ဂီတဟာ လူတစ်ယောက်ရဲ့ စိတ်ကို ဘယ်လို လွှမ်းမိုးနိုင်သလဲ

Posted in ကျန်းမာရေး, စိတ်ကျန်းမာရေး

ဘဝရဲ့အခက်အခဲများက ရံဖန်ရံခါ ကျွန်ပ်တို့ကိုအားအင်ကုန်ခမ်းစေပြီး မလိုအပ်တဲ့စိတ်ဖိစီးမှုတွေဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ကိုယ့်စိတ်ကို အလွယ်တကူ ဖြေလျော့ပေးနိင်တဲ့ နည်းလမ်းတစ်ခုရှိတယ်ဆိုတာ သိပါသလား? အဖြေကတော့ တေးဂီတသီချင်းပါပဲ။ သီချင်းနားထောင်ခြင်းက ဘယ်လိုနည်းနဲ့ စိတ်ဖိစီးမှုတွေဖြေလျော့ပေးပြီး ကြည်လင်တဲ့ စိတ်ခံစားမှုကို ပေးစွမ်းနိင်လဲ ဆိုတာဆက်ကြည့်ကြရအောင်။

သီချင်းတစ်ပုဒ်ရဲ့ လူ့စိတ်ပေါ်သက်ရောက်စေနိုင်တဲ့ အရာတွေကတော့

  • စိတ်ဖိစီးမှုတွေကိုဖြေလျှော့ပေးပါတယ် - ဂီတက နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကို လျော့ချပေးတာကြောင့် စိတ်ဖိစီးမှု ဟော်မုန်းတွေ ကျဆင်းစေပါတယ်။ ဒါ့အပြင် စိတ်ပူပန်မှုတွေလည်း ကင်းဝေးစေပြီး လက်ရှိအချိန်ကို အာရုံစိုက်နိင်အောင် ကူညီပေးပါတယ်။

  • စိတ်ပျော်ရွှင်စေပါတယ် -  သီချင်းသံတွေ အထူးသဖြင့် ရွှင်လန်းတဲ့ဂီတသံတွေက စိတ်ကို ပျော်ရွှင်စေရုံသာမက အားအင်တွေပါ ပေးစွမ်းနိင်ပါတယ်။

  • ကောင်းကောင်းအနားယူစေပါတယ် -  ဂီတဟာ ကိုယ့်ရဲ့ စိတ်နဲ့ကိုယ်ကို ငြိမ့်ငြောင်းစေပြီး အေးချမ်းတည်ငြိမ်အောင် ထောက်ပံ့ပေးတယ်။

  • စိတ်မကြည်မလင်ဖြစ်နေတဲ့အချိန်မှာလဲ အကူအညီပေးပါတယ် -  ဂီတက ကျွန်ပ်တို့ကို လုံခြုံစေပြီး အားပေးတဲ့ နေရာတစ်ခုကို ဖန်တီးနိုင်တယ်။

  • အခြားလူတွေနဲ့လဲ ချိတ်ဆက်ပေးပါတယ် -  ဂီတက လူပေါင်းစုံကို အတူတကွ ဆွဲဆောင်နိင်ပြီး အဖွဲ့အစည်းတစ်ခုဆိုတဲ့ ခံစားမှုမျိုးကိုလဲ ပေးစွမ်းပါတယ်။ ဒါ့အပြင် ဂီတက နားဆင်သူကို မိမိခံစားချက်ကို နားလည်စေတာကြောင့် မိမိကိုကိုယ် မိမိ ပိုပြီးလေ့လာနိင်ပါတယ်။

  • ဖန်တီးနိုင်စွမ်းကိုမြှင့်တင်ပေးနိုင်ပါတယ် - စစ်တမ်းတွေအရ မြူးကြွတဲ့သံစဥ်တေးသွား သီချင်းတွေကို နားထောင်ခြင်းက ဦးနောက်လှုံဆော်မှုကို ဖြစ်စေပြီး လွတ်လပ်စွာစဥ်းစားတွေးခေါ်တတ်ခြင်းနဲ့ တစ်မှုထူးခြားတဲ့ စိတ်ကူးစိတ်သန်းတွေကိုလည်း မွေးထုတ်ပေးနိုင်ပါသေးတယ်။

စိတ်ကျန်းမာရေးကို ဂီတနဲ့ မြှင့်တင်နိင်ဖို့ 

ဒီနည်းလမ်းလေးတွေက ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက် အထောက်အကူပြု နိုင်ပါတယ်။

  • သင့်အကြိုက်ဆုံးသီချင်းတွေကို တစ်နေရာတည်းစုစည်းထားပါ။ သီချင်းနားထောင်ချင်းက စိတ်ဖိစီးမှုလျော့ကျစေပြီး စိတ်ရွှင်လန်းစေပါတယ်။

  • အနားယူနေစဉ် သီချင်းနားထောင်ပါ။ ရေချိုးနေစဉ် စာဖတ်နေစဉ် ဒါမှမဟုတ် လမ်းလျှောက်နေစဉ် သီချင်းနားထောင်ခြင်းက စိတ်ကိုငြိမ့်ငြောင်းစေပါတယ်။

