
ကောင်းမွန်တဲ့ကျန်းမာရေးဆိုတာ လူတိုင်းရဲ့ ဘဝမှာ ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေအားလုံးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အဓိကလိုအပ်တဲ့အရာတစ်ခုပါ။
ဒါဟာ ရေတိုလုပ်ဆောင်ရမှာမဟုတ်ဘဲ ဘဝတစ်လျှောက်လုံး အကောင်အထည်ဖော်ရမဲ့ ခရီးစဉ်တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာကျန်းမာဖို့သာမက၊ စိတ်ကျန်းမာရေး၊ ကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်း၊ အလုပ်အကိုင်၊ ငွေကြေးစီမံခန့်ခွဲမှုစတဲ့ ဘက်ပေါင်းစုံက လုပ်ဆောင်မှုသာ ကျန်းမာသုခခရီးစဉ်ကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ပြီးပြည့်စုံတဲ့ကျန်းမာခြင်း သို့မဟုတ် ကျန်းမာသုခကို ပိုင်ဆိုင်ဖို့ ဘာတွေလိုအပ်လဲ
ပြီးပြည့်စုံတဲ့ကျန်းမာရေးကို ပိုင်ဆိုင်ဖို့ လူတိုင်းမှာ မတူညီတဲ့ ချဉ်းကပ်မှုတွေရှိကြပြီး မိမိနဲ့ကိုက်ညီမှုရှိတဲ့ အချက်တွေကို လုပ်ဆောင်သင့်တယ်လို့လည်း ပညာရှင်များကို အကြံပေးထားပါတယ်။ ဥပမာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးသင့်တယ်ဆိုတာ အားလုံးသိရှိကြပေမဲ့ ဒီအစားအစာတွေကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့ဆိုတာ လူတိုင်းရဲ့ ရည်ရွယ်ချက်တော့ မဟုတ်ပါဘူး။ ကယ်လိုရီအကန့်အသတ်နဲ့ စားသုံးတာထက် တစ်နေ့တာလုံး ခွန်အားပြည့်ဝနေစေဖို့ ဒါမှမဟုတ် စိတ်ပျော်ရွှင်စေဖို့အတွက် ဦးစားပေးကြတဲ့ စားသုံးသူတွေလည်း ရှိကြပါတယ်။
လူသိများတဲ့ သုသေသီတစ်ဦးဖြစ်သူ Dr. Margaret Swarbrick ရဲ့ Eight Dimensions of Wellness model အရ ပြီးပြည့်စုံတဲ့ကျန်းမာရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက ကောင်းမွန်တဲ့ စိတ်ခံစားချက်၊ အသိပညာ၊ လူမှုရေး၊ စိတ်စွမ်းအင်၊ အသက်မွေးဝမ်းကျောင်း၊ သဘာဝပတ်ဝန်းကျင်နဲ့ ငွေကြေးစီမံခန့်ခွဲမှုတို့ ရှိဖို့ လိုအပ်ကြောင်း ထောက်ပြထားပါသေးတယ်။

ငွေကြေးစီမံခန့်ခွဲမှုနဲ့ ကျန်းမာသုခတို့ကြား ပတ်သက်ဆက်နွယ်ပုံ
ငွေကြေးကိစ္စအဝဝဟာ ဘဝရပ်တည်ရှင်သန်ရေးဖို့အတွက် ကဏ္ဍများစွာနဲ့ ချိတ်ဆက်နေပါတယ်။ ဒီလိုအရေးကြီးတဲ့ ငွေကြေးကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်မယ်ဆိုရင် စိတ်ပူပန်မှုတွေကို လျှော့ချပေးနိုင်ပြီး ပြီးပြည့်စုံတဲ့ကျန်းမာရေးအတွက် မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းနိုင်မှာပါ။
ထိရောက်ပြီး အရေးပါတဲ့ ငွေကြေးစီမံခန့်ခွဲမှုတစ်ခုကတော့ မမျှော်မှန်းနိုင်တဲ့အရာတွေအတွက် ငွေကြေးဆုံးရှုံးမှုတွေကို မဖြစ်လာစေဖို့ အာမခံအကာအကွယ်တွေကနေတစ်ဆင့် တားဆီးကာကွယ်ခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် မိမိရဲ့ ကျန်းမာရေးအတွက် (ဥပမာ ကင်ဆာလိုမျိုး ပြင်းထန်ရောဂါ ဖြစ်ခဲ့ပါက)၊ အနာဂတ်အတွက် (ဥပမာ ထာဝရ မသန်စွမ်းဖြစ်ခဲ့ပါက) အပါအဝင် ချစ်ရတဲ့မိသားစုအတွက် (ဥပမာ ရုတ်တရက်သေဆုံးခဲ့ပါက) မဖြစ်ခင်ကတည်းက အကာအကွယ်ရယူထားသင့်ပါတယ်။ AIA Myanmar ရဲ့ အသက်အာမခံနဲ့ ကျန်းမာရေးအာမခံအကြောင်းကို http://bit.ly/4lVNteT မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။
AIA Myanmar အနေနဲ့ ငွေကြေးအကာအကွယ်ပေးခြင်းသက်သက်မဟုတ်ဘဲ အကာအကွယ်ထားရှိသူ Member တိုင်းရဲ့ ပြီးပြည့်စုံတဲ့ကျန်းမာရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်း၊ Mental Consultation၊ အားကစား၊ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာကဏ္ဍများအတွက် မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ အကျိုးခံစားခွင့်တွေ ယူဆောင်ပေးလျက်ရှိပါတယ်။
ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝကို ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Comments