူညီတဲ့ အဖြေအမျိုးမျိုး ရှိကြမှာပါ။ မိသားစု၊ ချစ်ခင်ရသူ နှင့် အလုပ်အကိုင် စသဖြင့် အမျိုးမျိုးဖြေကြပေမယ့် အားလုံး သတိမပြုမိတဲ့အရာတစ်ခုရှိပါတယ်။ တကယ်က လူတိုင်းရဲ့ဘဝမှာ အရေးကြီးဆုံး အရာဟာ ကျန်းမာရေးပဲဖြစ်ပါတယ်။ ကျန်းမာနေမှ ကိုယ်ချစ်တဲ့သူတွေကို စောင့်ရှောက်နိုင်မယ်။ ဝါသနာပါတဲ့ အရာတွေကိုလည်း အကောင်အထည်ဖော်နိုင်မယ်။ ဒါကြောင့် ကျန်းမာရေးကို အမြဲဂရုစိုက်ရမယ်နော်။

ကျန်းမာအောင် ဘယ်လိုနေထိုင်ကြမလဲ
စိတ်ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးဟာ အပြန်အလှန် အမှီပြုနေကြတဲ့အတွက် စိတ်ရောကိုယ်ပါ ကျန်းမာအောင် ဂရုစိုက်ဖို့လိုပါတယ်။ ဒါကြောင့် ဆုတောင်းစကားတွေမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေလို့ ဆိုကြတာပါ။ မိမိစိတ်ကို အဆိပ်အတောက် ဖြစ်စေမယ့် လူမှုပတ်ဝန်းကျင်ကို စွန့်ခွာပြီး အကောင်းမြင်စိတ်များတဲ့ ရပ်ဝန်းမှာ နေထိုင်ပါ။
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ အာဟာရမျှတစွာ စားသောက်ခြင်း၊ ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ရှောင်ရှားခြင်း၊ နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်း အစရှိတဲ့ အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးခြင်းဖြင့် ကျန်းမာကြံ့ခိုင်အောင် နေထိုင်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခြင်း၊ ကျန်းမာရေးအာမခံများ ပိုင်ဆိုင်ထားခြင်းတို့က မမျှော်လင့်ထားတဲ့ အခြေအနေများမှာ စိတ်အေးချမ်းမှုကို ပေးနိုင်ပြီး ငွေကြေးပူပန်မှုကို လျှော့ချပေးမှာပါ။

ကျန်းမာတဲ့အနာဂတ်မှာနေထိုင်ပါ
ကျန်းမာအောင်နေထိုင်ခြင်းက ခဏတာဆောင်ရွက်လို့ရတဲ့ အရာမဟုတ်ဘဲ ခရီးရှည်တစ်ခု ဖြစ်ပါတယ်။ အချိန်တွေ ပြောင်းလာတာနဲ့အမျှ ကျန်းမာရေးကို ပိုမိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးကို ဦးစားပေးခြင်းဟာ စစ်မှန်တဲ့ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုတို့ ပြည့်နှက်နေတဲ့ အနာဂတ်တစ်ခုကို ကြိုတင် ရင်းနှီးမြှုပ်နှံလိုက်ခြင်းပါ။
ဒါ့အပြင် AIA Myanmar နဲ့ City Mart တို့ကလည်း ကျန်းမာပြီး ပျော်ရွှင်တဲ့ဘဝများကို ပိုင်ဆိုင်နိုင်ဖို့ သင့်ကို အမြဲကူညီပေးသွားမှာဖြစ်ပါတယ်။ ယနေ့မှစပြီး ကျန်းမာတဲ့အလေ့အကျင့်များကို စတင်လုပ်ဆောင်လိုက်ရအောင်။ အနာဂတ်မှာ သင့်ကိုယ်သင် ကျေးဇူးတင်မိမှာ သေချာပါတယ်။
Comments