  • ဂီတတူရီယာတစ်ခုခု တီးခတ်သင်ယူပါ။ တူရိယာတီးခတ် သင်ယူခြင်းက ပျော်ဖို့ကောင်းသလို စိတ်ကျေနပ်ဖို့လည်း ကောင်းပါတယ်။ ဒါ့အပြင် စိတ်ကျန်းမာရေးကို တိုးတက်စေပြီး ဦးနှောက်ကိုလည်းဖွံဖြိုးစေပါတယ်။

  • ဂီတပွဲလမ်းတွေ တက်ရောက်ပါ။ ဂီတပွဲလမ်းတွေ တက်ရောက်ခြင်းက မိတ်ဆွေအပေါင်းအသင်း တိုးစေသလို စိတ်အပြောင်းအလဲပါ ဖြစ်စေပါတယ်။ 

ဒါကြောင့် စိတ်ဖိစီးနေတဲ့အချိန်တိုင်း ဖိစီးမှုတွေဖြေလျော့ဖို့ သီချင်းနားထောင်လိုက်ပါ။ စိတ်ပါရင် သင်ကိုယ်တိုင်ပါ လိုက်ဆိုနိင်ပါတယ်။ ဒါဆိုရင် ပိုပြီးတော့တောင်မှ သင့်ရဲ့စိတ် ခံစားမှုကို တိုးတက်စေမှာပါ။


Share

Comments

Kyaw Lwin Oo

အကောင်းဆုံး သီချင်း တွေထဲက အကောင်းဆုံးသီချင်း ပဲ ကြိုက်တာပါ။

နွယ်ဦးဝေ

ကျန်းမာရေးနဲ့ပက်သတ်ပြီးဂီတကိုတင်ပြထားပုံလေးကိုသဘောကျတယ်..ကိုယ်တိုင်လဲတေးချစ်သူတယောက်မို့ဘဝမှာဝမ်းနည်းစိတ်ပျက်စရာတွေကြုံလာတိုင်းဂီတနဲ့ဘဲဖြေဖျောက်တယ်..လူမှုပတ်ဝန်းကျင်မှာဂီတကမရှိမဖြစ်ပါ..

Myat Phou Ngon

တေးဂီတဆိုတာ လူသားတွေကို ပျော်ရွှင်မှုတွေ ဖန်တီးပေးတဲ့ နောက်ထပ်ကမ္ဘာတစ်ခုပဲ.စိတ်ဓာတ်ကျနေချိန်မှာ သူငယ်ချင်းကောင်းဖြစ်ပေးပြီး စိတ်ပျော်နေချိန်မှာလည်း ပိုပြီးမြူးကြွစေတယ်.တေးဂီတမှာဘာသာစကားဆိုတာမရှိဘူး.ဆောင်းပါးထဲက ကိုယ်မသိတဲ့ ဂီတနဲ့ပက်သက်ပြီး အကြောင်းရာတွေအများကြီးကို ထပ်သိရလို့ တကယ့်ကိုဗဟုသုတပဲ.

အေးမောင်

ဂီတဟာကျနော်အတွက်အကောင်းဆုံး Good life ပါ

အေးမောင်

ဂီတလောကဟာကျနော့်အတွက် Good life တခုပါ

AyeMaungpaul

Music is the best Good Life For Me

အေးမောင်

အခုလိုဂီတနဲ့ဆိုင်တဲ့ဆောင်းပါးတွေအများကြီးဖတ်ရသိရလို့ကျေးဇူးအများကြီးတင်ပါတယ်။ဂီတကိုကျနော်လည်းအရမ်းနှစ်သက်ပါတယ်။ဂီတကကျနော့်ကိုပြန်ပြီးrefresh ပြန်ပြန်ဖြစ်စေတယ်။မနက်အိပ်ယာထတိုင်းဂီတကိုနားထောင်ပြီးကိုယ်တိုင်လည်းဆိုဖူးတယ်။ဂီတဟာကျနော့်ဘဝအတွက် the best Good Life တခုပါ။

ShinshinKha

ကျန်းမာရေးမကောင်းတဲ့အခါစိတ်တိုတတ်ပါတယ်စိတ်ရှည်သည်းခံမှုလျော့နည်းလာတတ်ပါတယ်။အဲ့အချိန်မျိုးတွေမှာပေါက်ကွဲသံစဉ်ဖြစ်ဖြစ်သာယာငြိမ့်ညောင်းတဲ့တေးသံဖြစ်ဖြစ်ကိုယ်နှစ်သက်ရာနားဆင်လိုက်ရင်စိတ်ကိုလန်းဆန်းလာစေနိုင်ပါတယ်စိတ်လန်းမှကိုယ်ကျန်းမာရေးလည်းတဝက်သက်သာလာနိုင်ပါတယ်။

Memesoezin Meme

အလုပ်က စိတ်ပင်ပန်းနေချိန်မှာ The Good life က ကျန်းမာရေးဆောင်းပါးထဲက ဂီတရဲ့အရေးပါပုံကိုသိလိုက်ရပြီး သီချင်းလေးနားထောင်ရင်း ဘဝအမောတွေပြေခဲ့ရပါတယ်ရှင့်။Thanks #thegoodlife

Related Posts